Home

Wednesday, September 18, 2013

လူသားဝါဒထွန်းကားမှသာ ဒီမိုကရေစီစနစ် ရှင်သန်မယ်။

နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီစနစ်ကိုတည်ဆောက်ချင်တယ်ဆိုရင် 
လူသားဝါဒထွန်းကားဖို့လိုတယ်။ 
လူသားဝါဒထွန်းကားမှသာ ဒီမိုကရေစီစနစ် ရှင်သန်မယ်။
ရေရှည်တည်တံ့နိုင်မယ်။
လူသားဝါဒထွန်းကားဖို့ လူတစ်ယောက်နဲ့တစ်ယောက်ကြား၊ 
လူမျိုးစုတစ်စုနဲ့တစ်စုကြား၊ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခုနဲ့ တစ်ခုကြား အမုန်းတရားတွေ၊ အာဃာတတွေ၊ မနာလိုမှုတွေ ကင်းဝေးပြီး တန်းတူညီမျှအခွင့်အရေးရှိဖို့လိုအပ်တယ်။ လူတိုင်းကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိဖို့ လိုအပ်တယ်။

ဒေါ်စုခင်ပွန်း ပရော်ဖက်ဆာမိုက်ကယ်အဲရစ် ရဲ့ပုံရိပ်လွှာ


သြော် ဒီလမ်းပေါ်မှာလျှောက်တတ်သူတစ်ဦး၊ မြန်မာပြည်ကို လွမ်းနေတဲ့၊မြန်မာပြည်က ချစ်တဲ့သူကို လွမ်းနေတဲ့ သူတစ်ဦးဟာ ကုလားအုတ်စီးကရက်ကို တလိပ်ချင်းဆက်ဖွာရှိုက်ရင်း လိပ်ပြာလွင့်နေတဲ့ သူတစ်ယောက်လို ဟောဒီ လမ်းမပေါ်မှာ လျှောက်လာတတ်တာ စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျွန်မ မြင်ယောင်မိပါပြီ။ တိဗက်ယဉ်ကျေးမှု ကျွမ်းကျင်ပညာရှင်စိန့်အန်တိုနီကောလိပ်(St Antony’s College) ရဲ့ 
အဲဒီ ပရော်ဖက်ဆာဟာ ဒီလမ်းပေါ်မှာ မြန်မာပြည်သူ ကျွန်မနဲ့ ဆုံရင်တော့ သတိဝင်လာသလို ဝမ်းသာအားရ ယဉ်ကျေးလှစွာ၏ နှုတ်ဆက်ရှာရဲ့။

ငြိမ်းချမ်းသာယာနေမှာပါ။

ဘယ်လူမျိုးပဲဖြစ်ဖြစ် 
ဘယ်ဘာသာပဲကိုးကွယ်
လူရယ်လို့ဖြစ်လာရင်
လူ့အသိုင်းအ၀ိုင်း၊
လူ့ပတ်ဝန်းကျင်၊
လူ့အဖွဲ့အစည်းအတွင်းမှာ
လူသားတွေရဲ့ ကောင်းကျိုးကိုမျှော်တွေးပြီး၊
မိမိကိုယ်တိုင်လည်း မကောင်းမှုတွေကနေ ရှောင်မယ်
တပါးသူတွေကိုလည်း မကောင်းမှုကနေ ရှောင်ရှားဖို့လမ်းညွှန်မယ်
မိမိကိုယ်တိုင်လည်း ကောင်းမှုတွေကို ဆောင်မယ်
တပါးသူတွေကိုလည်း ကောင်းမှုတွေဆောင်ဖို့ တိုက်တွန်းမယ်
မကောင်းမှုရှောင် ကောင်းမှုဆောင်ပြီး
တစ်ဦးကိုတစ်ဦးဖေးမကူညီ ပြုပြင်ပေးရင်း
လူ့ဘောင်ဘ၀ ကောင်းကျိုးတွေအတွက်ထမ်းရွက်ကြမယ် ဆိုရင်
လူ့ဘောင်လောကကြီးတစ်ခုလုံး
ငြိမ်းချမ်းသာယာနေမှာပါ။

မာလာလာပြောခဲ့သောမိန့်ခွန်း

 
ကုလသမဂ္ဂလူငယ်ညီလာခံ၌ ပါကစ္စတန်နိုင်ငံမှ ကျောင်းသူလေး မာလာလာပြောခဲ့သောမိန့်ခွန်းမှ 
အစ်ကိုတို့ အစ်မတို့ရှင့်။  
သမီးဟာ ဘယ်သူ့ကိုမှရန်မလိုပါဘူး။  
တာလီဘန်တွေကို လက်စားချေလိုတဲ့စိတ်လည်းမရှိပါဘူး။အကြမ်းဖက်သမားအုပ်စုတွေကိုလည်း ဆန့်ကျင်ရန်ပြုတဲ့စိတ်မရှိပါဘူး။သမီး ဒီမှာ ကလေးတိုင်းပညာသင်ကြားခွင့် ရရေးကိုပဲ ပြောဆိုမှာဖြစ်ပါတယ်။

နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်းတစ်ခုပါပဲ။

ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်းတစ်ခုပါပဲ။
တိုင်းပြည်နဲ့ပြည်သူလူထုတစ်ရပ်လုံးရဲ့အကျိုးကိုလိုလားတဲ့
နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးသမားတိုင်းက 
လက်တွေ့မကျ ခေတ်နောက်ကျတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊
ကျဉ်းမြောင်းတဲ့ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေဆုပ်ကိုင်ထားနေမယ့်အစား 
မိမိတို့ကိုယ်မိမိတို့ သုံးသပ်ဆင်ခြင်ပြီး၊ 
မိမိတို့ကိုယ် မိမိတို့ ပြုပြင်ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။ 
လူမျိုးရေး ဘာသာရေးအစွန်းမရောက်စေဘဲ၊ 
လူမျိုးရေး ဘာသာရေးစွက်ဖက်မှုကင်းတဲ့ 
လူမှုအဖွဲ့အစည်းဖြစ်အောင်ကြိုးစားကြဖို့ လိုအပ်သလို 
လူမျိုးရေး ဘာသာရေးစွက်ဖက်မှုကင်းတဲ့
နိုင်ငံရေးဖြစ်အောင်ကြိုးစားကြဖို့ လိုအပ်ပါတယ်။

Daw Suu's Speeches of Europe Trips (Poland,Hungary)








# တော်တော်များများက ကျမတို့ကို ဒီမိုကရေစီရသွားပြီလို့ထင်နေကြတယ်။ မမှန်ပါဘူး။အဝေးကြီး အဝေးကြီး လိုပါသေးတယ်။ အကောင်းမြင်လွန်းနေကြပုံပဲ။# မြန်မာအစိုးရကသာဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ်ထောက်ခံအားပေးမှုမရှိခဲ့ရင်စစ်မှန်တဲ့ဒီမိုကရေစီ ဆိုတာသူတို့ လိုချင်တဲ့အရာမဟုတ်ဘူးလို့ ကျွန်မတို့ ကောက်ချက်ချနိုင်ပါတယ်။

Monday, September 2, 2013

(ဆာလံ ၃၇း ၉-၁၁။ သမ္မာကျမ်းစာ)

အဆိုးပြုကျင့်သောသူတို့သည် ပယ်ရှားခြင်းခံကြရလိမ့်မည်။
စိတ်နှိမ်ချသောသူတို့မူကား ပြည်တော်ကိုအပိုင်ရ၍ များပြားသော ငြိမ်သက်ခြင်းချမ်းသာ၌ မွေ့လျော်ကြရလိမ့်မည်။
(ဆာလံ ၃၇း ၉-၁၁။ သမ္မာကျမ်းစာ)