
ဟိုဂိုဏ်း သည်ဂိုဏ်း စသည်စသည်ဖြင့်အမျိုးမျိုး ခွဲကြပြန်တယ်။ လူမျိုးတူပြန်ရင်လည်း ခေါင်းစဉ် အမျိုးမျိုးနဲ့ ခွဲခြားကြပြန်တာပါပဲ။ ဒါပေမယ့် ခွဲခြားသူတွေ မသိလိုက် မမြင်လိုက်ကြတာတော့ လူဆိုတာ လူဆိုတဲ့ ဘုံတူညီမှူတစ်ခုပေါ်မှာ ရှင်သန်ပေါက်ဖွားလာတယ်ဆိုတာပါပဲ။ အဓိကကတော့ သူ့အယူအဆ ကိုယ့်အယူအဆ အပြန်အလှန် လေးစား တစ်ဦးနဲ့တစ်ဦး လူသားဖြစ်မှူဆိုတဲ့ ဘုံတူညီချက်ကို လက်ကိုင်ထားကြရမှာပါ။ အမြင်မတူတာတွေကို ဖလှယ်၊ အတိုက်အခံလုပ်ချိန်မှာလုပ် ပြန်ပေါင်းချိန်မှာပြန်ပေါင်း ကြရမှာပါ။ ထာဝရ ကိုက်နေမယ် ဆိုရင်တော့ လူမဟုတ် ခွေးဖြစ်မှာ သေချာပါတယ်။
မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ