
ကျွန်တော်တို့တိုင်းပြည်မှာ ကိုယ်ကျိုးရှာသမားတွေက မိမိကိုယ်ကျိုးအတွက် အသုံးချချင်လာရင်၊ ပြဿနာတွေ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေ ဖန်တီးတော့တာပဲ။
ပြဿနာတွေ ပဋိပက္ခတွေဖန်တီးဖို့ လှုံ့ဆော်တဲ့အခါမှာလည်း အစ္စလာမ်ဘာသာဝင်မုစ်လင်မ်တွေနဲ့ ဗုဒ္ဓဘာသာဝင်မြန်မာတွေကို ရန်တိုက်ပေးတဲ့အစဉ်အလာက ပုံသေနည်းတစ်ခုလိုဖြစ်နေတယ်။
အခုလို ခေတ်ပြောင်းစနစ်ပြောင်း၊ ဒီမိုကရေစီကိုပြောင်းလဲဖော်ဆောင်နေတဲ့အချိန်မှာ ဒီလို ပြဿနာတွေ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေ ဖန်တီးနေတာမျိုးမရှိသင့်တော့ပါဘူး။
လှုံ့ဆော်တဲ့သူတွေ ဖန်တီးတဲ့သူတွေရှိနေတယ်ဆိုရင်လည်း လူမျိုးအသီးသီး ဘာသာအသီးသီးနိုင်ငံသားတွေက ပူပေါင်းဆန့်ကျင်ရမယ်။ ပူပေါင်းဖော်ထုတ်ရမယ်။
အခုတော့ဗျာ..ပူပေါင်းဆန့်ကျင်ဖော်ထုတ်ရမယ့်အစား ၀ိုင်းပြီးဘေးတီးပေးနေတာတွေ၊ အားပေးအားမြှောက်ပြုနေတာတွေ၊ မီးလောင်ရာလေပင့်စကားလုံးတွေနဲ့ ဖွနေတာတွေဟာ ဥဏှောက်နည်းတဲ့အလုပ်တွေပါ။
ရထားတဲ့ ဒီမိုကရေစီအငွေ့အသက်လေးပါဆုံးရှုံးသွားအောင်မလုပ်ကြပါနဲ့ဗျာ။ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဆင်ခြင်ကြပါဗျာ။ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ်ကိုးကွယ်ကြရင်း နိုင်ငံသားအချင်းချင်း သဟဇာတဖြစ်တဲ့ လူ့ဘောင်ကို ပူးပေါင်းတည်ဆောက်ကြပါစို့။ ။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)