နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်တည်ငြိမ်ဖို့ဆိုတာ လူထုရဲ့ နိုင်ငံရေးစနစ်နဲ့ အစိုးရကို ယုံကြည်မှု အပေါ်မူတည်ပါတယ်။ လူထုနဲ့အစိုးရအကြား ယုံကြည်မှု မတည်ဆောက် နိုင်ရင် အစိုးရအနေနဲ့ အာဏာကိုတည်မြဲအောင်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်ထိန်းသိမ်းဖို့ခက်ခဲနိုင်တယ်။ ဒီအချက်က ဒီမိုကရေစီဖော်ဆောင်ရေးမှာ အရေးပါ ပါတယ်။
ဒီမိုကရေစီအစိုးရလို့ အော်နေတဲ့အစိုးရ ကိုယ်တိုင်က ဒီမိုကရေစီစနစ်ကို မလေးစား၊ တန်ဖိုးမထား၊ ဒီမိုကရေစီကို နားလည်ယုံကြည်မှုမရှိဘဲ
အကျင့်ပျက်ခြစား၊ဘက်လိုက် အုပ်ချုပ်နေလျင် လူထုက ဒီမိုကရေစီအစိုးရလို့ ယုံကြည်မှာ မဟုတ်ဘူး။
အစိုးရကို အယုံအကြည်မရှိလျင် လူထုက တိုင်းပြည်အတွက် အပြုသဘောဆောင်တဲ့ အကြံဥာဏ်များဖြင့် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြမယ့်အစား အဖျက်သဘော ဆောင်တဲ့ ဆန့်ကျင်ဖက်စိတ်ဓာတ်တွေတိုးပွားပြီး ဆူပူမှု၊ အကြမ်းဖက်မှုတွေ များပြားကာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားနိုင်ပါတယ်။
ဒါကြောင့် အစိုးရအပေါ် လူထုရဲ့ယုံကြည်မှုစိတ်ထားဟာ အုပ်ချုပ်နေတဲ့
အစိုးရအပေါ်မှာသာ မူတည်ပါတယ်။
လူထုကောင်းကျိုးဆောင်ရွက်ပေးနိုင်တဲ့အစိုးရမျိုး၊ ဒီမိုကရေစီဖော်ဆောင်ဖို့ အားကိုး အားထားပြုနိုင်တဲ့အစိုးရမျိုး ပေါ်ပေါက်သင့်တယ်။
လူထုကလည်း မိမိတို့ ကောင်းကျိုးဖော်ဆောင်ပေးမယ့်အစိုးရလို့ လက်ခံယုံကြည် လာရင် အစိုးရအပေါ်သစ္စာခံလာမှာဖြစ်ပြီး အစိုးရအပေါ်အပြုသဘောဆောင် ပူးပေါင်းလာမှာဖြစ်သလို အစိုးရကို လက်ခံလာမှာဖြစ်တယ်။ လူထုလက်ခံမှ အစိုးရ တည်မြဲမယ်။ တိုင်းပြည်လည်း တည်ငြိမ်အေးချမ်းမယ်။
____________________________________
m y O e w y n n _ 2 3 . 9 . 2 0 1 4