ကူရာကယ်ရာမဲ့နေတဲ့ ပြည်သူတွေကို လုံခြုံမှုရှိအောင် ကာကွယ်ပေးရမယ်။
လူမှုရေး ငြိမ်းချမ်းတည်ငြိမ်မှုတွေမရှိရင
ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြမှာ မဟုတ်ဘူး။
အပြစ်မဲ့တဲ့ ပြည်သူတွေကို အကြောက်တရား အောက်မှာ ဘယ်နည်းနဲ့မှမနေစေသင့်ဘူး''
“အငြင်းပွားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီနည်းလမ်းကျဖြေရှင်းဖို့အတွက် ဥာဏ်ပညာ လိုတယ်။ ခွဲခြားဆက်ဆံတာတွေ၊ နှိပ်ကွပ်တာတွေကို လူမှုရေးနဲ့ နိုင်ငံရေးကဏ္ဍတိုင်းက
ခေါင်းဆောင်တွေက အတူတူ ဆန့်ကျင်ဖို့လည်းလိုတယ်”
“လွှတ်တော်နဲ့ သမ္မတကြား၊ နိုင်ငံရေးပါတီများ၊ ပြည်သူတွေနဲ့ စစ်တပ်အပါအဝင် အုပ်ချုပ်ရေး
အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုမရှိဘဲ အောင်မြင်တဲ့ ဒီမိုကရေစီစနစ်တရပ် ဖြစ်လာမှာမဟုတ်ဘူး။ ယုံကြည်မှုမရှိရင် ဘာတွေဖြစ်လာမယ်ဆိုတာကို ကျမတို့ မြင်တွေ့ခဲ့ပြီးပြီ”
''အခက်အခဲတွေကြားမှာ အမေရိကန်ပြည်ထောင်စု လွတ်မြောက်ပြီး ရှင်သန်လာတာဟာ
ကျမတို့ရဲ့ အမှားတွေကနေ ကျမတို့ သင်ယူနိုင်ခဲ့ပြီး ဒီမိုကရေစီရဲ့ ကတိကဝတ်တွေဖြစ်တဲ့ တူညီတဲ့အခွင့်အရေး အခွင့်အလမ်းတွေနဲ့အညီနေထိုင်နို
''မြန်မာနိုင်ငံရှိ မွတ်စလင်များကို ဦးတည်တိုက်ခိုက်နေသည့် နေအိမ်များ ဗလီများကို မီးရှို့ ဖျက်ဆီးခြင်း၊ ဘာသာရေး စာသင်ကျောင်းများကို တိုက်ခိုက်ခြင်း၊ လူ့အသက်ဆုံးရှုံးရသည့် သတင်းများကို ကမ္ဘာက တွေ့မြင်ခဲ့ရပြီး ထိုကဲ့သို့ ဘာသာရေး လူမျိုးရေးကို အခြေခံ၍ အကြမ်းဖက်သည်ကို မိမိကဲ့သို့ပင် မည်သည့် ပြည်သူများကမျှ လက်ခံမည်မဟုတ်သည်ကို
မိမိအနေဖြင့် ယုံကြည်သည်''
“ဒီမိုကရေစီအတွက် အဓိကစိန်ခေါ်မှုတခုက မတူညီတဲ့ တိုင်းရင်းသား၊ ကိုးကွယ်ရာဘာသာနဲ့
သာသာစကားတွေဟာ စည်းလုံးညီညွတ်မှုအတွက် အခြေခံအုတ်ချပ်တွေဖြစ်ပြီး
အတားအဆီးတွေ မဟုတ်ဘူး”
(မယ်ဒလင်းအောဘရိုက်-အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း)
mmw.rasu_8.11.2013