Home

Monday, November 11, 2013

ဒီမိုကရေစီစနစ်မှာ

ကျုပ်တို့နိုင်ငံမှာ ပြဿနာတွေဖြစ်ဖြစ်၊ ပဋိပက္ခတွေဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်
စနစ်ကြောင့်၊ အစိုးရကြောင့်၊ အာဏာရှင်တွေကြောင့်၊
ခရိုနီတွေကြောင့်၊ ၀န်ထမ်းတွေကြောင့်၊
ဘာသာခြားတွေကြောင့်လို့ အပြစ်တင် နေကြတယ်။


အခု ကျုပ်တို့နိုင်ငံက ဒီမိုကရေစီစနစ်ဘက်ကို ဦးတည်ပြောင်းလဲနေပြီဆိုတော့
ဟိုလူ့ကြောင့် ဒီလူ့ကြောင့် လက်ညှိုးထိုးနေရမယ့်အချိန်အခါမဟုတ်တော့ဘူး။ လူတိုင်းမှာတာဝန်ရှိသလို ကိုယ်ကိုယ်တိုင်မှာလည်း တာဝန်ရှိတယ်။
ူတိုင်း အရည်အချင်းပြည့်မီဖို့လိုသလို
ကိုယ်ကိုယ်တိုင်လည်း အရည်အချင်းပြည့်မီဖို့လိုတယ်။
လူတိုင်းအကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ အတွေအခေါ် အယူအဆဟောင်းတွေ၊ နိမ့်ကျတဲ့စိတ်ဓာတ်တွေဖြစ်တဲ့ ဇာတိစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊
အုပ်စုစွဲ၊ အသားအရောင်စွဲစတဲ့ ဟိုအစွဲ ဒီအစွဲတွေ ပြင်ကြဖို့လိုသလို
ကိုယ်ကိုယ်တိုင်လည်း ပြင်ဖို့လိုတယ်။
ကိုယ့်ထက်သာရင် မနာလိုဖြစ်ပြီး မမှန်ကန်တဲ့နည်းလမ်းတွေ၊
အောက်တန်းနောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့
အနိုင်ယူချင်တဲ့စိတ်ဓာတ်တွေပြင်ဖို့လိုပြီ။
ဒီမိုကရေစီစနစ်မှာ လူ့ဗီဇ၊ လူသားဖြစ်တည်မှု လူသားဝါဒတွေအခြေခံတယ်ဆိုတာ
သဘောပေါက်ကြဖို့လိုပြီလို့ပြောချင်ပါတယ်။
mmw.rasu_30.10.2013