Home

Showing posts with label DASSK Speech. Show all posts
Showing posts with label DASSK Speech. Show all posts

Wednesday, September 18, 2013

Daw Suu's Speeches of Europe Trips (Poland,Hungary)








# တော်တော်များများက ကျမတို့ကို ဒီမိုကရေစီရသွားပြီလို့ထင်နေကြတယ်။ မမှန်ပါဘူး။အဝေးကြီး အဝေးကြီး လိုပါသေးတယ်။ အကောင်းမြင်လွန်းနေကြပုံပဲ။# မြန်မာအစိုးရကသာဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ်ထောက်ခံအားပေးမှုမရှိခဲ့ရင်စစ်မှန်တဲ့ဒီမိုကရေစီ ဆိုတာသူတို့ လိုချင်တဲ့အရာမဟုတ်ဘူးလို့ ကျွန်မတို့ ကောက်ချက်ချနိုင်ပါတယ်။

Monday, March 18, 2013

နိုင်ငံလုံးဆိုင်ရာညီလာခံ နောက်ဆုံးနေ့


ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုတာအင်မတန်မှ အဖိနှိပ်ခံခဲ့ရတဲ့   အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ ရဲ့ အမြင်မှာတော့ ကိုယ့်ယုံကြည်ချက်  အတွက် ကိုယ်အဖိနှိပ်ခံရတာကို ဂုဏ်ယူ ရမယ်။ ကျေနပ်ရမယ်။ ကိုယ့်ယုံကြည်ချက်   အတွက် ကိုယ်လုပ်တာကို ကျွန်မအမြင် မှာတော့ ကျွန်မဒီလမ်းလျှောက်တာ ကျွန်မလျှောက်ချင်လို့လျှောက်တယ်။ ကျွန်မယုံကြည်လို့ ကျွန်မရွေးတယ်။ ကျွန်မကို ဒီအတွက်ချီးမွမ်းစရာလည်း မလိုဘူး။ ကျေးဇူးတင်စရာလည်းမလိုဘူး။

နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဘယ် ငြိမ်းချမ်းရေးဆု လက်ခံရယူပြီး

ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင် ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်….
လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါက တခါတလေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျမ အောက်စဖို့မှာ နေနေတုန်း Desert Island Discsလို့ ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျမရဲ့သားငယ် အလက်ဇန္ဒားနဲ့ အတူတူ နားထောင်ခဲ့ဖူးတယ်။

ဝါးသင်္ခရွာက ဘောလုံးကွင်းမှာ(၁၁- ၂-၂၀၁၂)

ကျမဟာ ဒီရွာကို ပထမဦးဆုံးအကြိမ်လာတာဆိုပေမဲ့ နောင်လဲ မကြာခဏလာနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။ အခု ကျမတို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြန်လည်မှတ်ပုံတင်ပြီးတော့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လှုပ်ရှားလာတာဟာ အဓိက ပြည်သူတွေရဲ့တာဝန် တွေကို ထမ်းဆောင်ပေးချင်လို့ဖြစ်ပါတယ်။ ကျမတို့ ဒီရပ်ရွာ၊ ဒီဒေသမှာ ဘယ်လိုပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မလဲဆိုတာကို လေ့လာပြီးတော့ ကျမတို့နဲ့ ပြည်သူတွေနဲ့အတူ ကျမတို့ဖြစ်စေချင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကြိုးစားရမှာပါ။ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ကျမတို့ဟာ နတ်၊ သိကြားလည်း မဟုတ်ဘူး။

မြစ်ကြီးနားမြို့-(မိန့်ခွန်းကောက်နှုတ်ချက်)



(၁)အနှစ်၂၀ကျော်အတွင်း ပြည်သူတွေချီတက်ချင်တဲ့ ဒီမိုကရေစီလမ်းမှာရှိနေတဲ့ အတားအဆီးတွေကို တဆင့်ပြီးတဆင့်ဖယ်ရှားဖို့ ကြိုးစားခဲ့ရတာပါ။ ဒီကြိုးစားမှုမှာ အဖွဲ့ချုပ်နဲ့ ဒီမိုကရေစီလိုလားတဲ့အဖွဲ့အပြင် အခုဆိုရင် နိုင်ငံတော်သမ္မတကလည်း ၀ိုင်းဝန်းပြီး ဒီအထဲမှာ ပါဝင်လာလို့ ခရီးလမ်းတော်တော် ပွင့်လာပြီလို့ဆိုရမှာပါ။ လမ်းကပွင့်လာပြီဆိုပေမဲ့ လျှောက်ဖို့လိုပါသေးတယ်။ ဒီလမ်းကိုလျှောက်ဖို့ဆိုရင် အားလုံးကညီညွတ်ဖို့လိုတယ်။ အင်အားတောင့်တင်းဖို့လိုတယ်။ ကျွန်မအခုလာတဲ့ခရီးလမ်းမှာဆိုရင် ကလေးလေးတွေ အများကြီးတွေ့တယ်။

မိုးကောင်းမြို့-(မိန့်ခွန်းကောက်နှုတ်ချက် -၂)


ကျွန်မတို့ပြည်သူပြည်သားတွေတိုးတက်ဖို့ဆိုတာ လုပ်စရာတွေအများကြီးပါပဲ။ ကျွန်မက လွယ်လွယ်နဲ့ အဆင်ပြေသွားမယ်လို့ ကတိမပေးပါဘူး။ဒါဆိုရင် ပြည်သူကို စော်ကားရာရောက်ပါတယ်။ လွယ်လွယ် ကတိပေးတာ၊ စိတ်ထဲကမပါဘဲနဲ့ ပါးစပ်ပြောနဲ့ မဲလိုချင်လို့ပြောတာ ပြည်သူကိုစော်ကားရာကျပါတယ်။ မဲလိုချင်တာကတော့ အမှန်ပဲ။ ဒေါ်ခင်ကြည်ကို မဲပေးကြပါလို့ ဆော်သြမှာ အမှန်ပါပဲ။ မဲတောင်းတဲ့နေရာမှာ ကျွန်မ ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ်မတ်၊ မှန်မှန်ကန်ကန်နဲ့ တောင်းခံတာပါ။

မိုးကောင်းမြို့-(မိန့်ခွန်းကောက်နှုတ်ချက်-၁)


ဖေဖေါ်ဝါရီ ၂၃ ၊ ညနေ ၅နာရီခွဲ ယနေ့ မြစ်ကြီးနားမြို့ ရောက် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – စိုးဇေယျာထွန်း – Reuters)
ကျွန်မတို့ရောက်လာတာ အင်မတန်မှနောက်ကျပါတယ်။ ရန်ကုန်က လေယာဉ်ပျံထွက်တာနောက်ကျလို့ဖြစ်သွားတာပါ။ နောက်ကျပေမယ့်လည်း လာရကျိုး အများကြီးနပ်ပါတယ်။ ကျွန်မက မြို့သူမြို့သားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ (ဟေးးး)

လန်ဒန်ရောက် မြန်မာလူထုနဲ့ တွေ့ဆုံပွဲ


ဇွန် ၂၂၊ လန်ဒန်မှာ Prospect Burma က စီစဉ်ပေးတဲ့ မြန်မာလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲထဲက ပြောကြားချက်အချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။

“ဒီမှာရောက်နေတဲ့ မြန်မာနိုင်ငံက ထွက်လာတဲ့ ပြည်သူပြည်သားတွေနဲ့ တခြား ကမ္ဘာနိုင်ငံအသီးသီးမှာ ရောက်နေတဲ့ ပြည်သူပြည်သားတွေ ကျမတို့နိုင်ငံကို ဘယ်လိုပြန်ပြီးတော့ကူညီနိုင်မလဲ ဆိုတာ တစ်ယောက်ချင်း တစ်ယောက်က ကိုယ့်ရဲ့အရည်ချင်းအကိုဘယ်လို သုံးနိုင်မလဲဆိုတာမှာစဉ်းစားရမယ်။
 ကျမကို မေးတဲ့မေးခွန်းတစ်ခု ခဏခဏ ကျမကို မေးတဲ့မေးခွန်းတစ်ခုရှိပါတယ်။ ဒီချိန်မှာ မြန်မာနိုင်ငံကိုပြန်ဖို့အချိန်တန်ပြီလားတဲ့ ကျမအမြဲပြောတယ်။

လက်ပန်းတောင်းတောင်၊ကြေးစင်တောင်ဒေသခံများနှင့်တွေ့ဆုံပွဲ


  29.11.12     “ကျွန်မတို့နိုင်ငံက ဒီမိုကရေစီစနစ်ကို လျှာက်လှမ်းနေတယ်ဆိုပေမယ့် ဒီလမ်းဟာ အင်မတန်ခက်ခဲကြမ်းတမ်းပါတယ်။ဒီလမ်းဟာ ဖြူးဖြူးဖြောင့်ဖြောင့် လမ်းကြီးလည်းမဟုတ်ပါဘူး။ဒီလမ်းကိုလျှောက်ဖို့ဆိုတာ ကျွန်မတို့ပြည်သူလူထုမှာ တာဝန်တွေအများကြီးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ ကိုယ့်ရဲ့ကံကြမ္မာကိုယ် ပြည်သူလူထုတွေ ကိုယ်တိုင် ဆုံးဖြတ်ယူဖို့ပေးထားတဲ့စနစ်ပဲ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးယူနိုင်တယ်။ဆုံးဖြတ်နိုင်တယ်။ ထမ်းဆောင်ရမယ့်တာဝန်တွေလည်းအများကြီးရှိပါတယ်။အဲဒီတော့ ဒီမိုကရေစီရဲ့

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၊မကွေးမြို့

(အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၁၊ ၂၀၁၂)
 “ဘယ်တော့မဆို မှတ်ထားနော် အစိုးရသုံးသမျှဟာ နိုင်ငံပိုင် ပိုက်ဆံပဲ။ အစိုးရလုပ်ပေးလို့ဆိုပြီး ကျေးဇူးတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတရားဆိုတာ ကောင်းပါတယ်။ လုပ်ပေးချင်တဲ့ စေတနာအတွက် ကျေးဇူးတင်တာ မမှားပါဘူး။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေဆိုတာ မမေ့ပါနဲ့။

ကျမတို့ဟာ ပန်းတိုင် မရောက်သေးပါဘူး

ငြိမ်းချမ်းရေးကို မျက်ခြေမပြတ် စုပေါင်းအားထုတ်ခြင်းအားဖြင့် နိုင်ငံတိုင်း လူမျိုးတိုင်းကြားမှာ စည်းလုံးညီညွတ်မှု၊ ယုံကြည်မှုနဲ့ ချစ်ခင်ရင်းနှီးမှုတွေ ရရှိလာနိုင်တယ်။ လူသားသဘာဝမှာ အကောင်း အဆိုးတွေ ရှိနေပေမဲ့၊ အကောင်းတွေ အားကောင်းလာအောင်နဲ့ အဆိုးတွေ လျော့ပါးအောင် လုပ်နိုင်တာဟာ လူသားပဲဖြစ်တယ်။ 

‘ငြိမ်းချမ်းရေးဆိုတာအဆင်ပြေညီညွတ်မှုတွေကို ဟန့်တားနှောင့်ယှက်မယ့် အရာတွေ မရှိတော့ခြင်းကနေ ပေါ်ထွက်လာတဲ့ ပျော်ရွှင်မှု’

နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ အဆောက်အအုံတွင် ကျင်းပသော နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားသော မိန့်ခွန်းကောက်နှုတ်ချက်။

“နိုင်ငံရဲ့ အနာဂတ်အတွက် အတိတ်ကို သင်ခန်းစာယူရမယ့် အရာတခုအဖြစ် မြင်ပြီးတော့ အနာဂါတ်ကို တူတူလက်တွဲပြီးတော့ ချီတက်နိုင်မယ် ဆိုလို့ရှိရင် ကျမတို့ ပြည်သူပြည်သားများအတွက် အင်မတန်မှ အဆင်ပြေပါလိမ့်မယ်။

Oxford ဒေါက်တာ ဘွဲ့အပ်နှင်းခြင်း အခမ်းအနားမှ


ဒီနေ့ကတော့ကျမရဲ့ ဘ၀အစိတ်အပိုင်းများစွာ ပြန်ပေါင်းစပ်တဲ့နေ့ပါဘဲ………… ။   Oxford တက္ကသိုလ်ကြီးထဲက  St.Hugh ကောလိပ်ကျောင်းသူဘ၀နှစ်တွေ….၊ Oxford မြို့လေးက Park Town ရပ်ကွက်မှာ မိခင်တစ်ယောက်၊ ဇနီးတစ်ယောက်အနေနဲ့ နေခဲ့ရတဲ့ နှစ်တွေ …….၊  Oxford တက္ကသိုလ်ကြီးက ကျမဘက်က မဆိုင်းမတွန့် ရပ်တည်ပေးခဲ့တဲ့အကျယ်ချုပ်ကျနှစ်တွေ အားလုံးပါဘဲ ။

ဗြိတိန်ပါလီမန်မှာ- ဇွန် ၂၂၊ ၂၀၁၂


လွှတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -
ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား


ကျွန်မကဒေါက်တာဘွဲ့မရှိပါဘူး။ ဂုဏ်ထူးဆောင်ပေးတယ် ဆိုတာဟာ ဒေါက်တာဆိုတဲ့အသုံးအနှုန်းကို မသုံးသင့်ပါဘူး။ သုံးပိုင်ခွင့်မရှိပါဘူး။ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ရိုးရိုးဆက်ပြီးခေါ်သွားလို့ရပါတယ်။ ဒေါက်တာ အခေါ်ခံစေချင်ရင် စာမေးပွဲဖြေရတော့မလိုဖြစ်နေပြီ၊
အားလုံးဒီလို အာဇာနည်နေ့မှာသိုက်သိုက်ဝန်းဝန်းရောက်လာ
တဲ့အတွက် ကျွန်မ၀မ်းသာပါ တယ်။ ကျွန်မတို့ အာဇာနည်နေ့ ကျင်းပတယ် ဆိုတာဟာ

Tuesday, March 12, 2013

သည်းခံတယ်ဆိုတာ


သည်းခံတယ်ဆိုတာ မနိုင်လို့ လက်လျှော့ကြိတ်မှိတ်  သည်းခံတာလည်းရှိတယ်။
အကျိုးအမြတ် တစ်စုံတစ်ရာမျှော်လင့်လို့ သည်းခံတာလည်းရှိတယ်။
ကိုယ်ကမှန်နေပါလျက် ကိုယ်ဘက်က နိုင်နေပါလျက်
ငြိမ်းချမ်းမှုကို မြတ်နိုးလို့ လိုက်လျောပြီး သည်းခံတာလည်းရှိတယ်။
မယှဉ်ချင်လို့ သည်းခံတာလည်းရှိတယ်။

Saturday, March 9, 2013

အနာဂါတ်ကို တူတူလက်တွဲပြီးတော့




“နိုင်ငံရဲ့ အနာဂတ်အတွက် အတိတ်ကို သင်ခန်းစာယူရမယ့် အရာတခုအဖြစ် မြင်ပြီးတော့ အနာဂါတ်ကို တူတူလက်တွဲပြီးတော့ ချီတက်နိုင်မယ် ဆိုလို့ရှိရင် ကျမတို့ ပြည်သူပြည်သားများအတွက် အင်မတန်မှ အဆင်ပြေပါလိမ့်မယ်။ ကျမတို့ နိုင်ငံ ကျမတို့ မျှော်မှန်းတဲ့ ခိုင်မာညီညွတ် သာယာဝပြောတဲ့နိုင်ငံကြီးတခု ဖြစ်လာပါလိမ့်မယ်။

Wednesday, February 20, 2013

ကိုယ့်နိုင်ငံသိက္ခာရှိဖို့ဆိုတာ လူတိုင်းလူတိုင်းမှာ တာဝန်ရှိ

" ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ 
ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။
ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ 
ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင်

Sunday, February 17, 2013

ကျွန်မတို့တစ်တွေ ငြိမ်းချမ်းရေးရအောင်


“ကျွန်မတို့တစ်တွေ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာအဓိက စဉ်းစားရမှာပါ။ ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရမှသာလျှင်ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ သက်သာ မှာ ဖြစ်ပါတယ်။ငြိမ်းချမ်းတယ်ဆိုတာ ခပ်တိုတို ပြောရရင်အသက်အန္တရယ် ကြောင့်ကြခြင်းမှ ကင်းဝေးတာစိုးရိမ်ကြောင့်ကြရမယ့်ကိစ္စတွေက ကင်းဝေးတာ။ တစ်ကယ် ငြိမ်းချမ်းတယ်ဆိုတာစိတ်ထဲကနေလာတာ။ စိတ်ထဲမှာ ငြိမ်းချမ်းရေးရှိမှ တစ်ကယ် ငြိမ်းချမ်းတယ်လို့ ပြောရမှာ။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအချို့

"ငြိမ်းချမ်းရေးဆိုတာ အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး။ ကြိုးစားပြီး
လုပ်ယူရမယ့် ကိစ္စပါ။ ဒီလိုမကြိုးစားနိုင်လို့ ရှိရင် ငြိမ်းချမ်းရေး
မရှိခြင်းရဲ့ အနိဌာရုံတွေကိုကျွန်မတို့ ခံစားရမှာ ဖြစ်ပါတယ်, ကိုယ့်ရဲ့ ပက်ဝန်းကျင်က မငြိမ်းချမ်းရင် 
ကိုယ့်ရဲ့ ပက်ဝန်းကျင်က မလုံခြုံရင် ဘယ်သူကငြိမ်းချမ်းမှာလဲ၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ ဆိုရင် 
တစ်ယောက်ခြင်း တစ်ယောက်ခြင်းမှာ ကြိုးစားဖို့လိုတယ်, အများစုက ကိုယ့်ကိုကိုယ် ဘယ်တော့မှ လက်ညိုးမထိုးဘူး၊ ဟိုဘက်က လူတွေကိုဘဲ လက်ညိုးထိုးတာ။ ဒါက ဖြစ်လေ့ဖြစ်ထရှိတာပါ။ ဒါပေမယ့် ကျွန်မတို့က ဒီဟာတွေကိုပြောင်းလဲနိုင်မှ လိုချင်တဲ့ငြိမ်းချမ်းရေးကို ရမှာပါ" 
ဒေါ်အောင်ဆန်းစုကြည်- (20-1-2013)