'' အရေးကြီးတာက ကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုမှန်သမျှကို အစိုးရအနေနဲ့ တာဝန်ယူကို ယူရပါမယ်။ တိုင်းပြည်ရဲ့ ဥပဒေနဲ့ဆန့်ကျင်ပြီး ဖြစ်လာတာမှန်သမျှကို တာဝန်ယူရပါမယ်။ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းမှုတွေဟာ မလုံလောက်ဘူးလို့ပဲ ကျမ ထင်ပါတယ်။
ဒီလိုတင်းမာမှုတွေအားလုံးရဲ့ နောက်ကွယ်မှာ အင်မတန်ကြီးမားတဲ့ ကြောက်ရွံမှုတွေ မုန်းတီးမှုတွေ ရှိနေတယ်။ ဒါတွေကို ဖယ်ရှားဖို့ လက်ရှိ အစိုးရအနေနဲ့ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တခုကို ဖန်ကို ဖန်တီးပေးရ ပါမယ်။
လူတွေဟာ လုံခြုံစိတ်ချမှုမရှိဘူးလို့ ခံစားရရင် သူတို့ရဲ့အကြောက်တရား အမုန်းတရားတွေကို ဖြေလျော့ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျမအနေနဲ့ ကျမပြည်သူတွေကို ငြိမ်းငြိမ်းချမ်းချမ်းနေစေချင်ပါတယ်။
ကျမတို့ မမေ့ပါဘူး။ ကျမကတော့ လုံးဝမမေ့ဘူး။
၁၉၄၈ မှာကျမတို့ လွတ်လပ်ရေးရခဲ့တဲ့ဟာက မတူညီတဲ့နိုင်ငံရေးအဖွဲ့ အစည်းတွေ၊ မတူညီတဲ့ ဘာသာရေးအုပ်စုတွေပါဝင်ပြီး၊ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေအကြား ရင်ကြားစေ့ရင်းကနေ ရခဲ့တာပါ။
အမျိုးသားသွေးစည်းညီညွတ်ရေးကနေတဆင့် ကျမတို့လွတ်လပ်ရေး ရခဲ့တာပါ။ အခုလည်း ကျမယုံကြည်တယ်။ အမျိုးသားသွေးစည်းညီညွတ်ရေးကသာ တိုင်းပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်ပေးနိုင်မယ်လို့ ကျမယုံကြည်တယ်။''
ဒေါ်အောင်ဆန်းစုကြည်