Home

Friday, October 25, 2013

နိုင်ငံရေးသမားဆိုတာ

နိုင်ငံရေးသမားဆိုတာ 
မိမိဒေသ၊ မိမိလူမျိုးစုအကျိုးကိုပဲ ကွက်ကြည့်လို့မရဘူး။
တစ်နိုင်ငံလုံး ၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့အကျိုးကို ကြည့်ရပါမယ်။
ပြည်သူလူထူထုတစ်ရပ်လုံးကို ချစ်ရပါမယ်။
လေးစားရပါမယ်။ အလုပ်အကျွေးပြုနိုင်ရပါမယ်။

မိမိတို့ရဲ့ကိုယ်ကျိုးစီးပွားကိုစွန့်လွှတ်ပြီး
ပြည်သူလူထုတစ်ရပ်လုံးအကျိုးကို လုပ်နိုင်မှာသာ
နိုင်ငံရေးသမားပီသပါလိမ့်မယ်။ 
ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးဆိုတာ ပရဟိတအလုပ်ပါပဲ။

တိုင်းပြည်နဲ့ပြည်သူလူထုတစ်ရပ်လုံးကိုချစ်မြတ်နိုးတဲ့၊
အကျိုးကိုလိုလားတဲ့နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးသမားတိုင်းကို
ပြတ်ပြတ်သားသား ပြောရမယ်ဆိုရင်တော့
လက်တွေ့မကျ ခေတ်နောက်ကျတဲ့အတွေးအခေါ် အယူအဆ၊
ကျဉ်းမြောင်းတဲ့ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေ၊
အဖျက်အမှောက်လုပ်ငန်းတွေ၊
သွေးခွဲသပ်ရှို မှိုင်းတိုက်တဲ့နည်းတွေသုံးပြီး
အာဏာကို ညစ်ပတ်တဲ့ နည်း၊ ဖြတ်လမ်းနည်းတွေနဲ့
သိမ်းပိုက်ဖို့မကြိုးစားသင့်တော့ဘူး။
ပြည်သူလူထု အဲဒီလောက်မညံ့ကြပါဘူး။
ပြည်သူလူထု အဲဒီလောက်မအ ကြပါဘူး။

မိမိတို့ကိုယ် မိမိတို့ ဆင်ခြင်ပြီး၊
မိမိတို့ကိုယ် မိမိတို့ ပြုပြင်ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။
မိမိတို့ကိုယ်ကျိုးအတွက် ပြည်သူကိုချနင်းတဲ့
လုပ်ရပ်တွေ ရပ်တန်းက ရပ်ဖို့ အချိန်တန်ပါပြီ။

နိုင်ငံရေးလုပ်ချင်ရင် နိုင်ငံချစ်စိတ်မွေးမြူပါ။
နိုင်ငံရေးလုပ်ချင်ရင် လူထုကိုချစ်စိတ်မွေးပါ။
နိုင်ငံကိုမချစ်၊ လူထုကိုမချစ်ရင်တော့
နိုင်ငံရေးမလုပ်ပါနဲ့။

တိုင်းပြည်နဲ့ပြည်သူလူထုတစ်ရပ်လုံးကိုချစ်မြတ်နိုးတဲ့၊
အကျိုးကိုလိုလားတဲ့နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးသမားတိုင်းနဲ့
တိုင်းချစ်ပြည်ချစ်စိတ်ရှိသူတိုင်းက
လူမျိုးရေး ဘာသာရေးမှိုင်းတိုက်သွေးခွဲသပ်မရှိုဘဲ၊
လူမျိုးရေး ဘာသာရေးအစွန်းမရောက်ဘဲ၊
လူမျိုးရေး ဘာသာရေးစွက်ဖက်မှုကင်းတဲ့
နိုင်ငံရေးဖြစ်အောင်၊ လူမှုအဖွဲ့အစည်းဖြစ်အောင်
ကြိုးစားကြဖို့ လိုပါတယ်။

by mmw.rasu,15.10.2013