Home

Friday, March 8, 2013

ငို့ဘ နိုင်ငံရေး မဖြစ်ပါစေနဲ့။


ငါကတော့ ပြောရင် ပိဿာလေးနဲ့ ဘေးပြစ်သလို ပြောတယ်၊ အမှန်အတိုင်းပဲ၊ သူတို့ကိုလဲ ပိဿာလေးနဲ့ ဘေးပြစ်သလို ပြောတာပဲ၊ ဒို့နိုင်ငံက သိပ်မလွယ်ဘူး၊ 

ဘာဖြစ်လို့ မလွယ်သလဲ ဆိုရင် “နိုင်ငံရေးဟာ တနည်းအားဖြင့် နိုင်ငံ့အာဏာဟာ စီးပွားဖြစ်လွယ်တဲ့ လုပ်ငန်းတရပ်လို့ သတ်မှတ်နေကြတယ်” အင်မတန်ကို ၀မ်းနည်းစရာကောင်းတယ်၊ နိုင်ငံအတွက် နိုင်ငံရေးလုပ်မယ်ဆိုတဲ့
ဒီလိုမဟုတ်ဘဲနဲ့။ နိုင်ငံ့အတွက် နိုင်ငံ့အာဏာယူမယ်ဆိုတဲ့ ဒီလိုမဟုတ်ဘဲနဲ့။  နိုင်ငံ့အာဏာဟာ စီးပွားအင်မတန်ဖြစ်လွယ်တယ်လို့ လူတိုင်းရဲ့စိတ်ထဲမှာ ကိန်းအောင်ပြီးတော့ နေတယ်၊

အဲဒီ ကိန်အောင်းနေတဲ့စိတ်တွေ ဖျောက်ကြဘို့လဲ လိုတယ်ဗျာ၊ အဲဒါကြောင့် သူတို့ကိုလဲ အားမနာတမ်း ပြောတယ်။
သူတို့ဆိုတာ သာမန်မဟုတ်ပါဘူး၊ လူကြီးတွေ အကုန်လုံးကို ငါပြောပါတယ်၊
ဒီတော့ နိုင်ငံအတွက်လုပ်တဲ့ နိုင်ငံရေးသမားဖြစ်ပါစေ။ ငို့ဘနိုင်ငံရေး မဖြစ်ပါစေနဲ့လို့ ညည်းကိုလဲပဲ ငါကသြ၀ါဒပေးပါတယ်။

(ပြည်သူလူထုခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲဝင် အားလုံးအား မိန့်ကြားသော သြ၀ါဒကထာ။)

မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)