မျက်မှောက် ကမ္ဘာကြီမှာ လူမျိုးရေး ၊ ဘာသာရေးကို အကြောင်းပြုပီး ဖြစ်ပွားနေတဲ့ ပြဿနာတွေ မဆုံးနိုင်အောင်ရှိနေတာ တွေ့ရပါတယ်..ဒါနဲ့ပတ်သက်ပီး အတိတ်ကိုလှည့်ကြည့်ကြပါ...
လူမျိုးရေး ဘာသာရေးကို အကြောင်းပြုပီး ဖြစ်ပွားတဲ့ ပဋိပက္ခတိုင်းကနေ ကောင်းကျိုးရတယ်ဆိုတာ ကမ္ဘာမှာ မရှိခဲ့ပါဘူး။ ကမ္ဘာသမိုင်းတွေမှာ ခရုဆိတ်စစ်ပွဲဖြစ်ခဲ့တာ၊ ဂျီဟတ်စစ်ပွဲဖြစ်ခဲ့တာတွေ၊
မြန်မာပြည်မှာ လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်ခဲ့တာတွေကို ပြန်သုံးသပ်ကြည့်ရင် နှစ်ဘက်လုံး အရှုံးပေါ်ခဲ့တယ်ဆိုတာ သိနိုင်ပါတယ်..ကိုယ့်အတ္တ၊ မာနကြောင့် နိုင်တယ်ထင်ရင်တောင်မှ ပေးဆပ်မှုများစွာရှိခဲ့တာ သိသာမြင်သာပါတယ်.
လူမျိုးရေး ဘာသာရေးကို အကြောင်းပြုပီး ဖြစ်ပွားတဲ့ ပဋိပက္ခတိုင်းကနေ ကောင်းကျိုးရတယ်ဆိုတာ ကမ္ဘာမှာ မရှိခဲ့ပါဘူး။ ကမ္ဘာသမိုင်းတွေမှာ ခရုဆိတ်စစ်ပွဲဖြစ်ခဲ့တာ၊ ဂျီဟတ်စစ်ပွဲဖြစ်ခဲ့တာတွေ၊
မြန်မာပြည်မှာ လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်ခဲ့တာတွေကို ပြန်သုံးသပ်ကြည့်ရင် နှစ်ဘက်လုံး အရှုံးပေါ်ခဲ့တယ်ဆိုတာ သိနိုင်ပါတယ်..ကိုယ့်အတ္တ၊ မာနကြောင့် နိုင်တယ်ထင်ရင်တောင်မှ ပေးဆပ်မှုများစွာရှိခဲ့တာ သိသာမြင်သာပါတယ်.
လူမျိုးရေးထက် ဘာသာရေးက ပိုပီးလေးနက်ပါတယ်.. ဘာသာရေးဆိုတာ လူသားကောင်းကျိုးကိုဆောင်မှ အမှန်တရားလို့ ဆိုရပါတယ်..ကိုယ့်ဘာသာဝင်တွေအတွက် ကောင်းကျိုးဆောင်ပီး တခြားဘာသာဝင်တွေအတွက် ဆိုးကျိုးဖြစ်စေတာကို ဘာသာရေးအစစ်အမှန်လို့ ဆိုလို့မရပါဘူး..လောကလူသားအားလုံးအတွက် ကောင်းကျိုးဆောင်မှ ဘာသာရေးအစစ်အမှန်ဖြစ်ပါတယ် ဒါမှသာ မိမိကိုယ် စိတ်နေငြိမ်းချမ်းမှုရရှိမှာဖြစ်သလို သူတစ်ပါးကိုလည်း စိတ်နေငြိမ်းချမ်းအောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်...စာရေးသူ ကိုယ်တိုင် ဘုန်းတော်ကြီးသင် စာသင်ကျောင်းဖွင့်ထားပီး ကလေးငယ်တွေကို လူမျိုးဘာသာမရွေး တက်ရောက်ခွင့်ပေးထားပါတယ်..အတင်းအကြပ် ၀ါဒသိမ်းသွင်းတာမျိုး မလုပ်ပါဘူး အပစ်မဲ့တဲ့ ကလေးငယ်တွေကို လူများဘာသာခွဲခြားဆက်ဆံခြင်းဟာ ဘုရားဟော ကရုဏာနဲ့ မကိုက်ညီဘူးလို့ ခံယူပါတယ်..နောက်ပီး မေတ္တာကမ္ဘာပရဟိတအဖွဲ့ ဖွဲ့ထားရာမှာလည်း လူမျိုးဘာသာကန့်သတ်မထားပဲ အားလုံးအသင်းဝင်အဖြစ်လက်ခံပါတယ်.ကူညီသင့်သူမှန်သမျှကို အကူညီပေးပါတယ်...မေတ္တာရဲ့သဘောသည် ဒီသဘောဖြစ်ရပါမယ်...ဘုရားဟော မေတ္တာ ကရုဏာမှာ အရောင်ဆိုးတာ ကန့်သတ်တာမရှိပါဘူး ၊ နောက်ပီး မြတ်စွားဘုရာကိုယ်တော်တိုင် ညာတ္တစရိယ အတွက် ပါရမီကျင့်ကြံခဲ့တဲ့အခါ သူတစ်ပါးကို သူတစ်ပါးကို နှိမ့်ချ ချုပ်ချယ်ပီး ကျင့်ဆောင်ခဲ့တာမဟုတ်ပါဘူး...သတ္တ၀ါ အားလုံးအပေါ်မှာ မေတ္တာ၊ ကရုဏာ မပျက်စေဘဲ ကျင့်ခဲ့တာပါ..အဲလိုကျင့်ခဲ့လို့သာ ပါရမီမြောက်ကုသိုလ်တွေဖြစ်လာတာပါ....ဒါ့ကြောင့် ဘာသာရေး လူမျိုးရေးနဲ့ပတ်သက်ပီး ပဋိပက္ခဖြစ်ခြင်းသည် မိမိတို့၏ ဘာသာတရားအဆုံးအမနဲ့ လမ်းလွဲတာဖြစ်သလို ဘာသာသာသနာ ဆုတ်ယုတ်ပျက်ဆီးခြင်းရဲ့ အကြောင်းတစ်စိပ်တစ်ဒေသဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိမိကိုးကွယ်ရာ ဘာသာမှာ နိုင်ငံ၊ ဒေသ ၊ လူမျိုးမခွဲခြားဘဲ အားလုံးအတွက် ကောင်းတယ် အကျိုးရှိတယ် ဆိုတာတွေကို လိုက်နာပီး ဒါရဲ့ ဆန့်ကျင်ဘက်သဘောတွေပါရင် လူသားတစ်ယောက်ရဲ့ မြင့်မားတဲ့ ကိုယ်ပိုင် အသိညာဏ်ကို အသုံးချပီး ရှောင်ကျဉ် ဖို့လိုပါတယ်... ဘယ်သူမိန့်ခဲ့တာ ဘယ်ဝါပြောခဲ့ဟောခဲ့တာဆိုတာထက် လက်တွေ့ကောင်းကျိုးဆောင် မဆောင်ဆိုတာကို ဗဟိုပြုစဉ်းစားတွေးခေါ်ပီး အသုံးချဖို့လိုပါတယ်...ဒီသဘောကို မြတ်စွာဘုရားဟောခဲ့တဲ့ ကာလမသုတ်မှာ အထင်ရှားတွေ့ရပါတယ်... မိမိဘာသာ မိမိလူမျိုးရဲ့ ကြီးမြတ်တဲ့သဘောကို ပြဖို့ သဘောထားကြီးကြီးထားဖို့ လိုပါတယ်..ဘယ်သူပြောပြော ဘယ်သူဟောဟာ ကိုယ်ပိုင်ညာဏ်နဲ့ အကျိုးရှိ၊မရှိ တွေးခေါ်စဉ်းစားပီး လိုက်နာသင့်၊ မသင့် ဆုံးဖြစ်ရပါမယ်..အဲဒါဆိုရင် သမိုင်းတစ်လျောက်က ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ရှိရှိ ပဋိပက္ခဖန်တီးမှုမျိုးတွေ ဖြစ်ပွား မလာအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်..မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်လာရင် တိုင်းပြည်လည်းနစ်နာသလို တစ်ဦးချင်းလည်း နစ်နာပါတယ်..တိုင်းပြည်ရဲ့.အစပြုစ ဖွဲ့ဖြိုးဖို့ လုပ်ဆောင်နေတဲ့ လမ်းစလည်း ပျောက်သွားနိုင်ပါတယ်..နိုင်ငံဂုဏ်သိက္ခာ အမျိုးသားဂုဏ်သိက္ခာလည်း ထိခိုက်နိုင်ပါတယ်..တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဘယ်တိုင်းပြည် ဘယ်လူမျိုးမှ ဖွံ့ဖြိုးတိုးတက်မှုအားကောင်းအောင် မလုပ်ဆောင်နိုင်ပါဘူး...ကမ္ဘာမှာ လူမျိုးရေး ဘာသာရေးကို အကြောင်းပြုပီး လက်ရှိပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ နိုင်ငံများကို သင်္ခန်းစာယူဖို့လိုပါတယ်..ဒါမှသာ မိမိတို့ နိုင်ငံသားအားလုံး ဖြစ်စေချင်တဲ့ ကမ္ဘာအဆင့်မီနိုင်ငံတစ်ခုအဖြစ် အလျင်အမြန်တိုးတက်ဖွံ့လာမှာဖြစ်ပါတယ်.နောက်ပီး အစွန်းရောက်မျိုးချစ်စိတ်နဲ့ အစွန်းရောက် ဘာသာရေးစိတ်ဟာ အန္တရာယ်များပါတယ်..မြတ်စွာဘုရားက ဘယ်အစွန်းရောက်မှုမျိုးကိုမှ မချီးမွမ်းပါဘူး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်ကိုသာ အမှန်ဆုံးလမ်းစဉ်လို့ မိန့်ကြားခဲ့တာပါ..ဒါကြောင့်.လူမျိုးရေး ဘာသာရေးကိုအကြောင်းပြုပြီး နောက်ဆက်တွဲ နောက်ဆက်တွဲ ဆိုးကျိုး ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်မလာအောင် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ကိုယ်ပိုင် အမြင်လေးကို တင်ပြလိုက်ပါတယ်.....
Ashin Kumuda Bawdhitahtaung
Source: https://www.facebook.com/VenKumuda