မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း အဲဒီခလေးအတွက်ရည်စူးပြီး မရှိဆင်းရဲသားတွေကို လှူဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း ခလေးအရွယ်ကတည်းက လိမ္မာယဉ်ကျေးအောင်
ဘာသာရေးစာသင်ကျောင်းပို့ပြီး ၃၈ဖြာမင်္ဂလာတွေ ဘာတွေ သင်ဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း ခလေးအရွယ်ကတည်းက မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်ဆိုတဲ့အတိုင်း လမ်းညွှန်ဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း ခလေးအရွယ်ကတည်းက တခြားယဉ်ကျေးမှုတွေကို အတုမခိုးမိဖို့ သင်ဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း မိဘစကားနားထောင်တတ်ဖို့ သင်ဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း အရှက်လုံအောင်ဝတ်ဖို့ သင်ဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း ကျုပ်တို့တမန်တော်ရဲ့ဓလေ့တော်ကိုချစ်လို့ မုတ်ဆိတ်ထားတယ်ဗျာ။
ခင်ဗျားတို့လည်း ခင်ဗျားတို့ဘုရားကို လေးစားပြီး ဂတုံးတုံးဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း ကျုပ်တို့တမန်တော်ရဲ့ဓလေ့တော်ကိုချစ်လို့ အင်္ကျီရှည်ဝတ်တယ်ဗျာ။
ခင်ဗျားတို့လည်း ခင်ဗျားတို့ဘုရားကို ချစ်ရင် လေးစားရင် သူ့လိုဝတ်ဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း ပညာသင်နေတဲ့အရွယ်မှာ အချစ်ရေး မစဉ်းစားဖို့ ဆိုဆုံးမဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း ပညာသင်နေတဲ့အရွယ်မှာ ကာရာအိုကေ၊ ဘီယာဆိုင်နဲ့ နိုက်ကလပ်တွေ မသွားဖို့ တားဗျာ။

မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း အရွယ်ရောက်ရင် မော်ဒယ်လုပ်ပြီး ရှိတာဖော်ပြတာ ရှောင်ခိုင်းဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း အချိန်တန်ရင် သင့်တော်တဲ့လူရွေးပြီး အိမ်ထောင်ချပေးလိုက်ဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း ကောင်းရောင်းကောင်းဝယ် အလုပ်တစ်ခုခုလုပ်ခိုင်းပြီး အခြေကျအောင်လုပ်ပေးလိုက်ဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း တစ်နေ့(၅)ကြိမ် ၀တ်ပြုခိုင်းဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း တစ်နှစ်မှာ အနည်းဆုံး တစ်လ ဥပုဒ်စောင့်ခိုင်းဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း မိမိဝင်ငွေထဲက ၁၀၀ကျပ်မှာ ၂ကျပ်ခွဲ ဆင်းရဲသားတွေကို လှူခိုင်းဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း မိမိဝင်ငွေထဲကပိုအောင် ကုတ်ချစ်စုပြီး ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်နေရာတွေသွားဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း မိမိဆီမှာ လာတောင်းရမ်းတဲ့သူကို နိုင်သလောက်ပေးကမ်းပြီး လက်ချည်းဗလာပြန်မလွှတ်နဲ့ဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း ........................................................................................ဗျာ။
လောလောဆယ် ဒီလောက်ပဲ စမ်းလုပ်ပါဦးဗျာ။
ဘယ်နဲ့ဗျာ! အခုတော့ မုစ်လင်မ်ကို ယှဉ်ချင်တာများ ၇၈၆ ကို လာယှဉ်ရတယ်လို့။ မယောင်ရာ ဆီလူးဆိုသလိုဖြစ်နေပြီ။
၇၈၆ ကို မဖိုက်နဲ့။ ဘာရုပ်မှပေါက်ဖို့မရှိဘူး။ မုစ်လင်မ်က ၇၈၆ မရေးထားလို့ ဘာမှဖြစ်မသွားဘူး။ ၀ယ်သူတွေ စိတ်သန့်သန့်နဲ့

စားနိုင်၊ သောက်နိုင်အောင် ၇၈၆ စာသားလေး ရေးထားတာဗျ။ လူမျိုးခွဲချင်လို့၊ ဘာသာခွဲချင်လို့ဆိုတဲ့ အောက်တန်းကျတဲ့
အတွေးအခေါ်တွေနဲ့ ရေးထားတာမဟုတ်ဘူးဗျ။ တစ်ခုတော့ရှိတာပေါ့ဗျာ။ ကိုယ့်စိတ်နဲ့တော့ မနှိုင်းနဲ့ပေါ့။
မုစ်လင်မ်မှာက မစားသင့်တာကို မစားဖို့ တားမြစ်ထားတာလေးတွေ ရှိနေတော့ ၇၈၆ စာသားလေး ရေးထားတာဗျ။
( ဥပမာဗျာ- ၀က်သား အသေသား၊ သွေး စသဖြင့်ပေါ့ဗျာ) ။ မုစ်လင်မ်ဆိုတာ တွေ့ကရာ မစားဘူးဗျ။
ဗမာဆိုင်ဖြစ်နေရင်လည်း မေးစမ်းပြီး ဘဲဥဟင်း၊ ကြက်ဥကျော်နဲ့ စားလိုက်တာပါပဲဗျာ။ တစ်ချို့ ဗမာလူမျိုးတွေထဲက မင်းကြီး၊မင်းလေး ကိုးကွယ်တဲ့လူတွေလောက်တောင် အစွဲအလန်းမကြီးပါဘူးဗျာ။
(တစ်ခါတုံး အကြောင်းလေး သတိရလို့ဗျာ။ ကျုပ်ကျောင်းဆရာအဖြစ်နယ်မှာ လုပ်နေရင်း တိုင်းပညာရေးမှူးနဲ့ နယ်ဖက်ကကျောင်းတွေစစ်ဆေးဖို့ လိုက်သွားတယ်။ နယ်ဖက်က ရွာတွေရောက်တော့ ပညာရေးမှူးလာတယ်ဆိုပြီး အမှန်အကန်ချက်ထားတာဗျာ။ ရွာကကြက်တွေ ဘဲတွေ ၀က်တွေတော့ နောင်ပညာရေးမှူး လာမှာတောင်ကြောက်နေကြလိမ့်မယ်ထင်တာပဲ။ ကြက်သား၊ ဘဲသား၊ ၀က်သားစုံနေတာပဲ။ ၀က်သားချက်ထားတာမှ ဟို နပန်းဆံသီချင်းထဲကလို အဆီတုံးတွေဆိုတာ အဆီတ၀င်းဝင်းနဲ့။ လက်သီးဆုတ်လောက်ကြီးတွေချည်းပဲ။
ရွာသူရွာသားတွေခင်မျာမှာတော့ ဆရာတွေထဲမှာ ကျုပ်ကိုလည်းတွေ့ရော " ဆရာက မုစ်လင်မ်လား" ဆိုပြီး အားနာလို့ မျက်နှာမဖော်ရဲကြဖူး။ ၀က်သားဟင်းပန်းကန်ကို သူတို့သိမ်းဖို့လုပ်ကြတယ်။ ကျုပ်လည်းတော်တော် အားနာသွားတယ်ဗျာ။ ဒါနဲ့ကျုပ်က ပြောပြရတယ်။ မသိမ်းပါနဲ့၊ စားတဲ့သူတွေစားလိမ့်မယ်ဆိုတော့.. " ဆရာ၊ ဒီဖက်မှာ သတ်သတ်ခွဲထိုင်မလား။ ဘာနဲ့စားမလဲ" ဆိုပြီး စားလို့ရတာ ထပ်စီစဉ်ပေးကြတယ်လေ။ ဒီနေရာမှာ တစ်ခုပြောချင်သေးတယ်။ နယ်ကလူတွေ တော်တော်ချစ်စရာကောင်းတယ်ဗျ။ ဘာသာရေး၊ လူမျိုးရေး အစွန်းမရောက်ဘူးဗျ။ ကျုပ်တို့ က ပညာမဲ့တွေသာ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်တယ်ဆိုပြီး ပြောပြောနေကြတာဗျ။ နယ်ကလူတွေ၊ တောသူတောင်သားတွေ ခင်ဗျားတို့မြို့ကြီးသားတွေလောက် စာမတတ်ကြပါဘူးဗျာ။ ပညာမရှိကြပါဘူးဗျာ။ ဒါပေမဲ့ လူစိတ်ရှိတယ်။ လူကို လူလိုပဲမြင်တတ်တယ်။ လူလိုအသိရှိတယ်။ လူအချင်းချင်း နားလည်မှုရှိတယ်။ ဘာသာရေး၊ လူမျိုးရေး မခွဲဘူးဗျ။ ပညာတွေ ဘယ်လောက်တတ်တတ်၊ လူစိတ်မရှိရင် အလကားလူ ဆိုတာ ကျုပ်သဘောပေါက်သွားတယ်။ ကျုပ်ရဲ့ပညာရေးမှူးကတော့ ဗမာဆိုပေမယ့် အစကတည်းက ၀က်သား အမဲသားမစားဘူးလေ။ အဲ..ဒါပေမဲ့ သူ့အမျိုးသမီးက Chinese ဗျ။ကြုံလို့ပြောပြတာပါ။ နှစ်ကူးလုပ်ရင်တောင် ၀က်သားမပါဘူး။ )
နိုင်ငံခြားမှာ ၇၈၆ မရေးဘူးဗျ။ Halal လို့ရေးတာ။ အဲဒီလိုရေးထားရင် တရုပ်ပြည်ကထုတ်တဲ့စားစရာဖြစ်နေလည်း မုစ်လင်မ်တွေစားတယ်ဗျာ။ အိန္ဒိယရောက်တော့ စားစရာတွေမှာ သက်သတ်လွတ်ဖြစ်ကြောင်း လိုဂိုလေးတွေကိုကြည့်ပြီး ကျုပ်တို့ စားတာဗျ။
ဒီမှာလည်း အားလုံး ၇၈၆ ရေးထားတာမှ မဟုတ်တာဗျာ။ ဥပမာဗျာ.. ညောင်တုန်းဖက်က ငှက်ပျောကြော်တို့၊ မေမြို့ဖက်က ပဲပွကြော်တို့ဆိုတာ ခရီးသွားရင်အိမ်ပြန်လက်ဆောင်တောင် ၀ယ်လာရသေးတယ်။
အခု ခင်ဗျားတို့က ဗိုလ်ချုပ်အောင်ဆန်းပြောသလိုဖြစ်နေပြီ။ ခါးတောင်းကျိုက်တစ်လွဲ၊ ဖင်တစ်လွဲဆိုတာလေ။
ကျုပ်သူငယ်ချင်းအများစုက ဗမာတွေချည်းပဲ။ ကျုပ်တို့သူငယ်ချင်းတွေအကြောင်း ပြောပြစရာရှိတာတွေက အများကြီးဆိုတော့ နောက်မှဆက်ပြီးပြောပြတော့မယ်ဗျာ။

mmw.rasu