လက်ပန်းတောင်းတောင်နဲ့ ပတ်သက်တဲ့အစီရင်ခံစာ ထွက်လာပါပီ..အစီရင်ခံစာနှင့်အတူ ပြည်သူတွေကြားမှာ အမြင်အမျိုးမျိုး ကွဲပြားလာပါတယ်..
အမှန်ပြောရရင် ဒီအစဉ်ရင်ခံစာ ထွက်လာရင် ဒီလိုဖြစ်မယ်လို့ ကြိုတင်တွက်ထားပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ ကော်မတီအဖွဲ့မှာ ဒေါ်စုကို ဥက္ကဌ ခန့်လိုက်ကထဲက ဒီလိုကြိုတွက်ထားတာပါ..ရင်နှီးသူတစ်ချို့နဲ့တောင် ... ဒေါ်စုတော့ ဥက္ကဌရာထူးယူရင် ချောက်ကြတော့မယ်လို့ ကြိုတင် ဆွေးနွေးမိလိုက်သေးတယ်...ဘာဖြစ်လို့လဲဆိုတော့ အစိုးရက ကိုယ်မနိုင်တဲ့ဝန်ကို ထမ်းမိပီးမှ သူများကျောပေါ်တင်ပေးတာမို့ ဒီလိုကလွဲပီး တခြားဖြစ်လာစရာ မမြင်ရလို့ပါ..ဒေါ်စုဘက်က ပြန်တွက်ရင် တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှု တည်ငြိမ်လာကောင်းရဲ့ဆိုတဲ့ အမြင်နဲ့ တာဝန်ယူတာဖြစ်ချင်ဖြစ်မယ်..ဒါမှမဟုတ် တိုင်းပြည်အတွက် အကျိုးရှိ မရှိ သိချင်လို့ တာဝန်ယူတာလဲဖြစ်ချင်ဖြစ်မယ်..အကောင်းဘက်ကို မျှော်ကိုးပီး တာဝန်ယူတယ်ဆိုတာကတော့ သိသာပါတယ်..တဖက်ကလဲ ချောက်ကျနိုင်တယ်လို့ တွက်မိမှာတော့ သေခြာပါတယ်..ပြည်သူနဲ့ထိပ်တိုက်ဖြစ်နေတဲ့ ကိစ္စတစ်ရပ်၊ နောက်ပီး ကြမ်းချင်တိုင်းကြမ်းပီး မနိုင်မှ ကိုယ့်အပေါ် ပုံချတဲ့ကိစ္စတစ်ရပ်ကို သိသိနဲ့ ရဲရဲဝန့်ဝန့် တာဝန်ခဲ့တဲ့ စိတ်ဓာတ်ကိုတော့ မချီးကျူးပဲ မနေနိုင်ပါ...တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ်ချစ်တဲ့ ခေါင်းဆောင်မျိုးဆိုတာ ဒါမျိုးဖြစ်ရပါမယ်..အစိုးရနဲ့ ပြည်သူအကြား အကြပ်အတည်းတွေ့နေချိန်မှာ ကိုယ်ကျိုးကြည့်ပီး ခေါင်းရှောင်တာမျိုး မလုပ်ခဲ့တာကိုပဲ ပိုပီးလေးစားမိပါတယ်..ငါမတီးရရင် ပတ်မကြီး ဓားနဲ့ထိုးခွဲမယ် ဆိုတဲ့စိတ်ထားမျိုး မရှိတာကို ဒီကိစ္စက သက်သေထူတယ်လို့ ပြောရင် ရပါတယ်...ဒီနေရာမှာ မိမိကိုယ်တိုင်ပါဝင်ရမယ်ဆိုရင် ဘယ်လိုစဉ်းစားမလဲ တွေးကြည့်လို့ရပါတယ်..တဘက်ကလဲ အစိုးရအနေနဲ့ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဒေါ်စုကို ဥက္ကရာထူးပေးခဲ့တာလဲ ...သူတို့မဖြေရှင်းနိုင်တော့လို့ ပြဿနာကို ပြေလည်စေချင်တဲ့ ဆန္ဒနဲ့လား...ပြည်သူနဲ့ဒေါ်စု ထိပ်တိုက်တွေ့ စေလိုတဲ့ဆန္ဒနဲ့လား စသဖြင့် တစီတတန်းကြီး တွေးတော့ကြည့်သင့်ပါတယ်...တိမ်တောင်သဖွယ် မင်းရေးကျယ်ဆိုတာကို မမေ့သင့်ပါဘူး၊
ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုတယ်ဆိုပီး .ဒေါ်စုကို ဒီလောက် အမျှော်အမြင်မရှိဘူးလို့ ဆိုရင် တက်တက်စင်လွဲပါလိမ့်မယ်....တိုင်းပြည်နဲ့လူမျိုးအတွက် ကမ္ဘာစင်မြင့်မှာ နေရာယူနိုင်သူတစ်ယောက်ရဲ့ အတွေးခေါ်ကို မျှော်မြင်ကြည့်ရင် သိနိုင်ပါတယ်..တစ်ဘက်မှာ ဘယ်လို စာချုပ်တွေချုပ်ထားလဲ.. တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိလဲစတာတွေကိုပါ စဉ်းစားကြည့်သင့်ပါတယ်..တိုင်းပြည်အကျိုးမရှိဘဲ .တရုတ်အကျိုးစီးပွါးတစ်ခုတည်းအတွက် ဆိုရင်တော့ ဒီလိုအစီရင်ခံစာမျိုး ထွက်မလာဘူးဆိုတာ သေခြာပါတယ်....နောက်ပီး ဒီကိစ္စတစ်ခုလုံးကို ဒေါ်စု တစ်ယောက်ထဲရဲ့ဆန္ဒနဲ့ ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ ကော်မတီဝင်အားလုံးရဲ့ ဆန္ဒနဲ့ အသေစိတ် စုံစမ်းစစ်ဆေးပီး ရလာတဲ့အဖြစ်အပေါ်မှာ ကြည့်ပီးမှ ဆုံးဖြတ်ခဲ့တယ်လို့ထင်ပါတယ်...သပိတ်စခန်းဖြိုခွဲစဉ် အသုံးပြုခဲ့တဲ့ ဗုံးအမျိုးအစားကို အမှန်တိုင်းထုတ်ပြန်ထားတာကြည့်ရင် သိပါတယ်..ဒီအတွက် အမေရိကန်ကတောင် ကန့်ကွက်တဲ့သတင်းတောင် ထုတ်ပြန်လာပါတယ်..
.ဆန္ဒပြည်နေတဲ့သူများအနေနဲ့ ဒီစီမံကိန်းနဲ့ပတ်သက်ပီး စဉ်းစားရာမှာ..ငါတို့နေရာမှာ ဒါလုပ်တယ်..ငါတို့အကျိုးစီးပွား ဘယ်လောက်ထိုခိုက်တယ် ဆိုတာထက်ပိုပီး ဒီစီမံကိန်းက ဘယ်လိုစာချုပ်နဲ့ အလုပ်လုပ်ကိုင်နေတယ်၊ တိုင်းပြည်အတွက် ဘယ်လောက်ဝင်ငွေရနေတယ်..ဘယ်နေရာတွေမှာ အသုံးချနေတယ်စတာတွေကိုပါ အမြင်ကျယ်ကျယ်နဲ့ကြည့်ဖို့လိုပါတယ်.နောက်ပီး တရုတ်ရဲ့ စီးပွားရေးအင်အား မြန်မာပြည်မှာ ဘယ်အတိုင်းအတာထိရှိနလဲ ..ဒီစီမံကိန်းပျက်ရင် တခြားဘယ်လိုစီပွားရေးလုပ်ငန်းတွေပါ ထိခိုက်နိုင်လဲဆိုတာ ကိုယ်တိုင်မသိနိုင်တဲ့ အတွက် နိုင်ငံတော်အတွက် ထိခိုက်မှုရှိမရှိကိုပါ ထည့်သွင်းစဉ်းစားကြည့်ဖို့လိုပါတယ်.. ဒီကိစ္စတစ်ခု ကိုယ့်သဘောဆန္ဒနဲ့ တိုက်ဆိုင်တဲ့ အဖြေထွက်မလာတာကို ကြည့်ပီး ဒေါ်စုအပေါ် ယုံကြည်လေးစားမှု လျော့သွားတားမျိုးတော့ မဖြစ်သင့်ပါဘူး.. ဒေါ်စုဟာ မိမိတို့ ဒေသတစ်ခုတည်းအတွက် အလုပ်လုပ်နေသူလား၊ တိုင်းပြည်နဲ့လူမျိုးတစ်ရပ်လုံးအတွက်.ကမ္ဘာ့လူ့ထုတစ်ရပ်လုံးရဲ့ လူ့အခွင့်ရေးနှင့်တရားမျှရေးအတွက် အလုပ်လုပ်နေတာလား ဆိုတာကို အမြင်ကျယ်ကျယ်နဲ့ ကြည့်ဖို့လိုပါတယ်..ဒီလိုပြောလို့ ဒေါ်စုဘက်ကရှေ့ နေလိုက်နေတာ၊ ဒီစီမံကိန်းကို ..ကောင်းတယ်မှန်တယ် ထောက်ခံနေတာ မဟုတ်ပါဘူး...မှန်မှန်ကန်ကန် သုံးသပ်တတ်ဖို့ လိုတယ်ဆိုတာကို တင်ပြခြင်းပါ...ဒီလက်ပန်းတောင်းတောင် နေရာဟာ ကိုယ့်မွေးရပ်ဇာတိဖြစ်တဲ့ မုံရွာမြို့ရဲ့ တစ်ဘက်ကမ်းမို့ အကြိမ်ကြိမ်ရောက်ဘူးပါတယ်..လုပ်ငန်းတွေမလုပ်ကိုင်ခင်ရောက်ဘူးသလို စတင် လုပ်ကိုင်နေချိန်မှာလဲ ရောက်ဘူးပါတယ်..လုပ်ငန်းစတင်ချိန်ကဆို တချို့ ဒေသခံပြည်သူတွေအနေနဲ့ သူတပါးမရတဲ့ လုပ်ခရလို့ ၀မ်းသာနေကြတာ၊ စွန့်ပစ်မြေတွေထဲကနေ သတ္တု ( ကြေး ) ထုတ်ပီး ၀င်ငွေကောင်းနေကြတာတွေကိုလဲ ကိုယ်တိုင်မြင်တွေ့ခဲ့ပါတယ်..ထိုအချိန်က ဒီလောက်မကျယ်ပြန့်သေးတော့ ပတ်ဝန်းကျင် ထိခိုက်မှုနဲ့သေးလို့ ဖြစ်ချင်ဖြစ်မယ်.ကျန်းမာရေး ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အသိပညာနဲသေးလို့ဖြစ်ချင်ဖြစ်မယ်..အစိုးရရဲ့ အာဏာပါဝါကိုကြောက်လို့ မပြောရဲ မဆိုရဲ နေခဲ့ကြတာလဲ ဖြစ်ချင်ဖြစ်မယ်.. ( အခုအချိန်မှာ ဘယ်လောက်အတိုင်းအတာအထိ ဒေသခံတွေရဲ့ အကျိုးစီးပွား ထိခိုက်နေတယ်ဆိုတာကိုလည်း ဂဂနန မသိပါ.). .အစီရင်ခံစာကို ဖတ်ကြည့်တဲ့အခါမှာ ဒေသခံတွေရဲ့ အကျိုးစီးပွားထိခိုက်မှုကို အတိုင်းတာတစ်ခုထိ ဖြေရှင်းပေးဖို့ နဲ့..ထိုခိုက်နစ်နာမှုတွေအတွက် ဖြေရှင်းပေးဖို့၊ ငွေကြေးအကျိုးအမြတ်တွေကို ပွင့်လင်းမြင်သာမှုရှိဖို့ စတာတွေကို ထုတ်ပြန်ထားတာသတိပြုမိပါတယ်...
ဒီအတွက် စီမံကိန်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးနစ်နာမှု အတွက် အတိုင်းတာတစ်ခုထိ တာဝန်ယူပေးမဲ့သဘောဆိုတာ တွက်ဆမိပါတယ်..တစ်ဘက်ကလဲ ဆန္ဒပြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ငါ့အကျိုးစီးပွား ဆုတ်ယုတ်တယ်ဆိုတာလောက်ကို မကြည့်ဘဲ တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိမယ်ဆိုတာကိုပါ လေ့လာကြည့်သင့်ပါတယ်...အတိုင်းတာ တစ်ခုအထိ မိမိအကျိုးစီးပွားဆုတ်ယုတ်တာ မှန်ပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အမြတ်ကြီးမယ်ဆိုရင်တော့ ရသင့်ရထိုက်တဲ့တန်ဘိုးရရင် သင့်မြတ်တယ်လို့ နှလုံးသွင်းရပါမယ်..တစ်ချိန်က မပွင့်လင်းခင်မို့ ခုမှပွင့်လင်းလို့ဆိုပီး လိုအပ်တာထက်ပိုကာ အခွင့်အရေးတောင်းတားမျိုးလဲ မဖြစ်သင့်ပါဘူး.......တစ်ဘက်ကလဲ ဒေသခံတွေရဲ့ အကျိုးစီးပွားကို မြင့်တင်ပေးတယ်ဆိုပီး ကိုယ်ကျိုးအမြတ်ထုတ်သူတွေ ရှိနေလား၊ ဒေါ်စုကို ငါတို့နဲ့ ရန်တိုက်ပေးနေတာများ ဖြစ်မလားဆိုတာကိုလည်း တွေးတောသင့်ပါတယ်.....သူများယောင်လို့ လိုက်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိတဲ့အကောင် ဆိုတာမျိုးဖြစ်မှာလဲ စဉ်းစားသင့်ပါတယ်...မြန်မာလူမျိုးမှာ အခွင့်အရေးကို အလွဲသုံးစားလုပ်သူတွေ ခေတ်အဆက်ဆက်ရှိခဲ့တာ..အသိညာဏ်နဲ့ပါးသူတွေကို ခုတုံးလုပ်ပီး အသုံးချခဲ့တာ၊ လိုအပ်လာရင် နိုင်ငံရေးမတည်မငြိမ်အောင် လှုံ့ဆော်တာတွေ ပြောမဆုံးအောင်ရှိခဲ့တဲ့ သမိုင်းတွေကို အပြန်အလှန် လေ့လာဆန်းစစ်ကြည့်သင့်ပါတယ်..အဓိကကတော့ ကိုယ့်ရဲ့ ပုဂ္ဂလိက ခံစားချက်တစ်ခုထဲကိုကြည့်ပီး အမှန်အမှားမခွဲခြားဘဲ တစ်တိုင်းပြည်လုံးရဲ့ အနာဂတ်အရေးတွေကိုပါ ချင့်ချိန်သုံးသပ်ပီး ကိုယ်ပိုင်ညာဏ်နဲ့ ချင့်ချိန်တတ်မှ အမှန်တရားကို မြင်ပါလိမ့်မယ်......
ငါ့အကျိုးအနည်းငယ်ယုတ်ပီး ငါ့တိုင်းပြည်နဲ့လူမျိုး အကျိုးအများကြီးရှိတယ်ဆိုရင်တော့ မြတ်ဗုဒ္ဒရဲ့လမ်းစဉ်ကိုလိုက်သင့်ပါတယ်..မြတ်စွားဘုရားရှင်က လောကတ္ထစရိယ ( တလောကလုံးအကျိုး ) နဲ့ ညာတတ္တစရိယ ( ဆွေမျိုးညာတကာအကျိုါ် ) ကြုံလာရင် လောကတ္ထစရိယကို ဦးစားပေးပါတယ်....ညာတတ္ထစရိယနဲ့ အတ္ထစရိယ ( ကိုယ့်အကျိုး) ကြုံလာရင် ညာတတ္တစရိယကိုဦးစားပေးပါတယ်.......ဒါဟာလူသားတစ်ယောက်ရဲ့ မွန်မြတ်တဲ့ဆောင်ရွက်ချက်ဖြစ်သလို လောကအတွက် ပေးဆပ်သူတို့ရဲ့ မြင့်မြတ်တဲ့ နှလုံးသားဒဿန တစ်ရပ်လဲ ဖြစ်ပါတယ်..ဒါကနောက်ဆုံး မိမိတို့ တောင်းဆိုချက် အပြည့်အ၀မရရင် ဖြေသိမ့်နိုင်တဲ့သဘောကို ပြောပြခြင်းဖြစ်ပါတယ်..ဒါ့ကြောင့် ကိုယ်လိုအပ်တဲ့အဖြေ ထွက်အောင် ဆောင်ရွက်မပေးနိုင်လို့ဆိုပီး တိုင်းပြည်နဲ့လူမျိုးရဲ့ အနာဂတ်ဖြစ်တဲ့ ဒေါ်စုကို ပြစ်တင်ရှုံ့ခြင်း၊ ပုတ်ခတ်ခြင်း၊ ယုံကြည်မှုလျှော့ချခြင်းများ မလုပ်သင့်ကြောင်း၊ တဘက်ကလဲ ကိုယ်ကျိုးရှာတို့ရဲ့ ဘယ်ခြေယောင်ပြပီး ညာခြေနဲ့ကန်သွင်းခြင်းမျိုးကိုလည်း သတိပြုသင့်ကြောင်းတင်ပြခြင်းဖြစ်ပါတယ်.. .နောက်ဆုံးပြောချင်တာကတော့ လက်ပန်းတောင်း သပိတ်စန်းဖြိုခွဲတုန်းက ကိုယ်တိုင်မခံစားခဲ့ရတဲ့ ဘုန်းကြီးတစ်ပါးဖြစ်လို့ လောကအကြောင်းဘာမှ မသိဘဲ အားအားယားယား ၀င်ရှုပ်တယ်လို့ ပြောလာရင်လဲ ဘယ်သူ့ကိုမှ မေတ္တာမျက်ဘဲ ကိုယ့်အကြောင်းကြောင့် အကျိုးပေါ်တာလို့ ခံယူနိုင်ပါတယ်.အစိုးရနဲ့ ဒေါ်စုဘက်ကရှေနေလိုက်ပေးတယ်လို့ ပြောရင်လဲ မဟုတ်မမှန်တာအတွက် တုန့်ပြန်ပြန်မနေဘဲ ခံယူနိုင်ပါတယ်.....စိတ်ရင်အမှန်အနေနဲ့ ဘယ်သူတစ်ဦးတစ်ယောက်အတွက်မှ ဘက်မလိုက်ဘဲ ကိုယ့်ဒေသခံတွေရဲ့ အကျိုးကို လိုလားသလို တိုင်းပြည်နဲ့လူမျိုးအကျိုးကို တစ်ဒေါင့် တစ်နေရာက ဖြည့်ဆီးလိုတဲ့ ဆန္ဒနဲ့ လက်ပန်းတောင်းတောင်အရေး စိတ်မအေးတာမို့ အိပ်ရေးအပျက်ခံ ပြီး တင်ပြလိုက်ခြင်း ဖြစ်ပါကြောင်း............