မြန်မာပြည် ခေတ်အဆက်ဆက် ကို ဖြတ်သန်းခဲ့တဲ့ ဆူးလေ ဧရာဝတီ မြစ်လောက်မကြီးကျယ်ပေမဲ့ မြန်မာနိုင်ငံရေး ဖြစ်စဉ်မှာတော့ အထင်အရှားရှိတဲ့ ဌာနတစ်ခုပါ။ ဆူးလေ ဆိုတဲ့ ကမ္ပည်းယနေ့အချိန်ထိ ထင်ရှားနေတာ ဆူးလေ နဲ့ ဆူးလေ ပတ်ဝန်းကျင်ဟာ တွေးစရာတွေ အပုံအပင် ရှိခဲ့တယ်။ မေးစရာတွေ အမြောက်အမြားရှိခဲ့တယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး တောင်းဆိုတိုက်ပွဲ တွေ မှာ ဆူးလေ ပုံရိပ်ဟာ ပါဝင်ပတ်သက်မှု ရှိခဲ့တယ်။ သမိုင်းတန်ဖိုးနဲ့ ကြည့်ကြည့် နိုင်ငံရေး (သို့မဟုတ်) နိုင်ငံ့အရေး ဖြစ်စဉ်နဲ့ ရှုရှု ဆူးလေ ဟာ မြန်မာပြည်သူပြည်သား တွေရဲ့ ရင်ထဲက သက်ရှိကဗျာ လို့ ဆိုရင်လည်း မှားမယ် မထင်ပါ။
ဆူးလေ ဟာ အမည်နာမ တစ်ခု ၊ အမှတ်အသား တစ်ခုမျှ သာ မကပဲ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရင်လည်း သမိုင်းတန်ဖိုး မနည်းလှ။ ကုန်းဘောင်မင်းဆက် ကို စတင်တည်ထောင်ခဲ့တဲ့ အလောင်းမင်း တရား ဦးအောင်ဇေယျ ခေတ်ကနေ ရေတွက်ရင် ယနေ့ ခေတ်ထိဆို နှစ်ကာလ များပြားရှည်ကြာလှ ပြီပေါ့။ ရန်ကုန်မြို့မှာ နေထိုင်သူသာမက တစ်နိုင်ငံလုံးအနေနဲ့ မှတ်မှတ်သားသား ရှိနေကြတဲ့ ဆုံဆည်းရာ နေရာတစ်ခုပေပေါ့။ သမိုင်းစာမျက်နှာပေါ်မှာ မပျောက်ပကျနိုင်တဲ့ ဆူးလေ။ ရာဇ၀င် အထပ်ထပ် နဲ့ထင်ဟပ်နေတဲ့ ဆူးလေ။ အဲ့ဒီ ဆူးလေ မှတ်တိုင် ဟာ ဆူးလေ ရပ်ဝန်း ဟာ တခြားလူ တခြားပုဂ္ဂိုလ် တွေ တော့မသိ ကျွန်တော်အတွက်တော့ တွေး စရာ တွေ များ ပါဘိ။ မေးစရာတွေလဲ များပါဘိ။
ကျွန်တော် ဘာတွေးမိသလဲ။ ဆူးလေ ပတ်ဝန်းကျင်မှာ သဘာဝ တရားပေါင်းစသည်းချစ်ခင်မှု ၊ လူမျိုးရေး ရင်းနှီးကျွမ်းဝင်မှု ၊ နှစ်ပေါင်းရှည်ကြာအောင် ဘာကြောင့် တည်မြဲနေ ခဲ့သလဲ။ ဘာကြောင့်ယှဉ်တွဲ နေထိုင်ခဲ့ကြလဲ။ ဘာကြောင့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်မှု နည်းပါးခဲ့ရသလဲ။ ကျွန်တော့်စိတ်ထင်ပြောရရင် လူတစ်ယောက် (သို့မဟုတ်) လူသားတစ်ဦးအနေနဲ့ ကိုးကွယ်ရာ ဘာသာကွဲ ယှဉ်တွဲလျှင် လူမျိုးချင်း မတူချင်မတူပဲ နေလိမ့်မယ် ။သို့သော် နှစ်ပေါင်း ကြာရှည်အောင် ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းနေ ထိုင်လာကြတာကို ကျွန်တော် အနေနဲ့ အံ့သြမဆုံးပါ။
ဆူးလေ ပတ်ဝန်းကျင်မှာ အများဆုံး ဖြစ်ရပ်ပြပါဆိုလျှင် အစိုရအဆက်ဆက် ကိုအောင်ဆို ဆန္ဒပြပွဲ ၊ တွေ ဒီမိုကရေစီ တောင်ဆို တိုက်ပွဲတွေ သာလေ့လာ တွေ့ရှိခဲ့တယ်။ ကျွန်တော့် မှတ်ဥာဏ်ပဲ အားနည်းတာလားတော့ မပြောတက်။ အဲဒီပတ်ဝန်းကျင်မှာ ဘာသာရေးအရ ရင်ဆိုင် တိုက်ခိုက်မှု တွေ ၊ လူမျိုးရေး ပဋိပက္ခတွေ ရန်ဆောင်မုန်း တီးမှု တွေ ထင်ထင်ရှားရှား မတွေ့ရ။ မိမိတို့လို လားတောင်းဆိုပွဲ တွေ အုပ်ချုပ်သူ.လူတန်းစား ကို မကျေနပ်လို့ တောင်းဆိုဆန္ဒပြပွဲ တွေ သာ အရှိန်အဟုန် မပျက် ၊တိုက်ပွဲ ခေါ်သံ မရပ်ခဲ့တဲ့နေရာ တစ်ခု ဖြစ်ခဲ့တယ်။ တကယ်တော့ ဆူးလေ နဲ့ ပတ်သက်တဲ့အကြောင်းပြောမယ်ဆု
ရှည်ပါတယ်။ တိုတိုပဲ ပြောရအောင်။ ဆူးလေ မှာ ဆူးလေ စေတီရှိတယ်။ အရှေ့ဘက်မှာ ဟေမာနွေလ ခရစ်ယာန် ဘုရားကျောင်းရှိတယ်။ အနောက်မြောက်ဘက်မှာ မွတ်စလင် ဘာသာဝင်တို့ရဲ့ အထွတ်အမြတ် အဆောက်အဦး ဗလီ ၀တ်ကျောင်းတော် ရှိတယ်။ ဘာသာကြီးသုံးခု အပြိုင်အဆိုင် ချစ်ခင် ရင်းနှီးစွာ ယှဉ်တွဲနေထိုင်ကြတာကို တည်ရှိနေခဲ့ကို ကျွန်တော် စိတ်ထဲမှာ ကြည်နူးမိလို့ အံ့သြလွန်းလို့ ရေးသားတင်ပြခြင်းဖြစ်ပါတယ်။
ကျွန်တော် လေ့လာမိသလောက် ဆိုလျှင် အယူဝါဒမတူပဲ ဘာသာသုံးခု တစ်နေရာတည်း ၊ တစ်စုတစ်စည်းတည်း တည်တံ့လာပေမဲ့ ဘာသာရေး ၊ ပဋိပက္ခများ ၊ လူမျိုးရေး မုန်းတီးမှုများဖြစ်ပေါ်မလာတာ
ခုတော့ ဟိုနေရာ ဒီနေရာမှ ပဋိပက္ခတွေ လူမျိုးရေး မုန်းတီးမှု ပြဿနာတွေ မြင်ရတွေ့ရကြားရတော့ ကျွန်တော့်စိတ်ထဲက ကြည်နူးရသလေးတွေ ဘယ်ရောက်ကုန်မှန်းမသိ။ တထိတ်ထိတ် တထင့်ထင့် စိုးရိမ်ပူပန်ခဲ့ရတယ်။ တစ်ဆက်တည်း မေးချင်သေးတယ်။ နှစ်ပေါင်း များစွာ ရှည်ကြာညောင်းအောင် ရင်းနှီးချစ်ခင် မြတ်နိုးခဲ့ ကျတဲ့ မြန်မာပြည်သား များ အယူဝါဒ မတူညီကြပေမဲ့ နွေးထွေးလှိုက်လှဲစွာ ဆက်ဆံပြု မူခဲ့ကြတဲ့ လူမျိုးများ အခုကျမှ ဘာအတွက် ဘာကြောင့်လူမျိုးရေး ပဋပက္ခ တွေ ဘာသာအမြင်မကြည်လင် တာတွေ ဖြစ် ကုန်ကြတာလဲ။ ဘယ်သူ့ကြောင့် ဘာသာရေး ပုတ်ခတ်စွပ်စွဲမှု လူမျိုးရေး မုန်းတီးမှု ဖြစ်လာရတာလဲ။
ဘာသာရေးအမြင်မတူ တိုင်း ၊ လူမျိုးရေးအသွင် သဏ္ဍာန် မတူညီတိုင်း ထစ်ခနဲရှိ ထ ချကြ စမ်းဆိုရင် အဲဒီဆူးလေ ရင်ပြင် ဆူးလေ ပရ၀ုဏ်ဟာ သွေး အထပ် ထပ်စွန်း ထင်းပေ ကျံခဲ့လို့ ဆုံးမှာတောင်မဟုတ်ဘူး။ ဆူးလေ ရောက်တိုင်းကျွန်တော် ဆက်တွေးမိတာလေး ပြောရရင် ဆူးလေ ပရ၀ဏ် ဟာ ဘာသာလူမျိုး မတူပေမဲ့ ပေါင်းစည်းနေ ထိုင်ခဲ့ကြ သလို ဒီနေ့ အချိန်ထိ နေထိုင်နိုင်သေးရင် ဆူးလေ မှ ငြိမ်းချမ်းစွာ သွားလာလှုပ်ရှားခွင့်ရှိတဲ့ ပုံစံအတိုင်း ၊ ဘာပယောဂ ဘာပဋိပက္ခ မကပ်ငြိပဲ တစ်နိုင်ငံလုံး တစ်ပြည် လုံး နေထိုင် သွားလာ လှုပ်ရှားပျော်ရွှင်ခွင့် ရှိကြရင် အားလုံးအတွက် မြန်မာပြည်သူပြည်သားများအတွ
မြို့မသိင်္ခ
အင်ပါယာဂျာနယ် ပါဆောင်းပါး
မွတ်စလင် သတင်းစဉ်