(၈၈)ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ (၂၁-၂-၂၀၁၃)ရက်နေ့က ဒိန်းမတ်နိုင်ငံတွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားတစ်ဦး၏ လူမျိုး(၁၃၅)မျိုးတွင် ရိုဟင်ဂျာ ရှိ/မရှိဟူသော ဘောင်ကျော်သည့် မေးခွန်းတစ်ခု မေးမြန်းချက်အပေါ်တွင် `တကယ်တော့ ဒီမေးခွန်းဟာ Out of Question ပါ´လို့ အစပြုဖြေကြားခဲ့ပါတယ်။ပြီးနောက် ဆက်လက်၍ `ဒီမေးခွန်းကို မေးတဲ့သူကိုယ်တိုင်လည်း သိသိကြီးနဲ့မေးတယ်လို့ ကျနော်နားလည်ပါတယ်´လို့
ပြောဆိုကာ `ကျနော်တို့ဟာ လူမျိုး ဘာသာ ခွဲခြားမှုမရှိဘူးဆိုတာ ပြောကြားလိုပါတယ်´ဟု အဆင့်ဆင့် ပြောဆိုပြီး ဒီအတိုင်း ပြောကြားသွားတာ ဖြစ်ပါတယ်။
"ကိုယ့်နိုင်ငံသားအချင်းချင်း စောင့်ရှောက်ရမယ်ဆိုတာကိုတော့ နှလုံးပိုက်သင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံကြမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အနိတ္ထာရုံတွေဟာ
အင်မတန် အန္တရာယ်ကြီးပါတယ်။့http://www.newmoekaungkin.blogspot.com
ဒါကြောင့် ကျနော်တို့ မခွဲခြားဘဲ တတ်နိုင်သမျှ လူမျိုးရေး၊ဘာသာရေး အဓိကရုဏ်းတွေကို ရှောင်ရှားကြရမယ်။
ပြီးရင် သူ့ရဲ့နိုင်ငံသားအခွင့်အရေးတွေကို ကျနော်တို့ အတူတကွ ကာကွယ်ပေးရမယ်။"