အခုတလော အွန်လိုင်းမှာရော အပြင်မှာပါ အသံကျယ်လောင်လာနေတဲ့ ၉၆၉ နဲ့ပတ်သက်ပီး စိတ်ကူးပေါ်တာလေးတွေကို ဆွေးနွေးတင်ပြလိုပါတယ်..တနေ့က သူများတင်ထားတဲ့ ပို့စ်လေးတစ်ခုကို အမျိုးဘာသာ သနာအတွက် အားထုတ်မှုတစ်ရပ်အဖြစ်မြင်လို့ အားပေးတဲ့အနေနဲ့ ရှယ်လိုက်တယ်..တုန့်ပြန်လာတဲ့ အမြင်တွေအတော်စုံတာတွေ့လာရတယ်..
( ၂ ) တစ်ချို့က အလုပ်မရှိအကိုင်မရှိနဲ့ ဘာသာရေးပဋိပက္ခဖြစ်အောင် လှုံ့ဆောင်နေလို့ မြင်တယ်....
( ၃ ) တစ်ချို့ကတော့ အမြင်ကျဉ်းမြောင်းပီး တစ်ဘက်ဆောင်းနင်းနိုင်တယ်လို့မြင်တယ်....
( ၄ ) တစ်ချို့ကြတော့ သံဃာဝိနည်းတော်နဲ့ မကိုက်ညီဘဲ အလကားဝင်ရှုပ်တယ်လို့ မြင်တယ်...
( ၅ ) အစ္စလာန်ဘာသာဝင်တစ်ချို့က သူတို့ လူနည်းစု ၀င်တွေရဲ့ အကျိုး ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်တယ်လို့မြင်တယ်..
( ၆ ) တစ်ချို့ဆို အတော်ကို ရင့်ရင့်သီးသီးစကားလုံးတွေနဲ့ ရစရာမရှိအောင် ပြောဆိုတာတွေ့ရတယ်၊ ပြဿနာဖန်တီးပြီး နာမည်ကြီးအောင် လုပ်တယ်ဆိုတဲ့ အပြင်းစား စွပ်စွဲချက်တွေပါ ပါလာတယ်......
( ၄ ) တစ်ချို့ကြတော့ သံဃာဝိနည်းတော်နဲ့ မကိုက်ညီဘဲ အလကားဝင်ရှုပ်တယ်လို့ မြင်တယ်...
( ၅ ) အစ္စလာန်ဘာသာဝင်တစ်ချို့က သူတို့ လူနည်းစု ၀င်တွေရဲ့ အကျိုး ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်တယ်လို့မြင်တယ်..
( ၆ ) တစ်ချို့ဆို အတော်ကို ရင့်ရင့်သီးသီးစကားလုံးတွေနဲ့ ရစရာမရှိအောင် ပြောဆိုတာတွေ့ရတယ်၊ ပြဿနာဖန်တီးပြီး နာမည်ကြီးအောင် လုပ်တယ်ဆိုတဲ့ အပြင်းစား စွပ်စွဲချက်တွေပါ ပါလာတယ်......
ဒီအထဲမှာ ဗမာ၊ ဗုဒ္ဒဘာသာဝင်တွေလဲပါတယ်.. တခြားအမြင်တွေလဲ အမျိုးမျိုးပါပဲ..ပြောဆိုသူတွေထဲက ဘယ်သူ့ကိုမှ စိတ်မဆိုးခဲ့သလို ဘယ်သူ့ကိုမှလဲ အပြစ်တင်စကားပြန်မပြောခဲ့ပါဘူး။ ပြောဆိုရှင်ပြနေရင် ပိုရှုပ်နေမှာစိုးလို့။
ဒါလဲ .တစ်ယောက်အကြောင်း တစ်ယောက်မသိဘဲ အွန်လိုင်းပေါ်မှာတွေ့ကြတဲ့သူတွေဆိုတော့..စိတ်ထဲမှာ ထင်ရာမြင်ရာကို ပြောကြတာ ဓမ္မတာပါပဲလို့ ဖြေသိမ့်လိုက်ပါတယ်...
တချို့ .မနေနိုင်တဲ့သူတွေက ခံပြင်းဒေါသနဲ့ ၀င်ပြောပေးတာတောင်တွေ့ရတယ်။.. ဒါတွေ့နဲ့ပတ်သက်ပီး မနေ့က အချိန်အတော်ကြာ အွန်လိုင်းထိုင် ဆွေးနွေးဖြစ်လိုက်တယ်. အတော်လဲ ဗဟုသုတရလိုက်တယ်..ဒီနေ့ကြတော့ မရမ်းကုန်က သတင်းတွေတက်လာတာဖတ်ရတယ်..ဒါကြောင့် ကိုယ်ပိုင် အမြင်ကိုတင်ပြတဲ့ ဒီပို့စ်လေးကိုအချိန်ပေးပီးရေးလိုက်တာပါ... ရှေးဦးစွာ ၉၆၉ လှုပ်ရှာမှုကို ဘယ်သူဘယ်ဝါတွေ စတင်လှုံဆော်တယ်ဆိုတာထက် ဘာ့ကြောင့် ဖြစ်ပေါ်လာရလဲဆိုတဲ့ အကြောင်းကိုဆွေးနွေးကြည့်အခါ...ရခိုင်ကစခဲ့တဲ့ ဘာသာရေး လူမျိုးရေးနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာတွေကို အခြေခံလာတယ်လို့အများက ယူဆတာတွေ့ရတယ်. .တကယ်တော့ အဲဒီအကြောင်းကိစ္စတွေတင်မဟုတ်ပါဘူး...အရင့်အရင် ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေး လူမျိုးရေးပြဿနာတွေကို ကြည့်ရင်သိနိုင်ပါတယ်... နိုင်ငံရေးလှုပ်လှုပ်ရှားရှားဖြစ်လာရင် ဒီကိစ္စတွေပေါ်လာတတ်တယ်ဆိုတဲ့ သမိုင်းသက်သေတွေလဲရှိပါတယ်.. .ဦးနုလက်ထက်မှာဖြစ်ခဲ့တယ်..ဦးနေ၀င်းလက်ထက်မှာဖြစ်ခဲ့တယ်..စစ်အစိုးရလက်ထက်မှာဖြစ်ခဲ့တယ်...ဒီသမိုင်းတွေကို အခြေခံပီး တစ်ချို့အမြင်အရ အစိုးရအလိုတော်ရိတွေက တိုင်းပြည်မတည်ငြိမ်အောင် သွေးထိုးလှုံ.ဆော်နေတယ်လို့ ထင်ကြေးပေးကြတယ်...ဒီလိုလူတွေရဲ့ထင်မြင်ယူဆချက်တွေကိုလည်း အပြစ်မပြောလိုပါဘူး။ သမိုင်း သက်သေအကြိမ်ကြိမ်ရှိခဲ့တာဆိုတော့...ဒါပေမဲ့ သမိုင်းကြောင်းရှိခဲ့လိုဆိုပီး အမှန်လို့ တတစ်ချ ပြောဆိုတာမျိုးကိုလည်း လက်မခံပါဘူး...သမိုင်းဆိုတာ လူကရေးတာပါ။ သမိုင်းဆရာရဲ့ ပုဂ္ဂိုလ်စွဲ၊ ငါစွဲတွေနဲ့၊ ဘက်လိုက်မှု...သတင်းအချက်လက် အမှန်ကန်ုရမှု မရမှု စတာတွေကြောင့် အမှားဆိုတာ ပါနိုင်တယ်လို့စဉ်းစားထားလိုက်တယ်....ဒီလိုဆိုရင် ဘာ့ကြောင့်ဖြစ်လာသလဲ လို့မေးစရာရှိတယ်..ကိုယ်ပိုင်အမြင်အရတော့ မြန်မာ ဗုဒ္ဒဘာသာဝင်တွေရဲ့ အမျိုးဘာသာ သာနာပေါ်မှာ ထားရှိတဲ့ ခံယူချက်တွေကြောင့်လို့ဆိုချင်ပါတယ်.. မြန်မာ ဗုဒ္ဒဘာသာဝင်အတော်များများဟာ... လူအများစုဖြစ်တာကတစ်ကြောင်း၊ .ခန္တီတရားကို လက်ကိုင်ထားရမယ်ဆိုတဲ့ အဆုံးအမအောက်မှာ ကြီးပြင်းလာတာကတစ်ကြောင်း...သံဃာတော်တွေနဲ့ ထိတွေ့မှု နည်းတာကတစ်ကြောင်း
( ဦးပုသ်ရက်သတ်မှတ်ထားပေမဲ့ သက်ကြီးရွယ်ဆို အနည်းငယ်သာ ကျောင်းကန်ဘုရားသွားပီး သံဃာတော်aတွရဲ့ သွန်သင်လမ်းပြမှု ခံယူခြင်းကို ဆိုလိုပါသည်၊ တခြားဘာသာဝင်တွေ တနင်္ဂနွေ၊ သောကြာနေ့တွေမှာ စည်းစည်းလုံးလုံး ၀တ်ပြုကြတာတွေကို အတုမယူသူများသည်. ) ဒါအပြင် မူလ လူမျိုးစရိုက်က အချင်းချင်းစည်းလုံးညီညွတ်မှုနဲ့ ယိုင်းပင်းကူညီမှုနဲတာကတစ်ကြောင်း ( ကိုယ်ပိုင်အမြင်) စတဲ့အကြောင်းတွေကြောင့် အများစုဟာ အမျိုးဘာသာ သသနာနဲ့ပတ်သက်ပီး ခံယူချက် ပြတ်ပြတ်သားသားမရှိပဲ ဝေေ၀၀ါးဝါး ဖြစ်နေ တွေ့ရပါတယ်..မြန်မာလူမျိုး ဗုဒ္ဒဘာသာဝင်ဖြစ်ရတာ ကောင်းတယ်ဆိုတာလောက်သာသိပီး ဘာကြောင့်ကောင်းတယ် ဘယ်လောက်ကောင်းတယ်ဆိုတာ ပြောတတ်ဆိုတတ်သူ အနည်းငယ်သာရှိပါတယ်....တခြားဘာသာဝင်တွေဟာ လူနည်းစုဖြစ်တာကတစ်ကြာင်း...ဘာသာရေးလူမျိုးရေးစိတ်ဓာတ်ဝင်အောင် ငယ်စဉ်ကထဲ ထိတွေ့သင်ကြားပေးခဲ့တာကတစ်ကြောင်း အချင်းချင်းညီညွတ်မှုနဲ့ ကူညီယိုင်းပင်းမှု ပိုအားကောင်းတယ် ဒါတွေကို သတိပြုမိရာကနေ အားမလိုအားမရ ဖြစ်ရာကာ အမျိုးဘာသာ သာသနာအတွက်ဆိုပီး တက်ကြွသူတွေကနေ ၉၆၉ လှုပ်ရှားမှု စတင်ခဲ့ကြတယ်လို့ထင်ပါတယ်..ရည်ရွယ်ချက်က ကောင်းတယ်လို့ ဆိုရပေမဲ့ နောက်ဆက်ဆိုးကျိုးတွေ ဖြစ်ပေါ်မလာအောင် သတိပြုဖို့လိုပါတယ်..မြန်မာလူမျိုးတွေဟာ ဆူလွယ်နပ်လွယ်တဲ့လူမျိုးလိုဆိုရမယ်၊ အမှတ်တမဲ့နေတဲ့အခါ နေပေမဲ့ တစ်ခုကို အာရုံစိုက်မိပီဆိုရင်လဲ ဟောဟောဒိုင်းဒိုင်းလုပ်တတ်ကြပါတယ်. ပြောရဲဆိုရဲ လုပ်ရဲ ကိုင်ရဲတဲ့သူ တစ်ဦးတစ်ယောက်က လှုံ့ဆော်လာရင် ကျိုးကြောင်း စဉ်ချင်မှု အားနည်းကာ အမှန်အမှားမခွဲခြားပဲ လိုက်လုပ်တတ်ပါတယ်...အဲဒါကြောင့် ဒီကိစ္စကို အခြေခံပီး လူမျိုးရေးဘာသာရေး ပဋိပက္ခတွေဆီ ကူးဆက်မသွားအောင် ထိမ်းသိမ်းရပါမယ်..ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေကို အားပေးတာမှန်ပေမဲ့ သူမျာလူမျိုး ဘာသာဝင်တွေကို ထိခိုက် ဆော်ကားတာမျိုးမဖြစ်အောင် သဘောထားကြီးဖို့လိုပါတယ်...တစ်ဘက်ကလဲ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ဒီလှုပ်ရှားမှုဟာ ငါတို့ကို အကျိုးယုတ်အောင်လုပ်တယ်လို့ တစ်ဘက်သတ်အမြင်နဲ့ မြင်တာမျိုး မဖြစ်ပဲ ..မိမိတို့မှာလဲ သီးခြားအမှတ်တံဆိပ်ပုံစံ အသုံးပြုမှုရှိထားတာကို သတိပြုရပါမယ်..လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ကိုလည်း သဘောထားကြီးနဲ့ခံယူနိုင်ရပါမယ်...ဒေါသ မာန်မာန အာဃာတအမြင်တွေနဲ့. မမြင်သင့်ပါဘူး....ဒါမှသာ ပဋိပက္ခတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်....လူမျိုးရေး ဘာသာရေးကို အကြောင်းပြုပီး ဖြစ်ပွားတဲ့ ပဋိပက္ခတိုင်းကနေ ကောင်းကျိုးရတယ်ဆိုတာ ကမ္ဘာမှာ မရှိပါဘူး။ ကမ္ဘာသမိုင်းတွေမှာ ခရုဆိတ်စစ်ပွဲဖြစ်ခဲ့တာ၊ ဂျီဟတ်စစ်ပွဲဖြစ်ခဲ့တာတွေ၊ မြန်မာပြည်မှာ လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်ခဲ့တာတွေကို ပြန်သုံးသပ်ကြည့်ရင် နှစ်ဘက်လုံး အရှုံးပေါ်ခဲ့တယ်ဆိုတာ သိနိုင်ပါတယ်..ကိုယ့်အတ္တ၊ မာနကြောင့် နိုင်တယ်ထင်ရင်တောင်မှ ပေးဆပ်မှုများစွာရှိခဲ့တာ သိသာမြင်သာပါတယ်.လူမျိုးရေးထက် ဘာသာရေးက ပိုပီးလေးနက်ပါတယ်.. ဘာသာရေးဆိုတာ လူသားကောင်းကျိုးကိုဆောင်မှ အမှန်တရားလို့ ဆိုရပါတယ်..ကိုယ့်ဘာသာဝင်တွေအတွက် ကောင်းကျိုးဆောင်ပီး တခြားဘာသာဝင်တွေအတွက် ဆိုးကျိုးဖြစ်စေတာကို ဘာသာရေးအစစ်အမှန်လို့ ဆိုလို့မရပါဘူး..လောကလူသားအားလုံးအတွက် ကောင်းကျိုးဆောင်မှ ဘာသာရေးအစစ်အမှန်ဖြစ်ပါတယ်..စာရေးသူ ကိုယ်တိုင် ဘုန်းတော်ကြီးသင် စာသင်ကျောင်းဖွင့်ထားပီး ကလေးငယ်တွေကို လူမျိုးဘာသာမရွေး တက်ရောက်ခွင့်ပေးထားပါတယ်..အတင်းအကြပ် ၀ါဒသိမ်းသွင်းတာမျိုး မလုပ်ပါဘူး အပစ်မဲ့တဲ့ ကလေးငယ်တွေကို လူများဘာသာခွဲခြားဆက်ဆံခြင်းဟာ ဘုရားဟာ ကရုဏာနဲ့ မကိုက်ညီဘူးလို့ ခံယူပါတယ်..နောက်ပီး မေတ္တာကမ္ဘာပရဟိတအဖွဲ့ ဖွဲ့ထားရာမှာလည်း လူမျိုးဘာသာကန့်သတ်မထားပဲ အားလုံးအသင်းဝင်အဖြစ်လက်ခံပါတယ်..မေတ္တာရဲ့သဘောသည် ဒီသဘောဖြစ်ရပါမယ်...ဘုရားဟော မေတ္တာ ကရုဏာမှာ အရောင်ဆိုးတာ ကန့်သတ်တာမရှိပါဘူး ၊ ဒါ့ကြောင့် ဘာသာရေးနဲ့ပတ်သက်ပီး ပဋိပက္ခဖြစ်ခြင်းသည် ဘာသာတရားအဆုံးအမနဲ့ လမ်းလွဲတာဖြစ်သလို ဘာသာသာသနာ ဆုတ်ယုတ်ပျက်ဆီးခြင်းရဲ့ အကြောင်းတစ်စိပ်တစ်ဒေသဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိမိကိုးကွယ်ရာ ဘာသာမှာ နိုင်ငံ၊ ဒေသ ၊ လူမျိုးမခွဲခြားဘဲ အားလုံးအတွက် ကောင်းတယ် အကျိုးရှိတယ် ဆိုတာတွေကို လိုက်နာပီး ဒါရဲ့ ဆန့်ကျင်ဘက်သဘောတွေပါရင် လူသားတစ်ယောက်ရဲ့ မြင့်မားတဲ့ ကိုယ်ပိုင် အသိညာဏ်ကို အသုံးချပီး ရှောင်ကျဉ် ဖို့လိုပါတယ်... ဘယ်သူမိန့်ခဲ့တာ ဘယ်ဝါပြောခဲ့ဟောခဲ့တာဆိုတာထက် လက်တွေ့ကောင်းကျိုးဆောင် မဆောင်ဆိုတာကို ဗဟိုပြုစဉ်းစားတွေးခေါ်ပီး အသုံးချဖို့လိုပါတယ်...ဒီသဘောကို မြတ်စွာဘုရားဟောခဲ့တဲ့ ကာလမသုတ်မှာ အထင်ရှားတွေ့ရပါတယ်... မိမိဘာသာ မိမိလူမျိုးရဲ့ ကြီးမြတ်တဲ့သဘောကို ပြဖို့ သဘောထားကြီးကြီးထားဖို့ လိုပါတယ်..ဘယ်သူပြောပြော ဘယ်သူဟောဟာ ကိုယ်ပိုင်ညာဏ်နဲ့ အကျိုးရှိ၊မရှိ တွေးခေါ်စဉ်းစားပီး လိုက်နာသင့်၊ မသင့် ဆုံးဖြစ်ရပါမယ်..အဲဒါဆိုရင် သမိုင်းတစ်လျောက်က ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ရှိရှိ ပဋိပက္ခဖန်တီးမှုမျိုးတွေ ဖြစ်ပွား မလာအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်..မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်လာရင် တိုင်းပြည်လည်းနစ်နာသလို တစ်ဦးချင်းလည်း နစ်နာပါတယ်..တိုင်းပြည်ရဲ့.အစပြုစ ဖွဲ့ဖြိုးဖို့ လုပ်ဆောင်နေတဲ့ လမ်းစလည်း ပျောက်သွားနိုင်ပါတယ်..နိုင်ငံဂုဏ်သိက္ခာ အမျိုးသားဂုဏ်သိက္ခာလည်း ထိခိုက်နိုင်ပါတယ်..တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဘယ်တိုင်းပြည် ဘယ်လူမျိုးမှ ဖွံ့ဖြိုးတိုးတက်မှုအားကောင်းအောင် မလုပ်ဆောင်နိုင်ပါဘူး...ကမ္ဘာမှာ လူမျိုးရေး ဘာသာရေးကို အကြောင်းပြုပီး လက်ရှိပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ နိုင်ငံများကို သင်္ခန်းစာယူဖို့လိုပါတယ်..ဒါမှသာ မိမိတို့ နိုင်ငံသားအားလုံး ဖြစ်စေချင်တဲ့ ကမ္ဘာအဆင့်မီနိုင်ငံတစ်ခုအဖြစ် အလျင်အမြန်တိုးတက်ဖွံ့လာမှာဖြစ်ပါတယ်..ဒါကြောင့် ၉၆၉ ကိုအကြောင်းပြုပြီး နောက်ဆက်တွဲ နောက်ဆက်တွဲ ဆိုးကျိုး ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်မလာအောင် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ကိုယ်ပိုင် အမြင်လေးကို တင်ပြလိုက်ပါတယ်.....
Ashin Kumuda Bawdhitahtaung
Source: https://www.facebook.com/VenKumuda
Source: https://www.facebook.com/VenKumuda