Home

Showing posts with label MyNotes. Show all posts
Showing posts with label MyNotes. Show all posts

Monday, November 11, 2013

သဘောမတူမှုများကိုလက်ခံခြင်း

သဘောမတူမှုများကိုလက်ခံခြင်း
(agree to disagree ) ရှိမှသာ 
ဒီမိုကရေစီထွန်းကားပါတယ်။ 
ငါနဲ့မတူ ငါ့ရန်သူ ၊ 
ရန်သူနဲ့အယူအဆတူရင်လည်းရန်သူဆိုတဲ့ 
အတွေးအခေါ်တွေမစွန့်လွှတ်နိုင်သရွေ့တော့ 
ဒီမိုကရေစီဆိုတာ စဉ်းစားမနေပါနဲ့။ 
လုံးဝမဖြစ်နိုင်ပါဘူး။ 
ကိုယ်နဲ့မတူတဲ့ ဆန့်ကျင်ဖက် အယူအဆတွေကို 
အလေးအနက် လက်ခံစဉ်းစားတတ်ကြပြီဆိုမှ 
ဒီမိုကရေစီကိုမျှော်လင့်လို့ရမှာပါ။

mmw.rasu_2.11.2013

စစ်ပွဲမှန်သမျှ

စစ်ပွဲမှန်သမျှ ဘယ်စစ်ပွဲမှ မကောင်းပါဘူး။
နိုင်သူလည်းရှုံး၊ ရှုံးသူလည်းရှုံးပါပဲ။
တရားတဲ့စစ်ဆိုတာ မရှိနိုင်ပါဘူး။ 
အနိုင်ယူလိုစိတ်၊ သိမ်းပိုက်လိုစိတ်နဲ့တိုက်နေခိုက်နေမှတော့ 
ဘယ်လို တရား
တဲ့စစ်ဖြစ်မှာလဲဗျာ။ 
တရားတဲ့စစ်ပွဲကိုဆင်နွဲနေတာပါလို့
အသံကောင်းဟစ်နေတဲ့သဘောပါ။
စစ်ပွဲတွေရဲ့နောက်မှာ အနိဌာရုံတွေပဲကျန်ရစ်ခဲ့တာပါ။
တစ်ဖက်ကလည်း တစ်ဖက်ကိုရန်သူလို့သတ်မှတ်သလို 
ဟိုတစ်ဖက်ကလည်း ကျန်တစ်ဖက်ကို ရန်သူလို့ သတ်မှတ်မှာပါပဲ။
ဒါကြောင့် စစ်ပွဲမှန်သမျှကို
ကျုပ်ကတော့ လုံးဝဆန့်ကျင်တယ်၊
ကန့်ကွက်တယ်၊ ရှုံ့ချတယ်ဗျာ။

mmw.rasu_1.11.2013

Wednesday, September 18, 2013

ငြိမ်းချမ်းသာယာနေမှာပါ။

ဘယ်လူမျိုးပဲဖြစ်ဖြစ် 
ဘယ်ဘာသာပဲကိုးကွယ်
လူရယ်လို့ဖြစ်လာရင်
လူ့အသိုင်းအ၀ိုင်း၊
လူ့ပတ်ဝန်းကျင်၊
လူ့အဖွဲ့အစည်းအတွင်းမှာ
လူသားတွေရဲ့ ကောင်းကျိုးကိုမျှော်တွေးပြီး၊
မိမိကိုယ်တိုင်လည်း မကောင်းမှုတွေကနေ ရှောင်မယ်
တပါးသူတွေကိုလည်း မကောင်းမှုကနေ ရှောင်ရှားဖို့လမ်းညွှန်မယ်
မိမိကိုယ်တိုင်လည်း ကောင်းမှုတွေကို ဆောင်မယ်
တပါးသူတွေကိုလည်း ကောင်းမှုတွေဆောင်ဖို့ တိုက်တွန်းမယ်
မကောင်းမှုရှောင် ကောင်းမှုဆောင်ပြီး
တစ်ဦးကိုတစ်ဦးဖေးမကူညီ ပြုပြင်ပေးရင်း
လူ့ဘောင်ဘ၀ ကောင်းကျိုးတွေအတွက်ထမ်းရွက်ကြမယ် ဆိုရင်
လူ့ဘောင်လောကကြီးတစ်ခုလုံး
ငြိမ်းချမ်းသာယာနေမှာပါ။

နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်းတစ်ခုပါပဲ။

ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်းတစ်ခုပါပဲ။
တိုင်းပြည်နဲ့ပြည်သူလူထုတစ်ရပ်လုံးရဲ့အကျိုးကိုလိုလားတဲ့
နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးသမားတိုင်းက 
လက်တွေ့မကျ ခေတ်နောက်ကျတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊
ကျဉ်းမြောင်းတဲ့ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေဆုပ်ကိုင်ထားနေမယ့်အစား 
မိမိတို့ကိုယ်မိမိတို့ သုံးသပ်ဆင်ခြင်ပြီး၊ 
မိမိတို့ကိုယ် မိမိတို့ ပြုပြင်ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။ 
လူမျိုးရေး ဘာသာရေးအစွန်းမရောက်စေဘဲ၊ 
လူမျိုးရေး ဘာသာရေးစွက်ဖက်မှုကင်းတဲ့ 
လူမှုအဖွဲ့အစည်းဖြစ်အောင်ကြိုးစားကြဖို့ လိုအပ်သလို 
လူမျိုးရေး ဘာသာရေးစွက်ဖက်မှုကင်းတဲ့
နိုင်ငံရေးဖြစ်အောင်ကြိုးစားကြဖို့ လိုအပ်ပါတယ်။

Sunday, September 1, 2013

ရန်သူစစ်ကို ပစ်မှတ်မလွဲမှသာ

လူမျိုးမတူလို့၊ ဘာသာမတူလို့၊ အယူအဆမတူလို့ ငြင်းခုံ ရန်ဖြစ် အကြမ်းဖက်နေကြမယ့်အစား
လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမခွဲခြားမှု၊ အယူအဆသည်းခံမှုစတဲ့ ယဉ်ကျေးတဲ့အလေ့အကျင့်တွေရရှိလာအောင် မိမိလူ့အဖွဲ့အစည်းကို မိမိထိန်းကျောင်းတည့်မတ်ပေးရင်း ရန်သူစစ်ကို ပစ်မှတ်မလွဲမှသာ ပန်းတိုင်မပျောက်မှာပါ။ 
mmw.rasu
www.newmoekaungkin.blogspot.com

Wednesday, August 14, 2013

နိုင်ငံတကာဥပဒေများနဲ့ ဖီလာဆန့်ကျင်


မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေခိုးဝင်လာပြီး လွှမ်းမိုးချယ်လှယ်မှာကို ဒီမြေမှာမွေး၊ ဒီမြေကရေကိုသောက်၊ ဒီမြေကဆန်ကိုစားပြီး၊ ဒီမြေကိုချစ်တဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံသားမြန်မာမုစ်လင်မ်တွေကလည်း ဘယ်နည်းနဲ့မှ သဘောမတူနိုင်သလို လက်ခံကြမှာလည်းမဟုတ်ပါဘူး။

Wednesday, June 12, 2013

တစ်ခေတ် တစ်မျိုး မရိုးရအောင် ၉၆၉ ။


ဒီနေ့ သက်ကြီးဝါကြီး ရှေ့မီနောက်မီ လူကြီးတစ်ယောက်က ပြောတယ်။
အင်္ဂလိပ်ခေတ်က သူ့အစိုးရ သက်တမ်းရှည်ဖို့ ဗမာနဲ့ အိန္ဒိယတွေကို ရန်တိုက်ပေးတယ်။
ရန်တိုက်ပေးဖို့ မော်လ၀ီနဲ့ယောဂီဆိုတဲ့ စာအုပ်ကိုသုံးတယ်။

"မျက်ကန်းမျိုးချစ်"


မြန်မာ့ အဘိဓါန်မှာ ထပ်ပေါင်းသင့်သော "မျက်ကန်းမျိုးချစ်" ဟူသော စကားလုံး အသစ်တစ်ခု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အပြုအမူလက္ခဏာ အဆင့်အဆင့်ကို စဉ်းစားမိသလောက် ချရေးလိုက်ပါတယ်။ ဖြည့်စွက်လိုသူများ ကျိုးကြောင်းပြ၍ ဖြည့်စွက်နိုင်ပါတယ်။

ဒီမိုကရေစီလမ်းစဉ် ဆိုတာ


ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီအယူဝါဒ ကို အသစ်တစ်ဖန် ပြန်လည်စတင်ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဒီမိုကရေစီလမ်းစဉ် ဆိုတာနဲ့ တစ်ပြိုင်နက်
(၁) နိုင်ငံသားတိုင်း၏ မူလအခွင့်အရေး၊

ဘာသာတရားအဆုံးအမနဲ့ လမ်းလွဲတာ


ဘာသာတရားအားလုံးရဲ့အဆုံးအမတွေက ငြိမ်းချမ်းရေး၊ အကြမ်းမဖက်ရေး၊ မေတ္တာတရားထားရှိရေးတို့ကို အခြေခံပါတယ်။ လူသားအားလုံးကို ငြိမ်းချမ်းမှုတွေပေးနိုင်ရမယ်။ အကြမ်းဖက်မှုတွေကင်းဝေးစေရမယ်။ မေတ္တာတရားလွှမ်းခြုံပေးရမယ်။ လူသားအားလုံးကို လိုအပ်တာကူညီမှုပေးရမယ်။

မြန်မာနိုင်ငံကိုတည်ဆောက်ကြပါစို့

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဟာ တိုင်းရင်းသားဖြစ်တာ မဖြစ်တာ ဒီနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖြေရှင်းရမယ့်ကိစ္စပါ။ သမိုင်းကြောင်းနဲ့ယှဉ်ပြီး ဖြေရှင်းရမယ့်ကိစ္စပါ။ နိုင်ငံသားလား၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေလားဆိုတာ နိုင်ငံသားဥပဒေနဲ့ စီစစ်ရမယ့်ကိစ္စပါ။
တရားဥပဒေအရဖြေရှင်းရမယ့်ကိစ္စပါ။ နိုင်ငံသားစီစစ်မှုတွေကို စီမံချက်များချမှတ်ပြီး တိတိကျကျ ဆောင်ရွက်ရမယ့်ကိစ္စပါ ။

အိမ်ရှင် ဧည့်သည်


ပညာတတ်လူတန်းစားလို့ထင်ရတဲ့ အသိုင်းအ၀ိုင်းတွေကြားမှာလည်း
အိမ်ရှင် ဧည့်သည် ဆိုတဲ့စကားလုံးကတော်တော် ခေတ်စားနေကြပါလား။
တစ်အိမ်တည်းမွေးတာချင်းအတူတူ ဘယ်လို အိမ်ရှင် ဧည့်သည် ဖြစ်သွားတာလဲ။
ဒါလည်း စိတ်ကြီးဝင်မှုတစ်ခုပါပဲ။
mmw.rasu

လူမျိုးရေး ဘာသာရေး ၀ါဒမှိုင်းမိနေသူတွေ


အာဏာရှင်ခေတ်အဆက်ဆက်က သုံးခဲ့တဲ့ အောက်တန်းကျစုတ်ပဲ့တဲ့ လူမျိုးရေး ဘာသာရေးသွေးခွဲ သပ်ရှိုတဲ့ နည်းဗျူဟာတွေနဲ့ လူထုအကြားပဋိပက္ခဖန်တီးမှုတွေဟာ အခုလို အာဏာရှင်ခေတ်ကရုန်းထွက်ပြီး ဒီမိုကရေစီဘက်ဦးလှည့်နေတဲ့အချိန်မှာအသုံးမ၀င်တော့ပါဘူး။

ဒါကိုသိသိကြီးနဲ့ ဖန်တီးနေတယ်ဆိုရင်တော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို မလိုလားသူ၊ ဟန့်တားလိုသူတွေနဲ့ မိမိတို့ကိုယ်ကျိုးစီးပွားအတွက် နောက်ကြောင်းပြန်လှည့်လိုသူတွေဆိုတာ အထင်အရှားပါ။
အဲဒီလို ခံယူချက် ရည်ရွယ်ချက် အတွေးအခေါ်တွေနဲ့ နောက်ကွယ်ကကြိုးကိုင်သူတွေ၊ ပူးပေါင်းပါဝင်လှုပ်ရှားနေသူတွေ၊ လူမျိုးရေး ဘာသာရေး ၀ါဒမှိုင်းမိနေသူတွေ အကြမ်းဖက်နှောက်ယှက်ဖျက်ဆီးနေသူတွေအနေနဲ့ မိမိတို့ရဲ့အဖျက်အမှောက်လုပ်ရပ်တွေကို ရပ်တန်းကရပ်ပြီး အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ (ဗိုလ်ချုပ်ပြောသလို) စောက်ကျင့်တွေပြင်ကြမှသာလျှင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ပန်းတိုင်ဆီ အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
mmw.rasu

ကျွန်တော်တို့တိုင်းပြည်မှာ ဟစ်တလာရောက်နေလား?

ဘယ်လူမျိုး ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ်ပါ။ မိမိလူမျိုးက တစ်ခြားလူမျိုးထက် သာတယ်၊ မြတ်တယ်။ မိမိဘာသာက တစ်ခြားဘာသာထက် သာတယ်၊ မြတ်တယ်ဆိုတဲ့အယူအဆဟာ 
ဟစ်တလာရဲ့အယူအဆပါ။

မ အ,ပါနဲ့။


ဒီကနေ့ထိ ကျွန်တော်တို့တိုင်းပြည်မှာ လူနည်းစုဘာသာခြားတွေကို အကြောင်းမဲ့
နိုင်ထက်စီးနင်းလုပ်ပြီး အသက်ကိုရန်ရှာ၊ အိုးအိမ်ကိုမီးရှို့၊ ဥစ္စာပစ္စည်းကိုလုယက် အုပ်စုဖွဲ့အနိုင်ကျင့်နေတာ....
လူနည်းစုဘာသာခြားတွေရဲ့ဝတ်ကျောင်းတော်တွေ၊ မိဘမဲ့ခလေးငယ်များစာသင်ကျောင်းတွေကို မီးလောင်တိုက်သွင်းနေတာ....

Thursday, June 6, 2013

တစ်ခါတစ်ခါ စဉ်းစားမိတယ်ဗျာ


ကျွန်တော် တစ်ခါတစ်ခါ စဉ်းစားမိတယ်ဗျာ။
ကျွန်တော်တို့တိုင်းပြည်ကလူတွေမှာ စိတ်ကောင်း စေတနာကောင်းတွေ နည်းနေပြီး
အတ္တစိတ်နဲ့ ၀ိသမလောဘစိတ်တွေများနေတယ်လို့ထင်တယ်ဗျာ။
အားလုံးကိုတော့ မဆိုလိုပါဘူး။
mmw.rasu

စုပေါင်းအားနဲ့ တွန်းလှန်


ဒီမိုကရေစီပြောင်းလဲတည်ဆောက်ရေး ခရီးစဉ်ကြီး ရပ်တန့်ပျက်စီးပြီး နောက်ကြောင်းပြန်လှည့်မသွားနိုင်အောင် ကာကွယ်လိုတဲ့ဆန္ဒ ရှိပါသလား။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အနှောက်အယှက် အဟန့်အတား မဖြစ်စေလိုဘဲ တိုင်းပြည်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေလိုပါသလား။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ စစ်မှန်တဲ့ငြိမ်းချမ်ရေးနဲ့ လူမျိုးစုံ ဘာသာစုံ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်စေလိုတဲ့ ဆန္ဒရှိပါသလား။
အမျိုး ဘာသာ သာသနာ ခေါင်းစဉ်တပ်ပြီး ဥပဒေမဲ့ အကြမ်းဖက်နေကြသော အုပ်စုများ၊ နောက်ကွယ်က ကြိုးကိုင် ချယ်လှယ်လမ်းညွှန်နေကြသော အာဏာကိုမတရားသိမ်းပိုက်လိုသူများ၊ လူမျိုးစွဲ ဘာသာစွဲပြင်းထန်သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ မျက်ကန်းမျိုးချစ်များနဲ့ သီးခြားနိုင်ငံတော်တည်ထောင်လိုသူများကို စုပေါင်းအားနဲ့ တွန်းလှန်ဖြိုခွင်းကြပါစို့။
mmw.rasu

မှားယွင်းတဲ့အယူအဆတွေလွှမ်းမိုးလာပြီဆိုရင်


လူ့အရည်အချင်း၊ လူ့အသွင်အပြင်၊ ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရားတွေ ပျောက်ကွယ်ပျက်စီးလာရင် အမှား အမှန်ကို ခွဲခြားပြတဲ့အချက်တွေကို လူတွေက ပုံပြင်တွေ ဒဏ္ဍာရီတွေလို့ထင်လာကြလိမ့်မယ်။ အမှန်နဲ့အမှားကို ကွဲကွဲပြားပြား မြင်မှာမဟုတ်တော့ဘူး။
ရာထူး အာဏာ အင်အားနဲ့ ဥစ္စာဓနတွေကိုသာ ဦးစားပေးလာကြလိမ့်မယ်။
အဲဒီလို မှားယွင်းတဲ့အယူအဆတွေလွှမ်းမိုးလာပြီဆိုရင် မိမိကိုယ်ကို၊ မိမိယုံကြည်ချက်ကို ရောင်းကုန်တစ်ခုလို သတ်မှတ်လာကြလိမ့်မယ်။ အမှန်တော့ လူတန်ဖိုးဆိုတာ ရာထူး အာဏာ အင်အားနဲ့ ဥစ္စာဓနတွေထက်၊ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ ကျေနပ်မှုထက် တန်ဖိုးကြီးမားလှပါတယ်။
mmw.rasu

ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ်


ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ်၊ ဘယ်လောက်မြင့်မြတ်ကောင်းမွန်တဲ့ဘာသာကိုပဲ ကိုးကွယ်ပါစေ။
သူတော်ကောင်းတရား မကျင့်ကြံဘဲ ဒုစရိုက်မှုတွေ အကြမ်းဖက်မှုတွေကိုသာ ကျူးလွန်အားထုတ်နေရင် သူယုတ်မာသာ ဖြစ်ပါတယ်။
mmw.rasu

အရည်အချင်းပဲ အရေးကြီးပါတယ်

အမျိုးသား ခွပ်ဒေါင်းအလံ ကိုင်ဆောင်သူသည် လူမျိုးဘာသာထက်၊ သစ္စာရှိရန်သာ အရေးကြီးသည်။
 “ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင် အမျိုးသားခွပ်ဒေါင်းအလံကို ကိုင်တဲ့လက်ဟာ ဘယ်လိုလက်မျိုးလဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားလို့ပါ။ အဲဒီလက်ဟာ လူမျိုးဘာသာမခွဲခြားဘူး ဆိုတာကို