အမျိုးသား ခွပ်ဒေါင်းအလံ ကိုင်ဆောင်သူသည် လူမျိုးဘာသာထက်၊ သစ္စာရှိရန်သာ အရေးကြီးသည်။
“ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင် အမျိုးသားခွပ်ဒေါင်းအလံကို ကိုင်တဲ့လက်ဟာ ဘယ်လိုလက်မျိုးလဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားလို့ပါ။ အဲဒီလက်ဟာ လူမျိုးဘာသာမခွဲခြားဘူး ဆိုတာကို
ပထမဆုံး ဗ.က.သ ဥက္ကဋ္ဌအဖြစ် အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို ကျွန်တော်တို့အားလုံး သဘောထားကြီးစွာနဲ့ ရက်ရက်ရောရောကြီးပေးခဲ့တယ် ဆိုတာကို အသိအမှတ်ပြုစေချင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို ကိုင်တဲ့လက်ဟာ လူမျိုးဘာသာ အရေးမကြီးပါဘူး။ ကျွန်တော်တို့အမျိုးသား တစ်ရပ်လုံး အပေါ်မှာ သစ္စာရှိဖို့ရယ်၊ နောက်တစ်ချက်က သွေးစွန်းနေတဲ့ လက်မျိုးမဖြစ်ဖို့၊ သန့်စင်ဖို့ ပဲ လိုပါတယ်။” “မည်သည့်ဘာသာဝင်ဖြစ်ပါစေ ၊ အရည်အချင်းသာရှိပါက ထိုက်တန်သောနေရာ ရရှိရမည်။”
“နိုင်ငံရေးတွင် လူမျိုးဘာသာ ခွဲခြားခြင်းမရှိရ။” “ကျွန်တော်နားလည်ပါတယ်။ အဲဒီခေတ်ကတည်း က ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ဘိုင်ကြီးခေါ်ပြီးတော့ သူ့ကို တရင်းတနှီးဆက်ဆံခဲ့တယ်။ ထိုက်သင့်သလို နေရာတာဝန်တွေပေးခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဒါကြောင့် ကျွန်တော်တို့ အရည်အချင်းပဲ အရေးကြီးပါတယ်။ ဘယ်ဘာသာဝင် ဘယ်လူမျိုးမဆို အားငယ်စရာ မလိုပါဘူး။
ကိုယ့်အရည်အချင်းတကယ်ရှိပြီဆိုရင် ထိုက်ထိုက်တန်တန်ပေးထားတာဖြစ်တယ်။”
[မင်းကိုနိုင်]