မိမိဘာသာတရားကသာ မှန်ပြီး အခြားဘာသာတရားများက မှားသည်၊၊
မိမိလူမျိုးကသာ မြင့်မြတ်ပြီး အခြားလူမျိုးများက နိမ့်ကျသည် ဟူသော
မိမိဘာသာ၊ မိမိလူမျိုးဟူသော အစွဲသန်နေလျှင်၊ အစွဲမျိုးရှိနေလျှင်
မိမိဘာသာ၊ မိမိလူမျိုး အတွက်လည်း ကောင်းကျိုးမရှိ။
အခြားဘာသာ အခြားလူမျိုး အတွက်လည်း ကောင်းကျိုးမရှိနိုင်ပေ။
ဘာသာမတူ လူမျိုးကွဲပြားမှု အမြင်တွေကြည်လင်ရမယ်။
ဘာသာမတူ လူမျိုးကွဲပြားသူတွေအချင်းချင်း ခွင့်လွှတ်နားလည်ပေးသင့်ပါတယ်။
ဘာသာမတူ လူမျိုးကွဲပြားသူတွေအချင်းချင်း လေးစားတန်ဖိုးထားသင့်ပါတယ်။
ဘာသာရေး၊ လူမျိုးရေးအရ ရန်မီးပွားစေတဲ့ Hate Speech တွေကို ပြောဆိုခြင်း၊ ရေးသားခြင်းများကိုရှောင်ရှားကြရပါမယ်။
ဒါမှသာ ဘာသာမတူ လူမျိုးကွဲပြားသူတွေအချင်းချင်း သံသယတွေ၊ အမုန်းတရားတွေ၊ အာဃာတတွေပျောက်ပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရင်း ကျွန်ုပ်တို့မျှော်မှန်းထားသည့် ငြိမ်းချမ်း တည်တံ့ ခိုင်မာတဲ့ ဒီမိုကရေစီလူ့ဘောင်ကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
mmw.rasu