Home

Thursday, June 6, 2013

ဘာသာရေးခေါင်းဆောင်အမည်ခံ အကြမ်းဖက်သမား

ဘာသာရေးခေါင်းဆောင်ဆိုသူတို့ဟာ မိမိတို့ရဲ့ဘာသာဝင်တွေကို ဘာသာတရားအပေါ် ကိုးကွယ်ယုံကြည်မှု၊ ဘာသာတရားရဲ့အသိပညာ၊ ဘာသာတရားရဲ့သွန်သင်ဆုံးမမှု၊ ဘာသာတရားရဲ့ငြိမ်ချမ်းမှုကိုသာ မျှဝေခံစားစေရမယ်။

မိမိတို့ရဲ့ဘာသာဝင်တွေ နှလုံးစိတ်ဝမ်း တည်ငြိမ်အေးချမ်းမှုရအောင် စွမ်းဆောင်ပေးဖို့ လိုအပ်တယ်။
ဒီလိုမှမဟုတ်ဘဲ လူမျိုးရေးမုန်းတီးမှုတွေ၊ ဘာသာရေးအစွန်းရောက်မှုတွေ၊ ဘာသာခြားတို့အပေါ်
တိုက်ခိုက်မှုတွေ ၊အကြမ်းဖက်မှုတွေဖြစ်ပေါ်အောင်လှုံ့ဆော်တဲ့စကားတွေ ပြော၊ ဟောနေမယ်ဆိုရင်
ဒါဟာ ဘာသာရေးတရားမဟုတ်သလို ဘာသာရေးခေါင်းဆောင်ရဲ့စကားလည်းမဟုတ်ဘူး။
ဘာသာရေးခေါင်းဆောင်လည်း မမည်ဘူး။
ဘာသာရေးခေါင်းဆောင်အမည်ခံ အကြမ်းဖက်သမားသာလျှင်ဖြစ်တယ်။
mmw.rasu