အမှန်ကို မြင်အောင်ကြည့်ကြပါ။............ဒီလိုဒုက္ခမျိုးတွေ.....
ခင်ဗျားတို့ကိုယ်ချင်းစားကြည့်စမ်းပါ။.............ဒီလိုတွေ ကျူးလွန်ပြီးမှ ငါးပါးသီလ မယူကြနဲ့ အပိုပဲ။ ကိုယ်ချင်းစာတရား မရှိပဲနဲ့ ငါးပါးသီလ ဆောက်တည်နေရင်တော့............အဲဒါဟာ ဓမ္မကို လိမ်ညာနေတာပဲ။ ယနေ့ ကမ္ဘာဟာ မနေ့ကနဲ့ မတူတော့ပါဘူး။ ဒီပုံစံမျိုးကို.....ဘုရားလဲ မချီးကျူးသလို...ဘယ်ပုဂ္ဂိုလ်၊ ဘယ်လူမျိုးကမှလဲ မချီးကျူးဘူး။....ဘုရားက....ကိုယ့်ရဲ့ ကိုယ်ကျင့်သီလကိုသာ အသက်နဲ့ လဲ ကာကွယ်စောင့်ရှောက်ခိုင်းတာ။ သူ့သာသနာကို...အသက်နဲ့လဲပြီး၊ သူများကို မီးနဲ့တိုက်၊ အသက်တွေသတ်၊ အိမ်တွေဖျက်စီးပြီး စောင့်ရှောက်ရမယ်လို့ ဘယ်တုန်းကမှ မဟောခဲ့ဘူး။ ၀ိနည်း(ကိုယ်ကျင့်သီလ (ရဟန်းသီလ+လူ့သီလ))တည်ရင် သာသနာတည်မယ်လို့ ဟောခဲ့တာ၊ ပရိယတ်၊ ပဋိပတ်၊ ကျင့်နေတဲ့ ရဟန်းတွေ ရှိနေသေးသရွှေ...ဘယ်တော့မှ သာသနာ မကွယ်ဘူး ဟောခဲ့တာ။ တစ်လွဲကြီး ဖြစ်နေတာတွေကို............ဒီအတိုင်း အားပေး၊ ခွင့်ပြုနေရင်တော့..........နာဂစ်ဆိုတာကြီးကို သာပြန်ပြီး သတိရကြပါ။ ..............ဒီလိုရေး လို့ ဒီအကောင့်ကို ၀င်ရောက် ဟက်ချင်သပဆိုရင်လဲ.............ကြိုသလို ဟက်ကြကုန်။
Ugga Pandita
Credit to: Ugga Pandita