“လူတစ်ဦးတစ်ယောက်သည် မိမိအစုအဖွဲ့ မိမိလူမျိုးအုပ်စုကိုသာ တန်ဖိုးထားချစ်မြတ်နိုး၍ အမျိုးမတူ အုပ်စုမတူသည့် အခြားသူ တစ်ဦးဦးကို စော်ကားမော်ကား ချိုးချိုးဖဲ့ဖဲ့ ပြုလုပ်ခြင်း မရှိစေရ။ တိကျသေချာခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ တိုက်ခိုက် သတ်ဖြတ် ပျက်စီးကြေပြုန်းခြင်း အမှုကို မဖြစ်စေရ။
လူတိုင်းလူတိုင်းသည် ၎င်းတို့၏ သက်ဆိုင်ရာ မျိုးနွယ်အုပ်စု အပေါ်တွင် ချစ်မြတ်နိုး တန်ဖိုးထားရန် ထိုက်တန်သော အခွင့်အရေးရှိသည်။ လူတစ်ဦးတစ်ယောက်သည် သူ၏မျိုးနွယ်စု ကောင်းကျိုးကို ဆောင်ရွက်ရင်း အခြားမျိုးနွယ်စုဝင်များ၏ ကောင်းကျိုးအတွက်လည်း တချိန်ထဲတွင် ဆောင်ရွက်နိုင်သည်။ ပြောင်းပြန် ကြည့်လတ်သော် မိမိမျိုးနွယ်စု၏ ကောင်းကျိုးကို မဆောင်ရွက်ဘဲ ထိခိုက်အောင် ဆောင်ရွက်သူသည် အခြား မျိုးနွယ်စုများ အတွက်လည်း ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်မည်မဟုတ်။ မိမိမျိုးနွယ်စု ကောင်းစားရေးအတွက် အခြား မျိုးနွယ်စု တစ်ခုကို တိုက်ခိုက်သတ်ဖြတ် ချေမှုန်းပါက ထိုလုပ်ရပ်သည် တချိန်တွင် မိမိမျိုးနွယ်အုပ်စုကိုသာ တဖန်ပြန်လည်၍ ဒဏ်ရာအနာတရ ဖြစ်စေကာ အကျိုးယုတ်စေသည်။”
[အာသောကမင်းကြီး]