Divide and Rule ကိုသုံးတယ်။ စည်းလုံးညီညွတ်မှုပျက်ပြားအောင် လူထုကြားမှာ လူမျိုးရေး
ဘာသာရေး ၀ါဒမှိုင်းတိုက်ပြီး သွေးခွဲရန်တိုက်တယ်။ လူ့အဖွဲ့အစည်းအချင်းချင်းကြားမှ
အဓိက မွတ်စလင်မုန်တီးရေး ၀ါဒဖြန့်တယ်။ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားတယ်။
စစ်အာဏာရှင်ဒေါက်တိုင်တွေကလည်း မွတ်စလင်မုန်တီးရေး ၀ါဒဖြန့်မှုတွေနဲ့ ဆန့်ကျင်ရေးတရားတွေ အနယ်နယ်အရပ်ရပ်က ရိုးသားတဲ့လူထုကြားမှာ ဟောပြောတယ်။ ဖြန့်ဝေတယ်။ အမုန်းမီးမွှေးပေးတယ်။ ဒါမသမာ အောက်တန်းကျတဲ့ နည်းဗျူဟာတွေပဲဆိုတာ လူထုအားလုံးကသိသလို နားလည်သဘောပေါက်တယ်။
ဒီထက်ပိုဆိုးတာက ဒီမိုကရက်တစ်တွေ၊ ဒီမိုကရေစီကိုလိုလားသူတွေလို့
ကိုယ့်ကိုယ်ကို ဒီမိုအမည်ခံယူထားတဲ့သူတွေကပါ မွတ်စလင်ဆန့်ကျင်ရေး၊ မွတ်စ်လင်မုန်းတီးရေးတွေမှာ ပါဝင်နေတာ၊ အားပေးနေတာ၊ ကန့်ကွက်တားမြစ်မှုမရှိဘဲ နောက်ကွယ်က အားပေးအားမြှောက်လုပ်နေတာတွေကို
တစ်ခုတော့ ပြောပါရစေဗျာ။ ဒီမိုကရေစီကို မယုံကြည်ဘဲ၊ လက်မခံဘဲ၊ မလေးစားဘဲနဲ့တော့ ဒီမိုအမည်ခံပြီး လူထုကို အသုံးမချကြပါနဲ့ဗျာ။ လူထုကို မလှည့်စားကြပါနဲ့ဗျာ။ အာဏာရှင်တွေနဲ့လက်တွဲပြီး လူထုကိုဒုက္ခမပေးကြပါနဲ့ဗျာ။အာဏာ
လူထုက ခင်ဗျားတို့အပေါ်အားပေးနေတာကို အခွင့်ကောင်းယူပြီး
ခင်ဗျားတို့ ကိုယ်ကျိုးအတွက် လူထုကို ကျော် ခွ နင်းပြီး မတက်ကြပါနဲ့ဗျာ။
ဒီမိုကရေစီတိုက်ပွဲအတွက် ပေတရာပေါ်မှာ၊ အကျဉ်းထောင်တွေမှာ အသက်စွန့်ခဲ့သူတွေ။ လူမသိ၊ သူမသိ၊ သမိုင်းမ၀င်၊ မှတ်တမ်းမ၀င် အသက်ဆုံးရှုံးခဲ့သူတွေ၊ တောထဲမှာ အသက်ဆုံးရှုံးခဲ့ရသူတွေ။ မိသားစုတွေနဲ့ကွေကွင်း ဘ၀ပျက်ခဲ့သူတွေရဲ့ပေးဆပ်မှုတွေကိ
______________________________
m y O e w y n n _ 0 5. 0 5 . 2 0 1 4