Home

Sunday, July 13, 2014

ဝိုင်းဝန်း ပူးပေါင်းကြပါစို့

ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့အကျိုး၊ ပြည်ထောင်စုသားအားလုံးရဲ့အကျိုး
ပြည်ထောင်စုသား မွတ်စလင်လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့အကျိုးကို ရှေ့ရှုလိုလားပြီး
အမြှော်အမြင်ကြီးမားမှု၊ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အကောင်းမြင်မှု၊ အနစ်နာခံ သည်းခံမှု၊ ကိုယ်ကျိုးအတ္တစွဲ ကင်းရှင်းမှု၊ တတ်စွမ်းသည့်ဘက်မှ ပံ့ပိုးကူညီမှုစသည်တို့ဖြင့် ရည်ရွယ်ချက်ကောင်းကောင်း၊ ခံယူချက်ခိုင်ခိုင်မာမာ၊ စိတ်စေတနာဖြူစင်စွာ ၀ိုင်းဝန်း ၀န်းရံ ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုလျှင


ပြည်ထောင်စုသားမွတ်စလင်များညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်မည်ဟု ယုံကြည်ပါသည်။

မိမိတို့ရဲ့ ခေတ်ဟောင်းစနစ်ဟောင်းက အတွေးအခေါ်ဟောင်းတွေ၊ အယူအဆဟောင်းတွေ၊ အသိအမြင်ကျဉ်းမြောင်းမှုတွေ၊ အဖွဲ့အစည်းစွဲ၊ အသင်းအပင်းစွဲ၊ အုပ်စုစွဲ၊ ပုဂ္ဂိုလ်စွဲစတဲ့ တစ်ယူသန်အစွဲတွေကို ဘေးဖယ် ခ၀ါချ ပြုပြင်ပြောင်းလဲကြပါ။

အတိတ်သမိုင်းစာမျက်နှာတွေထဲက ခွဲခြား နှိမ်ချ စော်ကား အနိုင်ကျင့်ခံနေရတာတွေကို သင်ခန်းစာယူပြီး၊ ပြည်ထောင်စုရဲ့အကျိုး၊ ပြည်ထောင်စုသားတွေရဲ့အကျိုးနဲ့ ပြည်ထောင်စုသား မွတ်စလင်လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့အကျိုးကို သွေးစည်းညီညွတ်စွာ ပူးပေါင်းကြိုးပမ်းကြရင်း တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ လူ့အဖွဲ့အစည်းအသီးသီးနဲ့ ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်ခြင်း ဆိုတဲ့ အခွင့်အလမ်းတွေ ဖန်တီးပုံဖော်နိုင်ဖို့
ပြည်ထောင်စုသား မွတ်စလင်များညီလာခံကြီး ဖြစ်မြောက် အောင်မြင်အောင် ၀ိုင်းဝန်း ပူးပေါင်းကြပါစို့လို့ ဆန္ဒပြုအပ်ပါသည်။
______________________________________________________
m y O e w y n n _ 0 6. 0 5 . 2 0 1 4