ဘယ်သူ့အကျိုးအတွက်လဲ။
အမျိုး ဘာသာ သာသနာ ထိန်းသိမ်းရေးလို့ ဟစ်ကြွေးနေတာ
ဘယ်သူ့အကျိုးအတွက်လဲ။
တိုင်းပြည်နဲ့ လူထု အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး
စေတနာထား ဟစ်ကြွေးနေတာလား။
တိုင်းပြည် တည်ငြိမ်တိုးတက်ဖို့ အတွက်လား။
လူထု ကောင်းကျိုးချမ်းသာ အတွက်လား။
ဒီမိုကရေစီ အယောင်ပြ အရေခွံလဲထားတဲ့
အာဏာရှင်တစ်ပိုင်း အရပ်သားတစ်ပိုင်း အာဏာရှင်အစိုးရဲ့
အာဏာသက်တမ်းရှည်ဖို့လား။
ရိုးသားတဲ့လူထုကို သွေးခွဲရန်တိုက်ပြီး
အာဏာရှင်တို့ နိုင်ငံရေး အမြတ်ထုတ်ဖို့ကြံစည်တာလား။
ဘာသာ သာသနာကို ကမ္ဘာအလည်မှာ အရုပ်ဆိုးအကျည်းတန်အောင်
နာမည်ဖျက်ဖို့ကြံရွယ်တာလား။
ဒီမိုကရေစီကို မင်းမဲ့စရိုက်လို့ထင်အောင်လုပ်ြ
တပ်မတော်ကို လွှတ်တော်နိုင်ငံရေးထဲ
ဆက်လက်ပါဝင်ဖို့ ကြံစည်နေတာလား။
ဦးပိုင်ကုမ္မဏီအကျိုးစီးပွားတွေ
အကျိုးစီးပွားအတွက်လား။
အာဏာရှင်ဒေါက်တိုင်တွေ အကျိုးစီးပွားအတွက်လား။
နိုင်ငံရေးရှုတ်ထွေးအောင်ဖန်တီြး
ပဋိပက္ခတွေ ပိုမိုကြီးမားဖို့အတွက်လား။
နောင်မျိုးဆက်သစ်တွေ လျှောက်လှမ်းရမယ့်
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးခေတ်သစ်မှာ
ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်တဲ့ မင်းမဲ့စရိုက်တွေ၊
လူမျိုး၊ ဘာသာ ခွဲခြားဆက်ဆံမှုတွေဖန်တီးပြီး
ပယောဂတွေ၊ ပြဿနာတွေ သန္ဓေတည်ပေးနေတာလား။
______________________________
m y O e w y n n _ 0 2 . 0 4 . 2 0 1 4