ကိုယ့်နိုင်ငံကို သိက္ခာရှိတဲ့နိုင်ငံအဖြစ် ကမ္ဘာအလယ်တင့်တယ်ဖို့ဆိုတာ အုပ်ချုပ်တဲ့အစိုးရမှာတာဝန်ရှိသလို၊နိုင်ငံသားအားလုံးမှာလည်းတာဝန်ရှိတယ်။ အုပ်ချုပ်တဲ့အစိုးရတစ်ဖွဲ့တည်းကလည်း နိုင်ငံသိက္ခာရှိအောင် မလုပ်နိုင်ဘူး။ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခု၊ လူတစ်ဦးတစ်ယောက်၊လူ့အဖွဲ့အစည်း တစ်ခုတည်း ကလည်း နိုင်ငံသိက္ခာရှိအောင် မလုပ်နိုင်ဘူး။ ပြည်သူလူထုအားလုံးက နိုင်ငံရဲ့ရေရှည်အကျိုးကိုကြည့်တဲ့ အစိုးရကောင်းကို ရွေးချယ်တတ်ဖို့
အရေးပါတယ်။ လှည့်ဖြားတတ်တဲ့အစိုးရမျိုး၊ မိမိတို့ကိုယ်ကျိုးစီးပွားသာကြည
့်ပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ အာဏာရှင်စရိုက်ရှိတဲ့အစိုးရမျို
း မရွေးချယ်မိဖို့ သတိပြု ရမယ်။
မိမိတို့ရွေးချယ်တင်မြောက်လိုက်
တဲ့ အစိုးရကို မိမိတို့ကိုယ်တိုင်ထိန်းကျောင်း
နိုင်ရမယ်။
အစိုးရမှာ အားနည်းချက်တွေရှိရင်လည်း ၀ိုင်းဝန်းပြုပြင်ပေးရမှာဖြစ်သလ
ို အတူလက်တွဲပြီး ကြိုးပမ်းကြရမှာ ဖြစ်တယ်။ လူထုကအားကောင်းမှ အားကောင်းတဲ့ အစိုးရကိုရမယ်။ လူထုကအရည်အချင်းရှိမှ အရည်အချင်းရှိတဲ့ အစိုးရကိုရမှာ ဖြစ်တယ်။ လူထုအားလုံးက စဉ်းစားဆင်ခြင် ရွေးချယ်နိုင်ရမယ်။
နိုင်ငံသားအချင်းချင်း သဘောထားကြီးကြီးထားပြီး အမြင်ကျယ်မှုနဲ့ ရေရှည်အမြင် ရှိမှသာ စည်းလုံးညီညွတ်တဲ့ အင်အားတစ်ရပ် ဖြစ်ပေါ်လာမှာဖြစ်ပြီး အင်အားကောင်းတဲ့ အစိုးရကောင်းကိုရမှာ ဖြစ်သလို အစိုးရကောင်းနဲ့ လူထုအင်အားပေါင်းမှ သိက္ခာရှိတဲ့နိုင်ငံလည်းဖြစ်လာမှ
ာပါ။
______________________________
____________
m y O e w y n n _ 1 4 . 0 7 . 2 0 1 4