အယူအဆတွေ၊ အကျင့်စရိုက်တွေ ရှိဖို့တော့လိုပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေးစတဲ့ အရေးအရာအားလုံးကို ဒီမိုကရေစီကျင့်စဉ်နဲ့ လိုက်လျောညီထွေမှု ရှိတဲ့ အမြင်တွေနဲ့ ကျယ်ကျယ် ပြန့်ပြန့် တွေးခေါ်မြော်မြင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်တယ်ဆိုရင် အသိဥာဏ်ပညာနှင့် ဆင်ခြင်တုံတရားပြည့်ဝဖို့
လိုတယ်။ ဒီမိုကရေစီကျင့်စဉ်မှာ လူ့တန်ဖိုးနဲ့ လူတိုင်းတွင်ရရှိခံစားအပ်သည့် လူအခွင့်အရေး၊ လူဂုဏ်သိက္ခာများကိုလည်း လေးစားလိုက်နာဖို့လည်း လိုအပ်တာကြောင့် အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးတွေမှာ သဘောထားကြီးမှု အဓိကအရေး ပါ ပါတယ်။
ကျုပ်တို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံဖြစ်တဲ့ အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအင်အားဖြင့်သာ
ဖော်ဆောင် ချီတက်နိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံဟာ ပင်လုံစာချုပ်ကို လက်မှတ်
ရေးထိုးခဲ့လို့ ပြည်ထောင်စုဆိုတာဖြစ်လာတာပါ။ ပြည်ထောင်စုနိုင်ငံကို လက်တွဲဖော်ဆောင်
ခဲ့သူတွေပါ။ ပြည်ထောင်စုစနစ်ကို အခြေမခံဘဲ အမျိုးဘာသာ အခြေခံတဲ့လမ်းစဉ် လိုက်နေသရွေ့ ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရမှာဖြစ်ပါတယ်။ ပြည်ထောင်စုစနစ်ကို အခြေမခံရင်၊ လူမျိုးရေး၊ ဘာသာရေးတွေမှာ သဘောထားကြီးမှုမရှိရင် တိုင်းပြည်လည်း ပြောင်းလဲတိုးတက်မှာမဟုတ်ဘူး။ လူထုလည်း တိုးတက်မှာမဟုတ်ဘူး။
ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံဟာ ကိုးကွယ်ယုံကြည်ရာ
ဘာသာတရားတွေ ကွဲပြားကြပါတယ်။ မိမိတို့ရဲ့ ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်နေကြတာသာဖြစ်ပါတ
အကြောင်းပြုပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုက
မဟုတ်ပါဘူး။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုက
ဖိနှိပ်မှု၊ ခွဲခြားနှိမ်ချမှုနဲ့ တစ်ဖက်စောင်းနင်းဆက်ဆံမှုတို့ကို
ဒိမိုကရေစီစနစ်ကို ပြောင်းလဲဖော်ဆောင်ဖို့ အရေးတကြီးလိုအပ်နေတဲ့ အချက်ကတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလ
ရှေ့တန်းတင်ခွဲခြားမှုတွေ ဖန်တီးနေခြင်းဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဖီလာဆန့်ကျင်
ဖြစ်နေရုံ သာမက ဒီမိုကရေစီကျင့်စဉ်နဲ့ပါ ဆန့်ကျင်နေပါတယ်။
ကျုပ်တို့နိုင်ငံမှာ ရှေးရှေးမြန်မာဘုရင်တွေလက်ထက်ကစ
ကြိုးပမ်းနေချိန်မှာ တစ်ဖက်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလ
နေပေမယ့် ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကိုအကြောင်းပြုပြီး တိုင်းရင်းသားစည်းလုံး
ညီညွတ်မှုကို ဟန့်တားပျက်စီးစေမယ့် ဘာသာရေးအမြင်ကျဉ်း သွေးခွဲမှုဖြစ်ပေါ်စေနိုင်တဲ့၊ မတူညီတဲ့ ဘာသာတွေကြား ပဋိပက္ခတွေဖြစ်ပေါ်အောင် မျိုးစောင့်ဥပဒေပြဌာန်းဖို့ ကြိုးပမ်း
နေတာဟာ အာဏာရှင်စနစ်ရဲ့ နောက်ဆုံးခံစစ်လားဆိုတာ စဉ်းစားစရာဖြစ်နေပါတော့တယ်။
ဥပဒေပြဌာန်းတယ်ဆိုတာ လူတွေအချင်းချင်းကြားထဲ ပဋိပက္ခတွေ နည်းနိုင်သမျှနည်းအောင်နဲ့ ရှိတဲ့ပဋိပက္ခတွေကို အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းနိုင်အောင်၊ လူမှုအသိုင်းအဝိုင်းတစ်ခုကို အေးချမ်းသာယာအောင် ထိန်းသိမ်းဖို့ ပြဌာန်းတာမျိုးဖြစ်သင့်တယ်လို့ေ
ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားနဲ့တေ
ကျုပ်တို့နိုင်ငံကို စစ်မှန်တဲ့ဒီမိုကရေစီလူ့ဘောင် ပေါ်ထွန်းလာစေလိုတဲ့ဆန္ဒ အမှန်တကယ်
ရှိတယ်ဆိုရင်တော့ အာဏာရှင်စနစ်ရဲ့ နောက်ဆုံးခံစစ်ကို အပြီးတိုင် ဖြိုခွင်း ရှင်းလင်းဖို့
ကျုပ်တို့ တိုင်းရင်းသား၊ နိုင်ငံသား၊ မတူကွဲပြားတဲ့ လူမျိုးစုံ ဘာသာစုံ လူထုတစ်ရပ်လုံးက အမုန်း အာဃာတတွေ ကင်းစင်ပြီး၊ အပြန်အလှန် လေးစားယုံကြည်မှု အပြည့်အ၀နဲ့ အမျိုးသားပြန်လည်
ရင်ကြားစေ့ရေး လမ်းကြောင်းကိုသာ စိတ်ရင်းကောင်း စေတနာမှန်နဲ့ အတူတကွပူးပေါင်း ရွေးချယ်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
===============
myOewynn_11.03.2014