Home

Tuesday, July 22, 2014

"အင်္ဂုလိမာလ"

ပြောလိုက်ရင်
လေတစ်လုံး မိုးတစ်လုံး အရက်တစ်လုံးနဲ့
လက်ညှိုးညွှန်ရာ
မီးထတောက်မှ ပျော်နေ ရွှင်နေတတ်သူ။


သူထိုးတဲ့လက်ညှိုးမှာ
ငါတို့အားလုံး ရေနစ်ခဲ့ကြတယ်။

အမေ
ပြီးတော့
ဘုရားကို ဓါးနဲ့လိုက်သူကြီး။ ။

ခရမ်းပြာထက်လူ
၃၁ မေ ၂၀၁၄