နိုင်ငံရေးသဘောတရားမှာ နိုင်ငံရေးစနစ်ပေါ်မှာ လူထုက ဘယ်လောက်ယုံကြည်မှုရှိသလဲဆိုတာနဲ့သက်ဆိုင်တယ်။
နိုင်ငံရေးစနစ်တစ်ခုကိုယုံကြည်ဖို့၊ နိုင်ငံရေးစနစ်ကိုခံစားနိုင်ဖို့ဆိုတာ ဒီမိုကရေစီစနစ်မှာ အင်မတန် အရေးပါတယ်။
အစိုးရအနေတဲ့ လူထုရဲ့ယုံကြည်မှုတည်ဆောက်နိုင်ရမယ်။ လူထုရဲ့ယုံကြည်မှု မတည်ဆောက်နိုင်ရင် အာဏာတည်မြဲအောင်
ထိန်းသိမ်းဖို့ ခက်ခဲနိုင်တယ်။
အစိုးရဟာလူထုကောင်းကျိုးဖော်ဆောင်ပေးနိုင်မယ့်အစိုးရလို့ လူထုကယုံကြည်မှသာ အစိုးရအပေါ်လူထုက သစ္စာခံလာမယ်။ လူထုကလက်ခံမှသာ အစိုးရအနေနဲ့တည်မြဲမယ်။ နိုင်ငံတစ်နိုင်ငံ၊လူမျိုးတစ်မျိုးမှာ အစိုးရအပေါ်သစ္စာရှိတယ်ဆိုတာ အတိတ်သမိုင်းနဲ့ဆိုင်သလို အနာဂတ်နဲ့လည်းပတ်သက်တယ်။ လူထုဆန္ဒပြည့်ဝဖို့၊လူထုရဲ့ဘ၀တွေ အဆင့်အတန်းမြင့်မြင့် နေထိုင်နိုင်ဖို့ ဒီမိုကရေစီစနစ်အောင်မြင်မှဖြစ်မယ်ဆိုပြီး ခံယူထားတဲ့အပေါ်မှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ပေးမယ့် အစိုးရမျိုးကိုသာ လူထုက မျှော်လင့်မှာဖြစ်တယ်။
ဒီမိုကရေစီလို့အော်နေတဲ့ အစိုးရအဖွဲ့ကိုယ်တိုင်က မိမိတို့ကိုယ်ကျိုးအတွက်သာကြည့်ကာ အကျင့်ပျက်ချစားပြီး မမျှမတအုပ်ချုပ်နေရင် အစိုးရကို လူထုက အယုံအကြည်ရှိမှာမဟုတ်ပေ။ လူထုက အပြုသဘောဆောင်ပြီး အကြံပြုပါဝင်ကူညီမယ့်အစား အစိုးရကိုဆန့်ကျင်ဖက်ပြုလာတတ်တယ်။။ အစိုးရရဲ့ လူတစ်စုအခွင့်အရေးအတွက် ရည်ရွယ်ရေးဆွဲထားတဲ့ဥပဒေတွေ၊တရားမမျှတတဲ့ဥပဒေတွေနဲ့ ခြိမ်းခြောက်တဲ့ဥပဒေတွေကို ပြင်ဆင်ဖို့အတွက် လူထုကတောင်းဆိုလာကြမှာသာဖြစ်တယ်။
ဒီကနေ့လူထုက ဥပဒေတွေပြင်ဖို့ တောင်းဆိုလာရတာဟာ အစိုးရရဲ့အာဏာရှင်ဆန်မှု၊ ကိုယ်ကျိုးစီးပွားကြည့်မှု၊
မမျှမတအုပ်ချုပ်မှု၊ မမျှမတအကျိုးခံစားနေမှုနဲ့ တစ်ဖက်သတ် သီးခြားအခွင့်အရေးရလိုမှုအတွက်ရည်ရွယ်ရေးဆွဲထားတဲ့ ဥပဒေတွေကြောင့်သာ လူထုက တောင်းဆိုဆန္ဒဖော်ထုတ်လာကြတာဖြစ်တယ်။
______________________________________
m y O e w y n n _ 0 9 . 0 6 . 2 0 1 4