ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ရေးဆိုတာရေးသားရုံ၊ အာဘောင်အာရင်းသန်သန် ဟောပြောနေရုံနဲ့ မဖြစ်နိုင်ပါ။ လူ့အဖွဲ့အစည်းစိတ်ဓာတ်၊ ကမ္ဘာ့မိသားစုစိတ်ဓာတ်၊ လူသားစိတ်ဓာတ်ကို လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်မှသာ ဖြစ်နိုင်တယ်။
လူနဲ့လူကြား သွေးခွဲခြားခြင်း၊ မွေးဖွားရာဇာတိ၊ လူမျိုး ဘာသာ ကိုးကွယ်ယုံကြည်မှု
ခွဲခြားခြင်း၊ အသားအရောင်ခွဲခြားမှု၊ ယဉ်ကျေးမှု ဘာသာစကား အ၀တ်အစားအသွင်အပြင်ခွဲခြားခြင်း
လူ့အရည်အသွေးကောင်းခြင်း ဆိုးခြင်း၊ အကျင့်သီလကောင်းခြင်း ဆိုးခြင်း ၊ ယဉ်ကျေးမှုရှိခြင်း မရှိခြင်းတို့ကသာ လူချစ်လူခင်ပေါများမှု ဒါမှမဟုတ် လူမုန်းများမှုတွေ ဖြစ်စေနိုင်ပါတယ်။ လူလူချင်းကြား စံထားဂုဏ်တင်ပြောဆိုရမယ့် ကိစ္စက ယုံကြည်ချက်နဲ့ အသိပညာ၊ ဗဟုသုတ၊ အလိမ္မာ၊ စာနာတရား၊ ချစ်ခြင်းမေတ္တာနဲ့ အကျင့်သီလတွေသာဖြစ်တယ်။
လူမှုဘ၀တည်ဆောက်မှုမှာ အရေးကြီးဆုံအချက်ကတော့ လူအချင်းချင်း လူ့ဂုဏ်သိက္ခာကိုလေးစား တန်ဖိုးထားခြင်းဖြစ်သလို အဓိကအကျဆုံးလည်းဖြစ်တယ်။
______________________________
m y O e w y n n _ 2 3 . 0 7 . 2 0 1 4