ခေတ်အဆက်ဆက် လုပ်ခဲ့သမျှ
တိုင်းပြည်နဲ့ လူထုအကျိုးလုပ်ခဲ့တာ တစ်ခုမှမရှိခဲ့ဘူး။
ဆက်အုပ်ချုပ်ခွင့်ပေးထားရင်လည်း
တိုင်းပြည်နဲ့လူထုအကျိုးကို စေတနာနဲ့ လုပ်မှာမဟုတ်ဘူး။
ဒီနေ့ထိ တိုင်းပြည်တွင်းမှာဖြစ်နေတဲ့ ပြဿနာတွေအားလုံးကလည်း
အစိုးရရဲ့လှည့်ကွက်တွေချည်းပဲ။
အာဏာရှင်သက်တမ်းရှည်အောင် ဆွဲဆန့်နေတာချည်းပဲ။
အာဏာတည်မြဲဖို့ မသမာတဲ့နည်းလမ်းတွေကျင့်သုံးနေတ
ဒီမိုကရေစီနဲ့အလှမ်းကွာပြီး ဆန့်ကျင်ဖက်တွေဖြစ်နေတယ်။
တိုင်းပြည်နဲ့လူထုအကျိုး ဘာတစ်ခုမှမရှိဘူး။
တိုင်းပြည်နဲ့လူထုအကျိုး အမှန်တစ်ကယ်လိုလားတယ်ဆိုရင်
လူထုရဲ့အကျိုးလိုလားတဲ့ လူထုခေါင်းဆောင်နဲ့ သိက္ခာရှိရှိတွေ့ဆုံဆွေးနွေးပြီး
လူထုဆန္ဒနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုတယ်။
တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ယုံကြည်မှု၊
သည်းခံနားလည်မှု၊ လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုရှိမှသာ
တိုင်းပြည်နဲ့လူထုအကျိုးကို ဖော်ဆောင်နိုင်မှာဖြစ်တယ်။
စစ်မှန်တဲ့ဒီမိုကရေစီဖော်ဆောင်ေ
ဒီမိုကရေစီဖော်ဆောင်ရေးရဲ့အဓိကြ
တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကိုက
ကိုယ်ကျင့်တရားကောင်းကောင်း၊ စိတ်ကောင်းစေတနာမှန်နဲ့
ဒီမိုကရေစီလမ်းကြောင်းကို ရွေးချယ် လျှောက်လှမ်းသင့်တယ်။
လူထုကလည်း စစ်မှန်တဲ့ဒီမိုကရေစီအစိုးရ၊ လူထုအခြေပြုအစိုးရ၊
အရပ်သားအစိုးရတစ်ရပ်ကို လိုလားတယ်ဆိုရင်
လူထုခေါင်းဆောင်နဲ့အတူ ၀န်းရံကြိုးပမ်းဖို့လိုတယ်။
လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့စ
စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းကြိုးပမ်းဖို့လိုတယ်။
လူထုအနေနဲ့ ယုံကြည်ချက်၊ ခံယူချက်၊ အတွေးအမြင် အယူအဆ ခိုင်မာဖို့၊
ယဉ်ကျေးဖို့၊ ခေတ်မီဖို့၊ လူထုအချင်းချင်းလူ့ဂုဏ်သိက္ခာကို
ပြည်သူနီတိ အခြေခံကောင်းတွေရှိဖို့ လိုတယ်။
အာဏာရှင်ကိုဆန့်ကျင်တယ်ပြောပြီး
ဒီမိုကရေစီအသိတရားကင်းမဲ့စွာ အာဏာရှင်တို့ရဲ့ ထောင်ချောက်ထဲဝင်တိုးနေတာ၊
နိုင်ငံသားအချင်းချင်း စည်းလုံးမှုပျက်ပြားအောင်ဖန်တီးမ
အဖျက်အမှောင့်လုပ်လိုသူတွေရဲ့ အပျက်လမ်းဖော်ဆောင်မှုမှာ လိုက်ပါနေတာနဲ့
လူထုခေါင်းဆောင်ကို တိုက်ခိုက်နေတာတွေဟာ......
လူထုအကြောင်း နောကျေနေတဲ့ အာဏာရှင်တို့အတွက်တော့
အာဏာရှင်သက်တမ်းရှည်ဖို့၊ အာဏာအစွန်းရောက်ဖို့၊
အာဏာကို အစွမ်းကုန်ကျင့်သုံးနိုင်ဖို့နဲ
လူထုအပေါ်အနိုင်ကျင့် စိုးမိုးချယ်လှယ်နိုင်ဖို့ တွန်းအားတွေပါပဲ။
______________________________
m y O e w y n n _ 01.04.2014