Home

Saturday, July 26, 2014

သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿရ ၏ ဆုံးမစကား

မည်သည့် အကြောင်းကြောင့် အကြမ်းဖက်တာကို ဖြစ်စေ ဒို့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။
ဘယ်လူမျိုးက ဘယ်လူမျိုးကို အကြမ်းဖက်ဖက် ဒို့ ပြင်းပြင်းထန်ထန်ရှုံ့ချတယ်။
အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓရဲ့တရားတော် ဗုဒ္ဓရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပြီးတော့ 
လူမျိုးတိုင်းကို အေးအေးချမ်းချမ်း စောင့်ရှောက်ဖို့ ကောင်းတယ်။ စောင့်ရှောက်သင့်တယ်။


နိုင်ငံတော်ရဲ့ အေးချမ်းသာယာမှု ကိုလည်းပဲ အထူးသဖြင့် 85% ရှိတဲ့ ၈၅ ရာခိုင်နှုန်း ရှိတဲ့
ဗုဒ္ဓဘာသာဝင်တွေက ၀ိုင်းဝန်းပြီးတော့ စောင့်ရှောက်ဖို့ကောင်းတယ်။ 
အဲဒီတော့ လူတစ်ယောက်သည် လူတစ်ယောက်ကို နှိပ်စက်ငြှင်းဆဲ ပိုင်ခွင့်မရှိဘူး။
လူတစ်ယောက်သည် လူတစ်ယောက်ကို စောင့်ရှောက်ကူညီနိုင်ခွင့်ပဲရှိတယ်။
လူအခွင့်အရေးဆိုတဲ့ အဲဒီဥစ္စာက အထွတ်အထိပ်ပဲ။

အဲဒါကြောင့် ဗမာတွေ ဘုရားအဆုံးအမနဲ့ အထူးသဖြင့် သံဃာတော်အရှင်အမြတ်တွေ 
မြတ်စွာဘုရားရဲ့တရားတော်နဲ့ လူသားတိုင်းရဲ့ ငြိမ်းချမ်းရေးကို စောင့်ရှောက်တော်မူကြပါလို့.....
ဒါပဲပြောချင်ပါတယ်။

သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿရ