Home

Saturday, July 19, 2014

ဆွေမျိုးပေါက်ဖော်၊ အာဏာရှင်၊ ခရိုနီနဲ့ အ၀ကျွန်းသားတို့ရဲ့အဖနိုင်ငံတော်

ရခိုင်ပြည်နယ်မှာ ဒေါ်စုပါတီ (NLD) လွှမ်းမိုးနိုင်မှု မရှိမှသာ....
ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေမှာသာ....
ရခိုင်ပြည်နယ်မှာ UN နဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ မရှိမှသာ....



ရခိုင်ပြည်နယ်အတွင်းက ဓာတ်ငွေ့သိုက်တွေကို တရုပ်နဲ့
လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်မှာပါ။
အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်ဖို့
ကြိုးပမ်းနေတဲ့ တရုပ်ရဲ့မဟာဗျူဟာမြောက်လုပ်ကွက်တွေ
လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်မှာပါ။
တရုပ်ရဲ့ဆက်သွယ်ရေးလမ်းကြောင်းပွင့်ဖို့ ချဲ့ထွင်နေတဲ့
ကျောက်ဖြူဆိပ်ကမ်းစီမံကိန်း
လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်မှာပါ။
ကျောက်ဖြူ-ကူမင်းရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း
လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်မှာပါ။
တရုပ်နဲ့ အာဏာရှင်၊ ခရိုနီတို့အကျိုးအတွက်
လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်မှာပါ။

တရုပ်နဲ့ အ၀ကျွန်းသားရခိုင်တွေပေါင်းပြီး
နိုင်ငံတော်ကနေ ခွဲထွက်ဖို့နဲ့
အဖ ရခိုင်နိုင်ငံတော် တည်ထောင်နိုင်ဖို့အတွက်
လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်မှာပါ။

ဒါကြောင့်ပဲ ရခိုင်ပြည်နယ်ဒေသတစ်ခုလုံး
ဒေါ်စုပါတီ လွှမ်းမိုးလို့ မရအောင်၊ ဒေါ်စုခြေချလို့ မရအောင်၊
ရခိုင်လူမျိုးစုတစ်ခုလုံးက ဒေါ်စုကို နာကျည်းမုန်းတီးအောင်၊
ရခိုင်လူမျိုးစုတစ်ခုလုံးနဲ့ ရန်တိုက်သွေးခွဲထားတာပါ။

တဆက်တည်းမှာပဲ ခေတ်အဆက်ဆက် အတူနေလာခဲ့ကြတဲ့
လူမျိုးစုအချင်းချင်း သွေးခွဲရန်တိုက်ကာ အမုန်းတရားမီးမွှေး၊
ပဋိပက္ခတွေနဲ့ ပြဿနာတွေဖန်တီးပေးထားပြီး
ပြည်သူလူထုကိုလည်း အာရုံလွှဲထားလိုက်တာပါ။

နိုင်ငံတကာနဲ့ ရခိုင်ပြည်နယ် သတင်းအဆက်အသွယ်ပြတ်တောက်စေဖို့
ရခိုင်အကြမ်းဖက်သမားတွေ ကို သွေးထိုးမြှောက်ပင့်ပေးပြီး
UN နဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေရဲ့ရုံးခန်းတွေ၊ အိမ်တွေနဲ့ ဂိုဒေါင်တွေဖျက်ဆီးပြီး
ရခိုင်ပြည်နယ်ထဲက ထွက်သွားအောင် နည်းအမျိုးမျိုးနဲ့ အကြမ်းဖက်နေတာပါ။

ခိုးဝင်ဘင်္ဂါလီ ရခိုင်ဗုဒ္ဓဘာသာဝင် အ၀ကျွန်းသား ရခိုင်အစွန်းရောက်တွေက
တရုပ်နဲ့ လက်သိပ်ထိုး ပူးပေါင်းပြီး အဖ ရခိုင်နိုင်ငံတော် တည်ထောင်ဖို့
တိုင်းပြည်ကို ဖျက်ဆီးနေကြတာပါ။

ခိုးဝင်ဘင်္ဂါလီရှိတယ်ပြောပြီး နောက်တော့ မရှိဘူးလို့ငြင်းဆိုတာ
ခိုးဝင်ဘင်္ဂါလီတွေဟာ အ၀ကျွန်းသားဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေလို့ပါ။

ရခိုင်အရေးအခင်းမှာ ရခိုင်ပါတီတွေပါဝင်တယ်ဆိုပြီး
လွှတ်တော်ကို ညွှန်ကြားစာပို့ပြီးမှ ပြန်ရုပ်သိမ်းခဲ့တာ
တရုပ်ဖိအားကို မလွန်ဆန်နိုင်လို့ပါ။
_________________________________________
m y O e w y n n _ 0 3 . 0 4 . 2 0 1 4