Home

Saturday, July 26, 2014

လမ်းသစ်ထွင်ဖို့ ပါဝင်ပူးပေါင်းကြပါစို့။

အရေးကြီးနေလို့
သွေးစည်းကြမလား
မစဉ်းစားဘဲ
အရေးထဲ အရာပေါ်
သွေးကွဲဖို့ လှုံ့ဆော်။

အခုခေါ်ရမှာက
အပြုသဘောဆောင်ဖို့


လက်တွေ့မှာတော့
အပျက်ဖက်ဦးတည်
မယောင်ရာဆီလူး။

ဘာသာရေးလား
နိုင်ငံရေးလား
အမျိုးသားရေးလား
ကွဲကွဲပြားပြား
မခွဲခြားနိုင်တာလား။

ဒီအတိုင်းသာသွား
ဝါးတားတားနဲ့
လုံးပါးပါးပြီး
နောက်မျိုးဆက်များ
ဘယ်လိုစိတ်ချ ထားခဲ့မှာလဲ။

ဒုတိယတန်းစား
လူမျိုးစုများ
တန်းတူညီမျှ
အခွင့်အရေးမရ
နိမ့်ကျဘ၀ ထားခဲ့မှာလား။

ကိုယ်ရေးတဲ့သမိုင်း
မရိုင်းရအောင်
ကိုယ့်သမိုင်း ကိုယ်ပြင်
လမ်းသစ်ထွင်ဖို့
ပါဝင်ပူးပေါင်းကြပါစို့။            ။
______________________________________
m    y    O    e    w    y    n    n _ 1 3 . 0 6 . 2 0 1 4