Home

Saturday, July 19, 2014

စက်ရုပ်နှလုံးသားနဲ့ ရုပ်သေးမင်းသား

မင်းသားကြီး မလုပ်ရလို့

ပတ်မကြီး ထိုးမဖောက်နဲ့တဲ့။

ပတ်မကြီး ထိုးဖောက်ပြီး

သနားကမားရုပ်နဲ့

မင်းသားကြီးလုပ်။


မင်းသားတော့ မင်းသား

နောက်ကြိုးများ ရှုပ်ထား

စက်ရုပ်နှလုံးသားနဲ့ ရုပ်သေးမင်းသား

အပြောတခြား အလုပ်တခြား

ကို့ရို့ကားယား။

အပြောင်းအလဲဆိုတဲ့ စကား

နားဝမှာကြားရတာ

မကြားချင် အဆုံး။

ဘောင်းဘီရှည် ချိတ်ထမိန်ဖုံးတွေက

ဗလောင်းဗလဲတွေနဲ့ မိန်းမရွှင် ရှုံး။
____________________________
m y O e w y n n _ 29.03.2014