တိုးတက်ဖွံ့ဖြိုးတဲ့လူ့ဘောင်တစ်
နိုင်ငံအတွင်းမှာရှိတဲ့ လူတွေအားလုံးက စည်းလုံးဖို့၊ ညီညွတ်ဖို့ မဖြစ်မနေလိုတယ်။
စည်းလုံးဖို့၊ ညီညွတ်ဖို့အတွက် နိုင်ငံတွင်းမှာ ခေတ်အဆက်ဆက်ရှိနေကြတဲ့
လူ့အဖွဲ့အစည်းတိုင်းက ဒီမိုကရေစီစနစ်ရဲ့အခြေခံသဘောတရားတွေကို
လက်ခံယုံကြည်တန်ဖိုးထားမှုရှိရမယ
ဒီမိုကရေစီစနစ်ကို နားလည်သဘောပေါက်ရမယ်။
ဒီမိုကရေစီစနစ်နဲ့သက်ဆိုင်တဲ့ အသိပညာ၊ ဗဟုသုတတွေလိုအပ်တယ်။
ဒီမိုကရေစနစ်ရဲ့ ကျင့်စဉ်တွေအပေါ်မှာ လိုက်နာကျင့်ကြံရမယ်။
မိမိနဲ့ အယူအဆမတူတာ၊ ယုံကြည်ချက်မတူတာ၊
လူမျိုးမတူုတာ၊ ဘာသာမတူတာတွေ ရှေ့တန်းမတင်ကြဘဲ
နိုင်ငံသားအချင်းချင်း၊ လူသားအချင်းချင်းဆိုတဲ့ စိတ်မျိုးမွေးမြူနိုင်ကြရမယ်။
မတူကွဲပြားမှုကို လက်ခံ ယုံကြည်ရမယ်။
မတူကွဲပြားမှုတွေမှာ မိမိတို့ရဲ့ယဉ်ကျေးမှုအစဉ်အလာကို
စည်းလုံးညီညွတ်တဲ့အင်အားစုဖြစ်ေ
လူ့အဖွဲ့အစည်းအချင်းချင်း စိတ်ရှည်သည်းခံပြီး အမြှော်အမြင်ရှိရမယ်။
လူ့အဖွဲ့အစည်းအချင်းချင်း၊ လူတစ်ဦးချင်း ရိုးသားတဲ့ စိတ်နေသဘောထားနဲ့ ဆက်ဆံရမယ်။ တန်းတူညီမျှတဲ့ အခွင့်အရေးပေးရမယ်။
တပါးသူကို မထိခိုက်တဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ယုံကြည်ခွင့်၊
တွေးခေါ်နိုင်ခွင့်၊ ဆန္ဒထုတ်ဖော်နိုင်ခွင့်၊ ရေးသားနိုင်ခွင့် ရရှိရမယ်။
လူအဖွဲ့အစည်းတိုင်းက တူညီတဲ့ ဘုံသဘောထားနဲ့ ဘုံရည်မှန်းချက်ရှိရမယ်။
လူအဖွဲ့အစည်းတိုင်းက မိမိအမျိုးချစ်တဲ့စိတ်ထက်
တိုင်းပြည်နဲ့ ပြည်သူလူထုကို ချစ်တဲ့စိတ် မွေးမြူရမယ်။
လူအဖွဲ့အစည်းတိုင်းက တိုင်းပြည်နဲ့ပြည်သူလူထုကို အလုပ်အကြွေးပြုနိုင်ရမယ်။
အမှန်တရားအတွက် ဘက်မလိုက်ဘဲ မားမားမတ်မတ်ရပ်တည်ရမယ်။
အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမယ်။ မမှန်မကန်လုပ်မှုတွေ၊ မမျှတမှုတွေ၊
မတရားမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရမယ်။
လူ့အဖွဲ့အစည်းအချင်းချင်း၊ လူတစ်ဦးချင်း အပြန်အလှန်နားလည်ခွင့်လွှတ်ပြီး
တစ်ဦးရဲ့ဂုဏ်သိက္ခာကို တစ်ဦးက လေးစားရမယ်။
ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့၊ သဟဇာတဖြစ်တဲ့
အသိပညာတွေ၊ ဗဟုသုတတွေဖြန့်ဝေပေးမယ့်
အဖွဲ့အစည်းတွေ ၊အုပ်စုတွေနဲ့လူပုဂ္ဂိုလ်တွေ လိုအပ်တယ်။
ဒါမှသာ စစ်မှန်တဲ့လွတ်လပ်မှု၊ စစ်မှန်တဲ့ငြိမ်းချမ်းမှုရှိပြီး
တည်တံ့ခိုင်မာတဲ့ ...ပြည်ထောင်စုစိတ်ဓာတ်ရှိတဲ့
ဒီမိုကရေစီလူ့ဘောင်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
myOewynn_25.02.2014 —