လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှု
အတွေးအခေါ်၊အယူအဆ၊ အသားအရောင် မတူကွဲပြားတဲ့
လူမျိုးစုတွေ ပေါင်းစုနေထိုင်ကြတာသာဖြစ်တယ်။
အင်အားကြီးတဲ့သူ၊အင်အားနည်းသူ ခွဲခြားရေးဆိုတဲ့ မူ မရှိစေရပါ။
အရေအတွက်များတဲ့သူ၊ အရေအတွက် နည်းတဲ့သူ ခွဲခြားရေးဆိုတာလည်း မရှိရပါ။
နိုင်ငံသားအားလုံး တန်းတူအခွင့်အရေးရှိရပါမယ်။၊
နိုင်ငံသားတိုင်း နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိရမယ
ဥပဒေအရ တန်းတူ ညီမျှမှုရှိရမယ်၊ ဥပဒေအရ တန်းတူ အကာအကွယ်ပေးရမယ်။
တန်းတူအခွင့်အရေးရရှိအောင် ဖော်ဆောင်ရပါမယ်။
နိုင်ငံသားအားလုံး ပါဝင် ပူးပေါင်းခွင့်ရှိကြရပါမယ်။
နိုင်ငံသားအားလုံး ပါဝင် ပူးပေါင်း စဉ်းစားပြီး
နိုင်ငံသားအားလုံး အကျိုးဖြစ်ထွန်းစေမယ့်
စနစ်မျိုးနဲ့လမ်းစဉ်မျိုးကို အကောင်ထည်ဖော်ကျင့်သုံးရမယ်။
ဒါမှသာ စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
လူတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ယုံကြည်ခွင့်၊ ဖော်ထုတ်ခွင့်၊
ဆွေနွေးတင်ပြခွင့်၊ ပြောဆိုပိုင်ခွင့်၊ ထုတ်ဝေခွင့်၊ စုဝေးခွင့်၊ ဆန္ဒပြခွင့်၊ မရှိရင်
စစ်မှန်တဲ့ ဒီမိုကရေစီလို့ ခေါင်းစဉ်မတပ်သင့်ပါ။
myOewynn_23.02.2014