အစွန်းရောက်မျိုးချစ်စိတ်၊ အစွန်းရောက်ဘာသာရေးစိတ်၊ အစွန်းရောက် အမျိုးသားရေးစိတ်နဲ့ တစ်ဖက်သာမြင်ပြီး တစ်ဖက်ကန်းနေတဲ့ဝါဒတွေဟာ ကျွန်တော်တို့ အသက်၊ သွေး၊ ချွေး စတေး တိုက်ပွဲဝင်တောင်းဆိုခဲ့ကြတဲ့ လူအခွင့်အရေး၊ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေးတို့နဲ့ ဆန့်ကျင်နေပါတယ်။လူသားတိုင်းအတွ
စိတ်ခံစားမှုများကို ရှေ့တန်းတင်တဲ့၊ လွဲမှားတဲ့ အယူသီးအစွန်းရောက်တဲ့ လုပ်ရပ်တွေက ဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေကို ကြုံတွေ့နိုင်ပါတယ်။ဘယ်အစွန်းရေ
ဖြစ်စေပါတယ်။
အာဏာရှင်စနစ်ရှင်သန်တည်မြဲဖို့သ
လူထုကိုကွဲအောင် သွေးမခွဲကြပါနဲ့ဗျာ။ ဒီသင်္ခန်းစာတွေကို နှလုံသွင်းရင်း အစွန်းရောက်မှုတွေကို ခ၀ါချ လိုက်ကြပါ ။ အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်ဖို့ ဦးတည်ချက်တွေနဲ့ လုပ်ဆောင်သွားကြပါဗျာ။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း ဆိုးမွေတွေထဲက ရုန်းထ ရှောင်ထွက်ဖို့ လိုအပ်ပါတယ်။
နိုင်ငံသား တစ်ဦးချင်းစီရဲ့ မျှော်လင့်ချက်အလင်းတန်းတွေ ရှင်သန်နိုင်အောင် ပွင့်လင်း လွတ်လပ်ပြီး အပြန်အလှန်လေးစားတဲ့ လူ့အဖွဲ့အစည်းအဖြစ် ထူထောင်ကြရမယ်။
လူရယ်လို့ဖြစ်လာရင် ဘယ်အစွန်းရောက်မှုမျိုးကိုမှ အားမပေးခဲ့ပါဘူး။ မတိုက်တွန်းခဲ့ပါဘူး။ မချီးမွှမ်းခဲ့ပါဘူး။ မဇ္ဈိမပဋိပဋာ လမ်းစဉ်သာလျှင် လူသားကောင်းကျိုး သယ်ပိုးနိုင်တာမို့ မိမိတို့ ယုံကြည်တဲ့ စိတ်ခံစားချက်တွေ၊ အတွေးအခေါ်တွေ၊ ခံယူချက်တွေနဲ့ လူသားအားလုံးကို လင်းဝင်းမှု၊ အေးငြိမ်းမှုတွေ လွှမ်းခြုံပေးနိုင်အောင် စွမ်းဆောင်ရင်း အေးချမ်းတည်ငြိမ်တဲ့ ကမ္ဘာ့မိသားစု အသိုက်အမြုံကို တည်ဆောက်ကြပါစို့လားခင်ဗျား။ ။
------------------------------
myOewynn_12.03.2014