ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ်၊
ဘယ်လောက်ကြီးကျယ်တဲ့ လူမျိုးကြီးလို့
ကြွေးကြော်နေပါစေ။
ဘယ်လောက်မြင့်မြတ်ကောင်းမွန်တဲ့
ဘာသာကိုပဲ ကိုးကွယ်နေပါစေ။
အမှန်သစ္စာတရားကို သစ္စာဖောက်၊
မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရား ခေါင်းပါး၊
နှောင်ကြိုးမဲ့ ပရဟိတစိတ် မရှိ၊
သူတော်ကောင်းတရား မကျင့်ကြံ ဘဲ
မသမာတဲ့အောက်လမ်းနည်းတွေသုံးပြီ
ဒုစရိုက်မှုတွေ မတရားမှုတွေနဲ့ အကြမ်းဖက်မှုတွေကို
ကျူးလွန်အားထုတ်နေရင်
သူယုတ်မာသာ ဖြစ်ပါတယ်။
myOewynn_27.02.2014