Saturday, July 19, 2014
ပြည်သူ့အကျိုးအတွက် ပြည်သူကတင်မြှောက်သော ပြည်သူ့အစိုးရ။
ကျွန်ုပ်တို့အတွက် သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့ကြသော
အာဇာနည်တို့၏ မပြီးဆုံးသေးသောလုပ်ငန်းကို
ကျွန်ုပ်တို့က ဆက်လက်ပြီး လုပ်ကိုင်သွားရန်သာဖြစ်သည်။
ကျွန်ုပ်တို့သည် ကျဆုံးခဲ့သော
အာဇာနည်တို့ဧ။် ရည်မှန်းချက် ပန်းတိုင်အတွက်
ထိုအာဇာနည်တို့၏ စိတ်ဓါတ်မျိုးကို
ဆတက်ထမ်းပိုးတိုးကာ ပွားများစေရမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် ကျဆုံးခဲ့သူတို့၏ အသက်စွန့်မှုကို
အကျိုးမဲ့ အသက်စွန့်ခြင်း အဖြစ်သို့ မရောက်ရလေအောင်
အလေးအနက် သန္နိဌာန် ချမှတ်ကြရမည်ဖြစ်သည်။
ကျွန်ုပ်တို့ ပြည်သူတရပ်လုံးသည်
"ပြည်သူ့အကျိုးအတွက် ပြည်သူကတင်မြှောက်သော ပြည်သူ့အစိုးရ"
ဤကမ္ဘာ္ဘမြေပြင်ပေါ်တွင် ကွယ်ပျောက်ခြင်းမရှိအောင်
ဆောင်ရွက်ကြရမည်ဖြစ်သည်။
(အမေရိကန်သမ္မတ အီဗရာဟင်လင်ကွန်း၏ ဂတ်တီးစဘတ် မိန့်ခွန်းမှ)