Home

Saturday, July 19, 2014

နောက်ကြောင်းပြန်လှည့် ငုတ်တုတ်မေ့မည်။

အနောက်ဖက်မှာ တရုတ် ဂက်စ်လိုင်း (Gas Line)
သူတို့ ဂျွိုင်း(Join)ဖို့ စီစဉ်တဲ့အခါ
လူမျိုးရေး ပြဿနာ လုပ်ကြံဖန်တီး
ဒေါသဖြစ်ကာ လူအုပ်ကြီးက ကြိုးဆွဲတဲ့အတိုင်း
ထိန်းမနိုင်သိမ်းမရ လုကြယက်ကြ မီးတင်ရှို့ကြ
ဘာသာရေးကို ဆွဲသွင်းအသုံးချ။



ထီလာမြေတလွှား ရွှေ-ကြိုင် သမီးများ
အပိုင်စီးဖို့ စီရင်ပြုစု
ရွှေတုလာရောင်း အခွင့်ကောင်းသုံးပြီး
ဒေါသဖြစ်ကာ လူအုပ်ကြီးက ကြိုးဆွဲတဲ့အတိုင်း
ထိန်းမနိုင်သိမ်းမရ လုကြယက်ကြ မီးတင်ရှို့ကြ
ဘာသာရေးကို ဆွဲသွင်းအသုံးချ။

ကျပ်မပြည့်သူကညာ စက်ဘီးမနိုင်
ယိုင်တိုင်တိုင်နဲ့ ၀င်တိုက်ပြန်တော့
ကိုရင်ခမျာ သပိတ်ကျကွဲ လျော်ပေးလဲမရ
ဒေါသဖြစ်ကာ လူအုပ်ကြီးက ကြိုးဆွဲတဲ့အတိုင်း
ထိန်းမနိုင်သိမ်းမရ လုကြယက်ကြ မီးတင်ရှို့ကြ
ဘာသာရေးကို ဆွဲသွင်းအသုံးချ။

အရက်သမား အမူးပါးက
မယားပါသမီး အသာအယာညု ပြီး
မုဒိန်းမှုမြောက်တာ ဥပဒေအရ မဆုံးဖြတ်ကြ
ဒေါသဖြစ်ကာ လူအုပ်ကြီးက ကြိုးဆွဲတဲ့အတိုင်း
ထိန်းမနိုင်သိမ်းမရ လုကြယက်ကြ မီးတင်ရှို့ကြ
ဘာသာရေးကို ဆွဲသွင်းအသုံးချ။

လူငယ်ပီပီ သမီးရည်းစား ချစ်ကြိုက်သွားလည်း
ဘာသာမတူ မယူကြကြေး သူတို့အတွေးနဲ့
မနာလိုကိုယ်တော်တွေ မျိုးစောင့်ဥပဒေအဆိုအရ
ဒေါသဖြစ်ကာ လူအုပ်ကြီးက ကြိုးဆွဲတဲ့အတိုင်း
ထိန်းမနိုင်သိမ်းမရ လုကြယက်ကြ မီးတင်ရှို့ကြ
ဘာသာရေးကို ဆွဲသွင်းအသုံးချ။

ရူးနှမ်းပေါချာ ဆေးကြောင်ဘိန်းစား ငွေပေးခိုင်းကာ
ဆီဆိုင်ကမိန်းကလေး ဆီနဲ့ပက်ပြေး ၀ိုင်းဖမ်းမိတာ
အချုပ်ခန်းထဲ ထိမ်းချုပ်ထားလဲ ချက်ချင်းထုတ်ပါ
ဒေါသဖြစ်ကာ လူအုပ်ကြီးက ကြိုးဆွဲတဲ့အတိုင်း
ထိန်းမနိုင်သိမ်းမရ လုကြယက်ကြ မီးတင်ရှို့ကြ
ဘာသာရေးကို ဆွဲသွင်းအသုံးချ။

ရွေးကောက်ပွဲမှာ ရိုးသားစွာနဲ့ နိုင်ဖို့မသေချာ
လမ်းမှန်ကိုမရွေး အောက်လမ်းနည်းနဲ့ သွေးထိုးမြှောက်ပေး
ချောက်ထဲတွန်းချသူက ကယ်တင်ရှင်ပမာ
သူတော်ယောင်ဆောင် ပဏာလုပ်ပြီး
အာဏာလက်မလွှတ်ရရေး ပွဲလန့်တုံးလေး ဖျာဝင်ခင်းမှာ
ဒေါသဖြစ်ကာ လူအုပ်ကြီးက ကြိုးဆွဲတဲ့အတိုင်း
ထိန်းမနိုင်သိမ်းမရ လုကြယက်ကြ မီးတင်ရှို့ကြ
ဘာသာရေးကို ဆွဲသွင်းအသုံးချ။

ဘာသာရေးကို နိုင်ငံရေးထဲ
ဆွဲသွင်းအသုံးချ လုပ်နေကြရင်
ပါလီမန်ခေတ်၊ နမူနာအီဂျစ်
သမိုင်းပြန်ရစ် သတိဖြစ်စေချင်သည်။

ထိခိုက်ပျက်စီး ပြန်လဲပြိုကျ လက်လွတ်တော့မှ
အသက်သွေးချွေး စတေးရင်းနှီး
ရယူထားရ ငါတို့ဘ၀တွေ
နောက်ကြောင်းပြန်လှည့် ငုတ်တုတ်မေ့မည်။

myOewynn_22.02.2014
 —