ဓနဂုဏ်ကြွယ်ဝသူများ၊ အိမ်ရှင်များဟု စိတ်ကြီးဝင်ကာ
မိမိတို့ နိုင်ငံသားအချင်းချင်း လူမျိုးရေးခွဲခြားခြင်း၊
ဘာသာရေးခွဲခြားခြင်း၊ လူတန်းစားခွဲခြားခြင်း၊ အဆင့်အတန်းခွဲခြားခြင်း၊
ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားခြင်း
လက်အောက်ခံများ လက်ဝေခံများသဖွယ် စီမံအုပ်ချုပ်ရန် ကြံစည်နေသမျှ
ထိုနိုင်ငံတွင် ဒီမိုကရေစီ သဘောတရားများ ကင်းမဲ့နေမည်ဖြစ်ပြီး၊
ဒီမိုကရေစီစနစ် ထွန်းကားလာမည်မဟုတ်သည့်အပြင်
ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်လိမ့်မည်မဟုတ်ပေ။
ထိုတိုင်းပြည်နှင့် လူမျိုးတို့တွင်လည်း ဒီမိုကရေစီစနစ်၏ အနှစ်သာရများဖြစ်သော
ဥပဒေအရ ညီမျှခြင်း၊ မဲပေးပိုင်ခွင့်ရှိခြင်းတို့ကင်
ခိုင်မာသည့် ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ပေါက်လာရန် ခက်ခဲပေလိမ့်မည်။
ဒီမိုကရေစီဆိုတာ ၀ါဒတစ်ရပ်မဟုတ်၊ ကျင့်စဉ်တစ်ရပ် စနစ်တစ်ရပ်သာဖြစ်သည်။
လူသားအချင်းချင်း လူ့ဂုဏ်သိက္ခာကို လေစားတန်ဖိုးထားပြီး
လူသားတိုင်း တန်းတူညီမျှ အခွင့်အရေးရှိသည်ဟူသော
သဘောတရားကို လက်ခံနားလည်နိုင်သည့် နိုင်ငံများနှင့် လူမျိုးများတွင်သာ
ဒီမိုကရေစီစနစ် ထွန်းကားနိုင်ပေသည်။
mmw.rasu_07.02.2014 —