အသက်ကို ရန်မရှာဖူးသလို မသေမရှင် မီးရှို့သတ်တယ်ဆိုတာလည်း မရှိခဲ့ပါဘူး။
အိုးအိမ်တွေကို မဖျက်ဆီးဖူးသလို၊ မီးတင်ရှို့တယ်ဆိုတာလည်း မရှိခဲ့ပါဘူး။
ဥစ္စာပစ္စည်းတွေ လုယက်ဖူးခြင်းမရှိသလို၊ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးတယ်ဆိုတာလည်း မရှိခဲ့ပါဘူး။ ဇာတိချက်ကြွေ မွေးရပ်မြေက မောင်းထုတ်တယ်ဆိုတာလည်း မရှိခဲ့ပါဘူး။
သာသနိကအဆောက်အဦတွေ၊ ၀တ်ကျောင်းတော်တွေနဲ့ စာသင်ကျောင်းတွေ မီးရှို့တာ၊ လက်ဝါးကပ်တိုင်တွေဖြိုဖျက်ရိုက်
ရထားလမ်းတွေမှာ မိုင်းထောင်တာ၊ လူစည်ကားရာနေရာတွေ၊ ရှော့ပင်းမော်လ်တွေ ဗုံးခွဲတိုက်ခိုက်တယ် ဆိုတာလည်း မရှိခဲ့ပါဘူး။ ရပ်တကာ နယ်တကာလှည့်ပြီး လူမျိုးရေးမုန်းတီးမှုတရားတွေ မဟောပါဘူး။ ပြဿနာတွေ ပဋိပက္ခတွေဖန်တီးတာ အကြမ်းဖက်မှုတွေ၊ ဥပဒေမဲ့ ရမ်းကားမှုတွေ လုပ်တာလည်း မရှိခဲ့ပါဘူး။ စစ်သွေးကြွတာတွေ၊ အစွန်းရောက်တာတွေ အစဉ်အလာလည်း မရှိခဲ့ပါဘူး။ သံဃာတော်တွေကို မီးလောင်းဗုံးနဲ့ မတိုက်ခိုက်ခဲ့ပါဘူး။ နိုင်ငံတော်ရဲ့ သယံဇာတတွေကို အမြတ်ထုတ် ခေါင်းဖြတ်မဖြတ်ခဲ့ပါဘူး။
နှစ်ကာလကြာရှည်စွာ တစ်မြေတည်းနေ တစ်ရေတည်းသောက် ဘိုးစဉ်ဘောင်ဆက် အတူနေလာခဲ့ကြတယ် ။ ခေတ်အဆက်ဆက် တိုင်းပြည်အရေးတွေမှာ သက်စွန့်ကြိုးပမ်း လက်တွဲ ပါဝင်ခဲ့တယ်။ ကိုလိုနီခေတ်မှ ယနေ့တိုင်အောင် မိမိတို့ကိုယ်ကျိုးအတွက် ဘာအခွင့်အရေးမှ သီးခြား မတောင်းဘဲ နိုင်ငံအတွက် တန်းတူညီတူ ပူးပေါင်းပါဝင်ခဲ့တယ်။
အခု ခေတ်ပြောင်း စနစ်ပြောင်းဖို့ အသက်သွေးချွေးစတေးပြီး ၀ိုင်းဝန်းကြိုးပမ်းလို့ အလင်းတန်းလေး မှုန်ပြပြ မြင်ရရုံရှိသေးတယ်။ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စ်လင်မ်တွေကို အိမ်ရှင် ဧည့်သည်ဆိုတဲ့ အသုံးအနှုံးတွေနဲ့အချိုးပြောင်း ဆက်ဆံလာတာ၊ တရားမ၀င်ခိုးဝင်လာသူတွေအလား ခွဲခြားဆက်ဆံ လာတာ၊ နှိမ့်ချစော်ကားလာတာ၊ ရန်လိုမုန်းတီးလာတာ၊ ပစ်မှတ်ထားတိုက်ခိုက်လာတာ၊
သွေးခွဲသပ်လျှိုလာတာ၊ အမုန်းပွား အာဃာတထားပြီး အကြမ်းဖက်တိုက်ခိုက် လာတာတွေဟာနိုင်ငံတော်ပြုပြင်ပြေ
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းမှုကိုနှောက်ယှက
ဒီမိုကရေစီပြောင်းလဲနေမှုကို မလိုလားသူတွေရဲ့ လက်ချက်လား? နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ မ၀င်လာစေလိုတဲ့ မိမိကိုယ်ကျိုးစီးပွားထိခိုက်မှ
စီးပွားရေးလုပ်ပိုင်ခွင့်တွေကို
အမျိုး ဘာသာ သာသနာခေါင်းစဉ်တတ်ပြီး ၀ါဒမှိုင်းတိုက်၊ လှုံ့ဆော်နေသူတွေရဲ့ လက်ချက်လား?
မျက်ကန်းမျိုးချစ်တွေကို နဖားကြိုးထိုး ကြိုးကိုင်နေသူ အာဏာရူးတွေရဲ့ လက်ချက်လား?
ချောက်ထဲကန်ချပြီး ကယ်တင်လိုသူတွေရဲ့ လက်ချက်လား?
အချုပ်အခြာအာဏာဆိုတဲ့ စကားလုံးသုံးပြီး ပြည်တွင်းစစ် မငြိမ်းချမ်းလိုသူတွေရဲ့လက်ချက်
၂၀၁၅ ရောက်ရင် အခုအရောင်ပြောင်းထားတဲ့အာဏာ လက်လွှတ်လိုက်ရမှာ စိုးရိမ်နေသူတွေရဲ့ လက်ချက်လား? ဆိုတာ.....
ဦးနှောက်ရှိရှိ စဉ်းစားတတ်ဖို့လိုတယ်။ အမှန်တရားကို မြင်အောင်ကြည့်တတ်ကြဖို့
လိုတယ်။ အမြင်ကျယ်ကျယ် သတိဝိရိယရှိရှိ ဆင်ခြင်သုံးသပ်ဖို့လိုတယ်။
နှစ်ပေါင်းများစွာ ဖိနှိပ်ခံရတာတွေ၊ လက်ဝါးကြီးအုပ်ခံရတာတွေကို မမေ့သင့်ပါဘူး။
နိုင်ငံသားအချင်းချင်း တိုက်နေမယ်၊ ခိုက်နေမယ်၊ ကိုက်နေမယ်ဆိုရင်တော့....
ဒီမိုကရေစီရပြီ၊ လွတ်လပ်မှုတွေရပြီဆိုပြီး ထင်တိုင်းကြဲမယ်ဆိုရင်တော့...
ပဋိပက္ခတွေဖန်တီးပြီး အကြမ်းဖက်မှုတွေလုပ်နေမယ်ဆိုရင်ေ
မျောက်ဖိုးစိန်လေးလို ကြိုးဆွဲသူအကြိုက် ဆက်ကနေအုံးမယ်ဆိုရင်တော့....
ပန်းတိုင်ပျောက်မယ်။ နှစ်ဖက်လုံးနစ်နာမယ်။ နိုင်ငံသားအားလုံးဆုံးရှုံးမယ်။
အသက် သွေးချွေး ရင်းထားခဲ့ကြတဲ့၊ မိသားစုနဲ့ကွေကွင်းခံထားကြတဲ့၊
ပေတရာပေါ်မှာ...အကျဉ်းထောင်တွေထဲ
၂၀၁၅ နဲ့ တိုင်းပြည်ရဲ့အနာဂတ် ရင်လေးစရာတွေ ကြုံရမှာဖြစ်ပါတယ်။ ။
mmw.rasu_11.02.2014 —