အစစအရာရာ အဆင့်အတန်းမီချင်တဲ့ဆန္ဒ နိုင်ငံသားတိုင်းမှာရှိကြတယ်။
ဒါပေမယ့် ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုတေ
နိုင်ငံတကာအဆင့်အတန်းမီအောင် မကြိုးစားကြတာခက်တယ်။
ကျွန်တော်တို့တိုင်းပြည်ကို နိုင်ငံတကာနဲ့ယှဉ်ပြီး
အစစအရာရာ အဆင့်အတန်းမီချင်တယ်ဆိုရင်တော့
ကျွန်တော်တို့စိတ်ဓာတ်ကို နိုင်ငံတကာအဆင့်အတန်းမီအောင် အရင်ဆုံးကြိုးစားရမယ်။
ကျွန်တော်တို့နိုင်ငံကို အဆင့်ရှိတဲ့ အဆင့်မြင့်တဲ့နိုင်ငံလို့
ကမ္ဘာက အသိအမှတ်ပြုတဲ့နိုင်ငံတစ်ခုဖြစ်
ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေပဲ လုပ်နေလို့မရဘူး။
ကျွန်တော်တို့ ရေရှည်အကျိုးမျှော်ကိုးပြီး သေသေချာချာ စဉ်းစားတတ်ရမယ်။
ရေရှည်အမြင်ရှိရမယ်။ အမြင်ကျယ်ရမယ်။ သဘောထားကြီးကြီးထားတတ်ရမယ်။
နိုင်ငံသားအားလုံး အကျိုးအတွက်ရည်ရွယ်ပြီး လုပ်ရမယ်။
ဒီနိုင်ငံမှာ လူမျိုးစုံ ဘာသာစုံ အတူတကွ ပူးပေါင်းနေထိုင်တဲ့နိုင်ငံဖြစ်
မတူကွဲပြားမှုကို နားလည်လက်ခံရမယ်။
လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားရမယ်။
ဦးကိုနီနဲ့ ကိုမြအေးတို့ အစ္စလာမ်ဘာသာဝင်ဖြစ်လို့၊
မသီတာ(စမ်းချောင်း)က မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံမှာ စေတနာ့ဝန်ထမ်းဖြစ်လို့
စာပေဟောပြောပွဲမှာ ကန့်ကွက်တာ၊ ပြဿနာတွေ၊ ပဋိပက္ခတွေဖန်တီးပြီး
ဥပဒေမဲ့ရမ်းကားနေတာ ကိုယ့်နိုင်ငံသိက္ခာမဲ့အောင် လုပ်နေတာပဲ။
အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီထွန်းကားရေး တောင်းဆိုနေပေမယ့်
အာဏာရှင်ဆန်ဆန်ပြုမူနေတာ၊ ဒီမိုကရေစီနဲ့ဆန့်ကျင်ဖက်လုပ်ရပ
အာဏာရှင်စနစ်ကို နောက်ကြောင်းမျှော်နေတာလား။
ဒီမိုကရေစီလူ့ဘောင်နဲ့ လုံးဝမလျော်ညီတဲ့စိတ်ဓာတ်တွေနဲ့
အာဏာရှင်လူ့အဖွဲ့အစည်းဆီကို ပြန်သွားဖို့ ဖန်တီးနေကြတာလား။
ဒီမိုကရေစီလူ့ဘောင်နဲ့ အလှမ်းဝေးအောင် ဖန်တီးနေကြတာလား။
myOewynn_18.02.2014 —