ဥပဒေစိုးမိုးရေးရှိတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ချင်တယ်ဆိုရင် လူ့အခွင့်အရေးကိုအရေးထားရပါမယ်။ လူ့အခွင့်အရေးကို အလွယ်ဆုံးပြောရရင်တော့ ဥပဒေတစ်ခုတည်းအောက်မှာ လူသားအားလုံးတန်းတူ အခွင့်အရေးရဖို့ပဲဖြစ်တယ်။ ကမ္ဘာအဆင့်မီ နိုင်ငံရေးသမားတွေ ဒီမိုကရေစီရဲ့ဘက်တော်သားတွေ ကတော့ လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီး
လူမျိုးမရွေး ဘာသာမရွေး တန်းတူအခွင့်အရေးဆိုတဲ့ မူကိုလက်ကိုင်ထားကြတယ်။ ဥပဒေစိုမိုးရေးစကားတွေပြောလာကြတ
ယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာမှာ ဒီမိုကရေစီအိုင်ကွန်အနေနဲ့ကျော်
ကြားလာသူ တစ်ယောက်ပီပီ နိုင်ငံတကာရဲ့စံချိန်စံညွှန်းတွေ
အရ ဒီမိုကရေစီနဲ့ ထိုက်တန်လျော်ညီတဲ့စကားဖြစ်တဲ့ လူသားအားလုံးတန်းတူ အခွင့်အရေး လူ့အခွင့်အရေးဆိုတဲ့စကားကို တွင်တွင်ကျယ်ကျယ်ပြော လာ ရပါတယ်။လူအခွင့်အရေးလို့ဆိုလိုက
်တာနဲ့ နိုင်ငံသားအခွင့်အရေးဆိုတာ မဖြစ်မနေ ပါဝင်လာပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးကို ဘယ်လူမျိုးပဲဖြစ်ဖြစ် တန်းတူအခွင့်အရေးပေးရမယ်ဆိုတဲ့ အချက်ဟာ အဓိကအရေးပါလာ ပါတော့တယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီဘက်တော်သားတွေကိုတိုက
်ဖို့ အကွက်ချောင်း နေသူတွေက အခွင့်ကောင်းတစ်ခုအနေနဲ့ နိုင်ငံရေးနားမလည်တဲ့ ရိုးသားတဲ့ပြည်သူတွေကို အမျိုး ဘာသာ သာနာ ၊ မျိုးစောင့်ဥပဒေ၊ အမျိုးသားရေးတို့ ဆိုတာတွေနဲ့ ရူးသွပ်စေလိုက်တော့တာပါပဲ။ အမျိုးသားရေးလို့ အသံကောင်းဟစ်နေခြင်းဟာ အာဏာရှင်စံနစ်ရဲ့ နောက်ဆုံးခံစစ်တစ်ခု အဖြစ်ဖန်တီးနေတာပါ။ တစ်ဖက်မှာလည်း လူမျိုးရေးမုန်းတီးမှု အသွင်ဆောင်အောင် လူမျိုးခြား ဘာသာခြားတွေကို သူတို့ကြိုးဆွဲတိုင်းကမယ့် ပညာမဲ့၊ အလုပ်လက်မဲ့ တွေနဲ့ ခေတ်အဆက်ဆက် အသုံးချခဲ့တဲ့ သူတို့မွေးထားတဲ့ အကြမ်းဖက်သမားတွေကိုအသုံးချပြီး
အကြမ်းဖက်တိုက်ခိုက်မှုတွေ နေရာအနှံ့ကျုးလွန်စေတယ်။ တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအေ
ာင်၊ ဆူပူမှုဖြစ်အောင်၊ ပြည်သူတွေ အေးအေးချမ်းချမ်း မနေနိုင်အောင်ဖန်တီးထားတယ်။ ပြည်သူကို နိုင်ငံရေးဘက် အာရုံမရောက် နိုင်အောင် လွှဲထားလိုက်တယ်။
အခုတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တရားဟောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီ ဘက်တော်သားတို့ကို ဘာမှဝင်မပြောရကောင်းလားလို့ ပြည်သူက အပြစ်တင်လာကြတယ်။ တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတဲ့သတင်းတွေဖြန့်တယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီဘက်တော်သားတို့ကို နိုင်ငံရေးသေအောင် နည်းမျိုးစုံသုံးပြီး ဆက်လုပ်ကြအုံးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီဘက်တော်သားတို့ကို လူကြိုက်နည်းအောင် ဒီအကွက်ထွင်တဲ့သူတွေကတော့ ၂၀၁၅ မတိုင်ခင်နောက်ထပ်လည်း အကွက်ရွှေ့လာနိုင်သေးပါတယ်။ ။ အာဏာကိုဖြတ်လမ်းက ယူချင်တဲ့နိုင်ငံရေးသမားတွေ၊ နောက်ကြောင်းမျှော်တွေကတော့ ဖြစ်တဲ့နည်းနဲ့ ၂၀၁၅ မဲနိုင်ဖို့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုပြီး မရ ရတဲ့နည်းနဲ့လုပ်မှာပဲဆိုတာ သတိပြုစေချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအိုင်ကွန်တစ်ယောက်ပီပ
ီ လူ့အခွင့်အရေးကိုလေးစားတယ်။ လူအခွင့်အရေးကို တန်ဖိုးထားတယ်။ လူ့အခွင့်အရေးဆိုတဲ့စကားကိုပဲ တွင်တွင်ပြောတယ်။
လူသားအားလုံးတန်းတူအခွင့်အရေးဆိ
ုတဲ့ မူကိုလက်ကိုင်ထားတယ်။လူသားတိုင်
းကို လူဆိုတဲ့အမြင်နဲ့ပဲ တန်းတူကြည့်တယ်၊ တန်းတူမြင်တယ်၊ တန်းတူသဘောထားတယ်။ လူမျိုး ဘာသာ ကိုးကွယ်ရာဆိုတဲ့
ပေတံနဲ့ မတိုင်းဘူး။ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးခွဲခြားမှုဆိုတာ သူ့မှာမရှိဘူး။ လူသားအချင်းချင်း ဆိုတဲ့ အသိနဲ့ပဲ လူသားတစ်ဦးဖြစ်သည်နှင့်အညီ မားမားမတ်မတ်ရပ်တည်မှာဖြစ်တယ်။
ဒီတော့ ကျုပ်တို့တိုင်းပြည်က အတ္တမျိုးချစ်တွေ၊ မျက်ကန်းမျိုးချစ်တွေနဲ့ လူကိုလူလိုမမြင်တဲ့၊ လူမပီသတဲ့၊ လူ့ဗီဇ လူ့အတွေးအခေါ် လူ့အသိ လူ့အမြင်မရှိတဲ့၊ ဒီမိုကရေစီရဲ့အနှစ်သာရကိုမသိတဲ့
လူ့ငနွားတွေကတော့ လူမျိုးရေး ဘာသာရေးအစွန်းရောက်တွေနဲ့ ပူးပေါင်းပြီး လူ့အခွင့်အရေးထက် အမျိုးသားရေးဦးစားပေးရမည်ဆိုကာ အမျိုးသားရေးဝါဒကို မီးမွှေး ရန်တိုက် သွေးထိုးမြှောက်ပင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချ နာမည်ဖျက်ကာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး သေအောင် ကြိုးစားနေကြတယ်ဆိုတာ မြင်အောင်ကြည့်ကြဖို့လိုပါတယ်။
လူမျိုးမတူလို့၊ ဘာသာမတူလို့၊ အယူအဆမတူလို့ ငြင်းခုံ ရန်ဖြစ် အကြမ်းဖက်နေကြမယ့်အစား
ယဉ်ကျေးတဲ့ အလေ့အကျင့်တွေ ရရှိလာအောင် မိမိလူ့အဖွဲ့အစည်းကို မိမိထိန်းကျောင်းတည့်မတ်
ပေးရင်း ရန်သူစစ်ကို ပစ်မှတ်မလွဲမှသာ ပန်းတိုင်မပျောက်မှာပါ။
၂၀၁၅ မှာ နောက်ကြောင်းမျှော်တွေဖက်က တိုင်းပြည်ရဲ့အာဏာကို လွယ်လွယ်နဲ့လက်လွှတ် လိမ့်မယ်လို့ ယူဆပြီး တက် မထောင်လိုက်ကြပါနဲ့။ အချင်းချင်း တိုက်နေ၊ ခိုက်နေကြရင် ကြက်လည်းပမ်း ယာလည်းညက် ဖြစ်ရင်တော့ ရင်းနှီးထားခဲ့ရသမျှတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ အာဏာရှင်စနစ် အမြစ်ဖြုတ်ရေးဆိုတဲ့ ဦးတည်ချက်မလွဲကြဖို့ သတိပြုဖို့တော့လိုပါတယ်။
myOewynn_03.03.2014