Code No.914 (အခြားလူမျိုးများ)ကိုသာ ရွေးချယ်ခွင့်ရမည်ဆိုလျှင်
(ရိုဟင်ဂျာ၊ ကမန်၊ ပန်းသေး၊ မြေဒူး တို့မှလွဲ၍)
မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်အားလုံး
သမိုင်းအထောက်အထား အခိုင်အမာရှိပြီး၊
ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်း ၉၀၀ ကျော်ကတည်းက
အေးအတူ ပူအမျှ အတူတကွ ရပ်တည်ခဲ့သော
သမိုင်းဝင်ပြန်တမ်းဝင်အမည်ဖြစ်သည့်
"ပသီ" လူမျိုး အမည်ကိုသာ တညီတညွတ်တည်း၊ တစ်စုတစ်စည်းတည်း
အမျှော်အမြင်ကြီးစွာ ရပ်တည်ရွေးချယ်သင့်ပါသည်။
မျိုးနွယ်စုဂုဏ် ထိန်းသိမ်းလိုသော အစုအဖွဲ့များကတော့
မိမိတို့ရဲ့ လွတ်လပ်တဲ့သဘောဆန္ဒဖြစ်တာမို့
မိမိတို့နှစ်သက်သလို ရွေးချယ်နိုင်ကြပါသည်။
သီးခြား Code No. မရရှိသေးသဖြင့်
စူရတီ၊ မေမန်၊ ကျူလီယာ၊ ကာကာ၊ ဘန်ဂါလီ စသဖြင့်
ဘာပဲရေးရေး Code No.914 (အခြားလူမျိုးများ) အောက်သို့
အားလုံးရောက်ကြမည့်အတူတူ အစ္စလာမ်ဘာသာဝင်များ အနေဖြင့်
အုပ်စုငယ်များ အသီးသီးကွဲပြားနေလျှင် အားလုံး အကျိုးမဲ့စေတဲ့အပြင်
ခေတ်အဆက်ဆက် မညီညွတ်အောင် သွေးခွဲခံထားရမှုကြောင့်
ကြုံတွေ့နေရသော ခါးခါးသီးသီး ရင်ဆိုင်ခံစားနေရမှုတွေကို
အသိ၊ သတိနဲ့ယှဉ်တွေး ရွေးချယ်ပြီး စုစည်းညီညွတ်ကြဖို့နဲ့
သမိုင်းကြောင်း မျက်ခြေမပြတ်ဖို့တော့ လိုပါသည်။
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အဖြစ်မျိုးမကြုံတွေ့ရလေအောင်
စည်းလုံးညီညွတ်မှုကို ရှေ့တန်းတင်ဦးစားပေးပြီး
သူတလူငါတမင်း မဖြစ်ကြဖို့ ကြိုးစားကြပါစို့လို့
နောင်အနာဂတ် အစ္စလာမ်ဘာသာဝင်မျိုးဆက်သစ်တို့အရေး
ကြိုတင်တွေးပြီး တိုက်တွန်းလိုက်ရပါတယ်။
ချင်းလူမျိုးတို့တွင် လူမျိုးစုငယ်ပေါင်း(၅၃)မျိုးဖြစ်နေသော်လည်း
ချင်းလူမျိုးအုပ်စု တစ်စုတစ်စည်းတည်းဖြစ်အောင်
ကြိုးစားနေကြခြင်းကို စံနမူနာယူသင့်ပါသည်။
_____________________________________
m y O e w y n n _ 23.March.2014