Home

Saturday, July 19, 2014

စားသုံးသူကို မရိုးသားတဲ့နည်းလမ်းထွင်ပြီး

ဒီနေ့......
မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ ဘိုးတော်ကြီးတစ်ယောက်နဲ့တွေ့တယ်
(အသက် ၈၀ လောက် အဖိုးကြီးမို့ ကျွန်တော် သူ့ကို ဘိုးတော်လို့ခေါ်တာပါ)

သူက ကျွန်တော်ကို တွေ့တွေ့ချင်း
'' မောင်ရင်.. မင်းစကားကို ငါလက်ခံလိုက်ပြီကွ''
'' ဘာလဲ ဘိုးတော်ရဲ့ အစမရှိ၊ အဆုံးမရှိနဲ့ဗျာ''လို့ ပြန်ပြောတော့


'' မောင်ရင် တခါကပြောခဲ့တဲ့ သမ၀ါယမခေတ်လေကွာ'' တဲ့ဆိုပြီး၊
ကျွန်တော်ပြောတဲ့အတိုင်း သူက တစ်လုံးမကျန်ပြန်ပြောပြတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံနောက်ခံနဲ့
ကမ္ဘာက လေးစားတန်ဖိုးထားတဲ့ နိုဗယ်ဆုရှင်အမျိုးသမီးကြီးနဲ့
ဓာတ်ပုံတွဲရိုက်ပြတာမြင်တော့
သမ၀ါယမခေတ်တုန်းက အကြောင်းလေးသတိရလို့ပါဗျာ။
သမ၀ါယမဆိုင်တွေမှာ လူကြိုက်နည်းပြီး၊
သုံးစားမရလို့ ရောင်းမစွံတဲ့ပစ္စည်းတွေကို
လူကြိုက်များတဲ့ ပစ္စည်း၊ အသုံးဝင်မယ့်ပစ္စည်းတစ်ခုခုနဲ့
တွဲရောင်းလေ့ရှိတယ်လေ။
အဲဒီတော့မှ သုံးစားမရ၊ ရောင်းမစွံတဲ့ပစ္စည်းလေး
ရောင်းထွက်တာမဟုတ်လား။
ဒါလည်း စားသုံးသူကို မရိုးသားတဲ့နည်းလမ်းထွင်ပြီး
လှည့်တဲ့လှည့်ကွက်ပဲဗျ။
လို့ မောင်ရင်ပြောခဲ့တာလေကွာ တဲ့။

'' ဘိုးတော် အဲဒီတုံးက လူကြီးကို မစော်ကားရဘူးလို့ပြောတော့
ကျွန်တော်ပြန်ပြောတာကော မှတ်မိလား''

'' မှတ်မိပါ့ကွာ၊ မိဘပြည်သူများခင်ဗျား....
ကျွန်တော် ဘယ်သူကိုမှမရည်ရွယ်ပါဘူး၊
ဂျွန်ယက်တောကို ပြောတာပါဗျာ....ဆိုတာလေ...
ဟား ဟား ၊ တတ်လည်းတတ်နိုင်တဲ့ကောင်'' 

မိတ်ဆွေတို့ကိုလည်း ပြောပြချင်လာတာနဲ့ ရေးလိုက်တာပါဗျာ။
myOewynn_11.03.2014
 —