Home

Showing posts with label Speech. Show all posts
Showing posts with label Speech. Show all posts

Friday, July 3, 2015

အမျိုးသားသွေးစည်းညီညွတ်ရေးကသာ

'' အရေးကြီးတာက ကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုမှန်သမျှကို အစိုးရအနေနဲ့ တာဝန်ယူကို ယူရပါမယ်။ တိုင်းပြည်ရဲ့ ဥပဒေနဲ့ဆန့်ကျင်ပြီး ဖြစ်လာတာမှန်သမျှကို တာဝန်ယူရပါမယ်။ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းမှုတွေဟာ မလုံလောက်ဘူးလို့ပဲ ကျမ ထင်ပါတယ်။

Sunday, August 31, 2014

ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများ

နိုင်ငံရေးကို ဘာသာတရားဖြစ်သကဲ့သို့ 
ပြောဆိုကြသောသူများမှာ 
ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများပင် ဖြစ်ပေသည်။
ထိုသူတို့၏ ရည်ရွယ်ချက်မှာ
ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်၍ ပြောခြင်းအားဖြင့်
ပြည်သူတို့၏ စိတ်ကိုရှုပ်ထွေးစေ၍

Saturday, August 9, 2014

ပညာရေးသည် နိုင်ငံရေး၏ အခြေခံဖြစ်၏။

တိုင်းပြည်အုပ်ချုပ်ရေးစံနစ်များအနက် 
ဒီမိုကရေစီစနစ်သည် 
အခက်ခဲဆုံးဖြစ်လေသည်။

ဒီမိုကရေစီစနစ်အောင်မြင်ရန်
ပြည်သူပြည်သားတို့သည် 

Saturday, July 26, 2014

သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿရ ၏ ဆုံးမစကား

မည်သည့် အကြောင်းကြောင့် အကြမ်းဖက်တာကို ဖြစ်စေ ဒို့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။
ဘယ်လူမျိုးက ဘယ်လူမျိုးကို အကြမ်းဖက်ဖက် ဒို့ ပြင်းပြင်းထန်ထန်ရှုံ့ချတယ်။
အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓရဲ့တရားတော် ဗုဒ္ဓရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပြီးတော့ 
လူမျိုးတိုင်းကို အေးအေးချမ်းချမ်း စောင့်ရှောက်ဖို့ ကောင်းတယ်။ စောင့်ရှောက်သင့်တယ်။

Monday, July 21, 2014

ငါတို့သာနိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။

ငါတို့စစ်တပ်ဟာ နိုင်ငံသူနိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်။ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာနိုင်ငံရဲ့အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံမဖြစ်ရဘူး။
ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင်ပြောပြတာပဲ။ ဒီစကားကိုကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ်ပြန်နှိပ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ 

ဘာမှန်းမသိတဲ့ နိုင်ငံရေးသမားတွေ၊

ကိုယ်ပြောနေတာ ကိုယ်ရေးနေတာ ကိုယ်လုပ်နေတာ ဘာမှန်းမသိတဲ့ နိုင်ငံရေးသမားတွေ၊ သတင်းစာ ဆရာတွေက တော်တော်ကလေးများတယ်။ အဲဒီလို ဖြစ်နေတော့ ကျွန်တော်လဲ နိုင်ငံရေး အကြောင်းနဲ့ပတ်သက်ပြီး နိုင်ငံရေးဆိုတဲ့ စကားက အစ ကျွန်တော်တခါတည်း တိုင်းပြည်ကို နောင်အခွင်သင့်လို့ရှိယင် အပတ်စဉ် အပတ်စဉ်ဖြစ်စေ 

ကျွန်တော်သည် လူမျိုးစုံဝါဒသမားတစ်ယောက်

ကျွန်တော်သည် လူမျိုးစုံဝါဒသမားတစ်ယောက် ဖြစ်ပါသည်။
သို့သော် အောက်ခြေလွတ်ခံနိုင်လောက်အောင် ကိုယ့်ကိုယ်ကို တစ်ဦးတည်းပိုင်သော လူမျိုးစုံ ၀ါဒသမားတစ်ယောက်ကား မဟုတ်ပါ။ ကျွန်တော်သည် အမျိုးသားရေးစစ်စစ်၏ ကောင်းကျိုးရော ဆိုးကျိုးပါ အသိအမှတ်ပြုသူတစ်ဦးဖြစ်ပါသည်။
ကျွန်တော်သည် အမျိုးသားရေးဝါဒ၏ ကောင်းကျိုးကို ချစ်မြတ်နိုးပြီး ၎င်း၏ဆိုးကျိုးများကြောင့်လည်း
အခြားဘာကိုမျှ မမြင်နိုင်သော မျက်ကန်းသဖွယ်ဖြစ်သွားမည့်သူမဟုတ်။

ကိုယ့်တာဝန်ကိုလည်းပဲ အမြဲတမ်း မှတ်ပြီးတော့ထားပါ။

 မင်းတို့ မကြာမီ ရွေးကောက်ပွဲတွေ ဘာတွေ လုပ်လိမ့်မယ်၊
 အဲဒီတော့ ရွေးကောက်ပွဲလုပ်တာ သူတို့ဟာ သူတို့ လုပ်တာ၊ မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး၊

 ဘယ်ပါတီ မဲထည့်ပါ၊ ဟိုပါတီ မဲထည့်ပါ၊ အဲသလို စသည်ဖြင့် ဘယ်တော့မှ မပြောနဲ့၊
နိုင်ငံရေး မလုပ်ရဘူးလို့ မဆိုဘူး၊နိုင်ငံရေးက လုပ်ကို လုပ်ရမယ်၊ ဒါပေမဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာ

လူထုရဲ့အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်တယ်။

အစိုးရဆိုတဲ့ အာဏာဟာ အင်မတန် အဖိုးတန်အသုံးဝင်တယ်။
ဒီအာဏာကိုလည်း ပစ္စည်းအင်အားကောင်းတဲ့လူတွေ အချင်းချင်းလုကြတယ်။
ရရင်လည်း လက်မလွှတ်ချင်ဘူး။

Saturday, July 19, 2014

ပြည်သူ့အကျိုးအတွက် ပြည်သူကတင်မြှောက်သော ပြည်သူ့အစိုးရ။


ကျွန်ုပ်တို့အတွက် သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့ကြသော 
အာဇာနည်တို့၏ မပြီးဆုံးသေးသောလုပ်ငန်းကို 
ကျွန်ုပ်တို့က ဆက်လက်ပြီး လုပ်ကိုင်သွားရန်သာဖြစ်သည်။

ကျွန်ုပ်တို့သည် ကျဆုံးခဲ့သော
အာဇာနည်တို့ဧ။် ရည်မှန်းချက် ပန်းတိုင်အတွက်
ထိုအာဇာနည်တို့၏ စိတ်ဓါတ်မျိုးကို
ဆတက်ထမ်းပိုးတိုးကာ ပွားများစေရမည်ဖြစ်သည်။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း

* ပြည်ထောင်စုစနစ်ကို အခြေမခံဘဲ
အမျိုးဘာသာ အခြေခံသော
အမျိုးသားနိုင်ငံတော်ထူထောင်ရေးလမ်းစဉ် လိုက်နေသရွေ့
တိုင်းရင်းသားများ လက်နက်ကိုင် နေအုံးမည်ဖြစ်ကြောင်း *

လူမျိုးရေးစစ်ပွဲ၌ပါဝင်ခဲ့လျှင်

အကြင်သူသည် မိမိမျိုးရိုး၊မျိုးနွယ်စုဘက်သို့သာ ဖိတ်ခေါ်လျှင်
ထိုသူသည် ကျွန်ုပ်တို့အထဲမှ မဟုတ်ချေ။
အကြင်သူသည် မိမိမျိုးရိုး၊မျိုးနွယ်စု ဘက်လိုက်၍
လူမျိုးရေးစစ်ပွဲ၌ပါဝင်ခဲ့လျှင်
ထိုသူသည် ကျွန်ုပ်တို့အထဲမှ မဟုတ်ချေ။

မတူကွဲပြားခြားနားမှုဆိုတာ ခွန်အားရှိမှုရဲ့အရင်းအမြစ်

" နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ်အငြင်းပွားမှု တွေရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တဲ့စည်းမျဉ်းတချို့တော့ရှိပါတယ်။ သူတို့ ဘယ်သူ ဖြစ်တယ်၊
သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေ မီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။

Sunday, July 13, 2014

အချောင်သမား နိုင်ငံရေးခေါင်းဆောင်

အချောင်သမား နိုင်ငံရေးခေါင်းဆောင်တို့သည်
ပြည်သူလူထု၏ ပြင်းထန်သော အမျိုးသားရေးစိတ်ဓာတ်ကို အမြတ်ထုတ်ကာ
သူတို့အကျိုး၊ သူတို့အသင်းအဖွဲ့အကျိုးကို
ဆောင်ရွက်တတ်သော သဘောမျိုးရှိခဲ့ကြသည်။

မတူကွဲပြားခြားနားမှုဆိုတာ ခွန်အားရှိမှုရဲ့အရင်းအမြစ်တစ်ခု

" နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ်အငြင်းပွားမှု တွေရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တဲ့စည်းမျဉ်းတချို့တော့ရှိပါတယ်။ သူတို့ ဘယ်သူ ဖြစ်တယ်၊
သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေ မီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။ 

လူထုမနစ်နာစေချင်တော့ဘူး။

"ကျုပ်တို့ဟာ လူထုရဲ့ခေါင်းဆောင်လုပ်မယ်ဆိုရင်
လူထုရဲ့အကျိုးကို တကယ်တမ်းဆောင်ရွက်နိုင်အောင်
ကြိုးပမ်းကြရပေလိမ့်မယ်။
ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ 
ချီတုံချတုံအဖြစ်မျိုးကို စွန့်ပစ်ကြရလိမ့်မယ်။

သာတဲ့လူကို ဖယ်ပေးဖို့အသင့်ပဲ။

ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။ 
သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။
အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို
ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ရင် ကျွန် မဖြစ်တဲ့နည်းလမ်းတွေ
ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြကြပါ။

Monday, November 11, 2013

ဖက်ဆစ်ဝါဒ နှင့် ဒီမိုကရေစီဝါဒ။

ငြိမ်းချမ်းရေးကို အဖျက်ဆီးဆုံးဝါဒဟာ ဖက်ဆစ်ဝါဒ ဖြစ်လို့ ဒီဝါဒ ကမ္ဘာမှာ ဘယ်နေရာမှာ ဖြစ်ဖြစ် ရှိနေရင် စစ်ဖြစ်ဦးမှာမို့လို့ ဒီဝါဒ ပပျောက်အောင် လုပ်ဖို့လိုတယ်။ ဒီတွင်လားဆိုရင် မဟုတ်သေးဘူး။ဒီဝါဒမျိုးဟာ သူတို့ပြည်မှာလည်း တိုင်းသူ ပြည်သားတွေကို ချုပ်ချယ်တယ်။ ကမ္ဘာမှာလည်း အင်မတန် ရိုင်းစိုင်း သေးနုပ်တဲ့ လူမျိုးရေးဝါဒကို လက်ကိုင်ထားပြီး ပိုပြီးချုပ်ချယ်ဖို့ ရည်ရွယ်ချက် ရှိတယ်။ 

မယ်ဒလင်းအောဘရိုက်-

'' သင်တို့နိုင်ငံမှာ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ဘာသာပေါင်းစုံတို့နေတဲ့အတွက် 
ကူရာကယ်ရာမဲ့နေတဲ့ ပြည်သူတွေကို လုံခြုံမှုရှိအောင် ကာကွယ်ပေးရမယ်။
လူမှုရေး ငြိမ်းချမ်းတည်ငြိမ်မှုတွေမရှိရင် ကမ္ဘာကြီးက သင်တို့နိုင်ငံမှာလာပြီး 
ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြမှာ မဟုတ်ဘူး။

Wednesday, September 18, 2013

မာလာလာပြောခဲ့သောမိန့်ခွန်း

 
ကုလသမဂ္ဂလူငယ်ညီလာခံ၌ ပါကစ္စတန်နိုင်ငံမှ ကျောင်းသူလေး မာလာလာပြောခဲ့သောမိန့်ခွန်းမှ 
အစ်ကိုတို့ အစ်မတို့ရှင့်။  
သမီးဟာ ဘယ်သူ့ကိုမှရန်မလိုပါဘူး။  
တာလီဘန်တွေကို လက်စားချေလိုတဲ့စိတ်လည်းမရှိပါဘူး။အကြမ်းဖက်သမားအုပ်စုတွေကိုလည်း ဆန့်ကျင်ရန်ပြုတဲ့စိတ်မရှိပါဘူး။သမီး ဒီမှာ ကလေးတိုင်းပညာသင်ကြားခွင့် ရရေးကိုပဲ ပြောဆိုမှာဖြစ်ပါတယ်။