Home

Friday, July 3, 2015

ကိုယ်ချင်းစာစိတ် မဲ့နေပြီး အချိန်ကုန်ခံ မနေသင့်ပါဘူး။

လူမျိုးတွေ ကွဲပြားရင်ကွဲပြားမယ်။
ဘာသာတွေ ကွဲပြားရင်ကွဲပြားမယ်။
ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ ကွဲပြားရင်ကွဲပြားမယ်။
အသားအရောင်၊ ဘာသာစကားနဲ့ ဆင်ယင်ထုံးဖွဲ့မှု ကွဲပြားရင်ကွဲပြားမယ်။
ကိုးကွယ်ယုံကြည်တဲ့ဘုရားတွေ တူချင်မှတူမယ်။
ဒါပေမယ့် တူညီတာတစ်ခုကတော့
လူသားအားလုံးသေခြင်းတရားကို လက်ခံယုံကြည်ကြသလို

လူသားအားလုံးတစ်နေ့ သေခြင်းတရားနဲ့ ရင်ဆိုင်ကြရမယ်ဆိုတာကိုတော့
လူတွေအားလုံး တူတူညီညီ လက်ခံယုံကြည်တယ်။
တကယ်သာ သေခြင်းတရားကို လက်ခံတယ်၊ ယုံကြည်ကြတယ်ဆိုရင်
လူကိုလူလို မြင်တတ်ကြဖို့သင့်တယ်။
လူတွေကိုလူလို ဆက်ဆံတတ်ကြဖို့သင့်တယ်။
လူအချင်းချင်း ဂုဏ်သိက္ခာကို လေးစားသင့်တယ်။
လူအချင်းချင်း သနားညှာတာ စာနာစိတ်နဲ့ ဖေးမကူညီသင့်တယ်။
လူတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့
အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် နိုင်သလောက်ဝိုင်းဝန်းကြိုးစားသင့်တယ်။
လူတွေအချင်းချင်းကြားမှာ စိတ်ထားမြင့်မြတ်တဲ့သူ၊
အသိဥာဏ်ရှိတဲ့သူ၊ လူသားအကျိုးပြုသူတွေဖြစ်အောင် ကြိုးစားနေထိုင်သင့်တယ်။
လူ့ဘ၀ဆိုတာ အသက်ရှင်နေထိုင်ရမယ့်ခရီးက ခေတ္တခဏတိုတိုလေးပါ။
လူအချင်းချင်း နှိမ်ချ၊ စော်ကား၊ ခွဲခြားဆက်ဆံ၊
ကိုယ်ချင်းစာစိတ် မဲ့နေပြီး အချိန်ကုန်ခံ မနေသင့်ပါဘူး။
___________________________________
m y O e w y n n _ 0 4 . 0 6 . 2 0 1 5