လူငယ်တွေလည်း
စာရိတ္တပျက်စီး၊
ပညာရည်နိမ့်ကျ။
လူထုလည်း
ဆင်းရဲမွဲတေ၊
နေစရာမြေမရှိ။
ဘာသာ သာသနာလည်း
ညှိုးနွမ်း ဂုဏ်သိမ်
သိက္ခာမဲ့။
တိုင်းပြည်လည်း
စုတ်ပြတ်သတ်၊
အဆင်းရဲဆုံးစာရင်းဝင် နေပါပြီ။
အတ္တကြီးမှု၊ ကိုယ်ကျိုးကြည့်မှု၊
ကိုယ့်အမျိုးကောင်းစားရေးဆိုတဲ့
အစွန်းရောက်မှုတွေ လျှော့ချပြီး
တိုင်းပြည်၊ လူထုနဲ့
ဘာသာ သာသနာ
တည်ငြိမ်၊ အေးချမ်း၊
ဖွံ့ဖြိုးတိုးတက်ဖို့
အာဏာမရူးကြဘဲ၊
ကိုယ့်သမိုင်း ကိုယ်
အကောင်းဆုံးရေးရမယ့်
အချိန်ရောက်ပြီ။
_________________________
m y O e w y n n _ 23.6.2015